ဓါတ္ပံုေတြကို ေဒါင္းလုတ္ဆြဲခြင့္ျပဳလုိက္တဲ့ Instagram

0
1802

Zawgyi Version

Stories မွာ တုိးျမွင့္မႈေတြကို Android နဲ႕ iOS အတြက္ေရာက္လာေတာ့မယ္လ္ို႕ ေၾကညာခဲ့ပါတယ္။ Instagram Stories ေတြဟာ လက္ရွိမွာေခတ္စားလာေနျပီးေတာ့ တင္ျပီး ၂၄နာရီအတြင္းမွာ အလိုလိုသက္တမ္းကုန္သြားတဲ့ Snapchat လိုမ်ိဳးပါပဲ။

app update ကေတာ့ လက္ရွိမွာ ထြက္ေနပါျပီ။ သံုးစြဲသူေတြအေနနဲ႕ Stories ထဲမွာ ပံုေတြနဲ႕ ဗြီဒီိိယိုအမ်ားၾကီးကို တစ္ခ်ိန္တည္းမွာပဲ တင္ႏုိင္ေတာ့မွာပါ။ Stories အတြက္ gallery content ေတြကို ေရြးခ်ယ္တဲ့အခါမွာ သံုးစြဲသူေတြဟာ ပံုဆယ္ပံုခြင့္ျပဳထားတာကို ေတြ႕ျမင္ရမွာပါ။ ဒါ့ျပင္ တစ္ပံုခ်င္းစီအတြက္ စေတကာ၊ စာသားေတြကိုလည္း ျပင္ဆင္ႏုိင္ဦးမွာပါ။

Instagram ဟာ စေတတာကို ထည့္ဖုိ႕အတြက္ အလိုအေလ်ာက္အၾကံေပးတဲ့စနစ္ကိုလည္း ထည့္သြင္းထားပါတယ္။ ဒီေတာ့ စေတကာမီႏူးကိုဖြင့္ျပီးေတာ့ စေတကာရဲ႕တည္ေနရာကို ထိလိုက္ပါ။ ထည့္ခ်င္တဲ့ေနရာေလးကို ရွာလိုက္ရံုပါပဲ။ အရမ္းျခားနားသြားတာမ်ိဳး မဟုတ္ေပမယ့္လည္း သံုးရတာပုိလြယ္သြားပါတယ္။

မဆက္စပ္ေပမယ့္လည္း ေျပာရပါဦးမယ္။ သံုးစြဲသူေတြကို သူတိို႕ရဲ႕ပံုေတြ၊ ဗြီဒီယိုေတြ၊ Stories ေတြကို ေဒါင္းလုတ္ဆြဲခြင့္ျပဳလုိက္ပါျပီ။ ေဒါင္းလုတ္ဆြဲခ်င္တယ္ဆိုရင္ေတာ့ Instagram ကိုေတာင္းဆိုမႈလုပ္ရမွာျဖစ္ျပီးေတာ့ သင့္ရဲ႕အီးေမးလ္ထဲကို လင့္ပို႕ေပးသြားမွာပါ။ လုပ္ငန္းစဥ္ကေတာ့ ၄၈နာရီေလာက္ၾကာႏုိင္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္စမ္းၾကည့္တာကေတာ့ မိနစ္ပိုင္းေလာက္ပဲ ၾကာတာကို ေတြ႕ရပါတယ္။ လက္ရွိအသံုးျပဳႏုိင္တာကေတာ့ web app မွာပဲရပါေသးတယ္။ Android နဲ႕ iOS app အတြက္ကေတာ့ လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။

အခုအခ်ိန္ထိေတာ့ တရား၀င္ေျပာၾကားထားတာမ်ိဳးမရွိေသးပါဘး။ ဒါေပမယ့္လည္း တရားမ၀င္ tool ေတြက ထြက္ေနတာၾကာပါျပီ။ ဒါေပမယ့္လည္း ပံုေတြကို တစ္ပံုခ်င္းေဒါင္းလုတ္ဆြဲလို႕မရတာကေတာ့ စိတ္မေကာင္းျဖစ္ရတဲ့အေၾကာင္းရင္းတစ္ခု ျဖစ္ပါတယ္။

Unicode Version

Stories မှာ တိုးမြှင့်မှုတွေကို Android နဲ့ iOS အတွက်ရောက်လာတော့မယ်လို့ ကြေညာခဲ့ပါတယ်။ Instagram Stories တွေဟာ လက်ရှိမှာခေတ်စားလာနေပြီးတော့ တင်ပြီး ၂၄နာရီအတွင်းမှာ အလိုလိုသက်တမ်းကုန်သွားတဲ့ Snapchat လိုမျိုးပါပဲ။
app update ကတော့ လက်ရှိမှာ ထွက်နေပါပြီ။ သုံးစွဲသူတွေအနေနဲ့ Stories ထဲမှာ ပုံတွေနဲ့ ဗွီဒီယိုအများကြီးကို တစ်ချိန်တည်းမှာပဲ တင်နိုင်တော့မှာပါ။ Stories အတွက် gallery content တွေကို ရွေးချယ်တဲ့အခါမှာ သုံးစွဲသူတွေဟာ ပုံဆယ်ပုံခွင့်ပြုထားတာကို တွေ့မြင်ရမှာပါ။ ဒါ့ပြင် တစ်ပုံချင်းစီအတွက် စတေကာ၊ စာသားတွေကိုလည်း ပြင်ဆင်နိုင်ဦးမှာပါ။
Instagram ဟာ စတေတာကို ထည့်ဖို့အတွက် အလိုအလျောက်အကြံပေးတဲ့စနစ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒီတော့ စတေကာမီနူးကိုဖွင့်ပြီးတော့ စတေကာရဲ့တည်နေရာကို ထိလိုက်ပါ။ ထည့်ချင်တဲ့နေရာလေးကို ရှာလိုက်ရုံပါပဲ။ အရမ်းခြားနားသွားတာမျိုး မဟုတ်ပေမယ့်လည်း သုံးရတာပိုလွယ်သွားပါတယ်။
မဆက်စပ်ပေမယ့်လည်း ပြောရပါဦးမယ်။ သုံးစွဲသူတွေကို သူတို့ရဲ့ပုံတွေ၊ ဗွီဒီယိုတွေ၊ Stories တွေကို ဒေါင်းလုတ်ဆွဲခွင့်ပြုလိုက်ပါပြီ။ ဒေါင်းလုတ်ဆွဲချင်တယ်ဆိုရင်တော့ Instagram ကိုတောင်းဆိုမှုလုပ်ရမှာဖြစ်ပြီးတော့ သင့်ရဲ့အီးမေးလ်ထဲကို လင့်ပို့ပေးသွားမှာပါ။ လုပ်ငန်းစဉ်ကတော့ ၄၈နာရီလောက်ကြာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်စမ်းကြည့်တာကတော့ မိနစ်ပိုင်းလောက်ပဲ ကြာတာကို တွေ့ရပါတယ်။ လက်ရှိအသုံးပြုနိုင်တာကတော့ web app မှာပဲရပါသေးတယ်။ Android နဲ့ iOS app အတွက်ကတော့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
အခုအချိန်ထိတော့ တရားဝင်ပြောကြားထားတာမျိုးမရှိသေးပါဘး။ ဒါပေမယ့်လည်း တရားမဝင် tool တွေက ထွက်နေတာကြာပါပြီ။ ဒါပေမယ့်လည်း ပုံတွေကို တစ်ပုံချင်းဒေါင်းလုတ်ဆွဲလို့မရတာကတော့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

Leave a Reply