ကင္မရာပိုင္းအေတာ္ေကာင္းမြန္လာတဲ့ Xiaomi Mi Mix 2S အား သံုးသပ္ၾကည့္ျခင္း

0
3342

Zawgyi Version

Xiaomi ရဲ႕ အသစ္ထြက္ရွိထားတဲ့ flagship ေလးတစ္ခုကို စာဖတ္သူမ်ားအတြက္ သံုးသပ္ေပးခ်င္ပါတယ္။ Xiaomi Mix 2 ရဲ႕ “S” version နဲ႕ iPhone/Samsung Galaxy killer လုပ္မယ့္ Xiaomi Mix 2S ကို ထုတ္လုပ္လုိက္ပါျပီ။ ၂၀၁၈ခုႏွစ္ မတ္လ ရွန္ဟုိင္းျမိဳ႕ၾကီးမွာ Xiaomi Mix 2S ၾကီးကို ျပသခဲ့ပါတယ္။

စစျမင္လိုက္ျခင္းမွာ ကၽြန္ေတာ့ရဲ႕ခံစားမႈကေတာ့ အနားသတ္ေတြနည္းတဲ့ဒီဇုိင္းနဲ႕ ေၾကြသားတည္ေဆာက္မႈပါပဲ။ ဖုန္းရဲ႕ဒီဇိုင္းပံုစံက ျခံဳၾကည့္ရမယ္ဆိုရင္ မႏွစ္က Xiaomi Mix 2 နဲ႕ မျခားနားပါဘူး။ ဒါေပမယ့္ Gold edged Dual Camera ကေတာ့ ကိုင္ၾကည့္ဖို႕ ဆြဲေဆာင္ေနပါတယ္။

ဗူးေဖာက္လိုက္တာနဲ႕ ဘာေတြေတြ႕ျမင္ရမလဲ

quick charger ၊ USB to USB-C charging cable ၊ USB-C to 3.5mm dongle တို႕ကို ဖုန္းနဲ႕အတူ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ waterproof rating မပါတာကေတာ့ နည္းနည္းစိတ္ပ်က္စရာပါပဲ။ ဒီေတာ့ audio port ကို trend ေနာက္လုိက္ထားတာအျပင္ ဘာမွမပိုဘူးလို႕ ခံစားမိတယ္။

သြင္ျပင္

တစ္ခ်က္ၾကည့္လုိက္တာနဲ႕ ပရီမီယမ္ပစၥည္းလို႕ ထင္ရတယ္။ မႏွစ္က Xiaomi Mix 2 နဲ႕ အေရွ႕ပိုင္းမွာ တစ္ထပ္တည္းလိုပါပဲ။ 5mp ဆယ္လ္ဖီကင္မရာကို ဖုန္းရဲ႕ညာဘက္ေအာက္ေျခမွာ ေတြ႕ရတယ္။ သတၳဳဖရိန္နဲ႕ေၾကြကိုယ္ထည္တို႕ေပါင္းစပ္မႈကလည္း ကိုင္လိုက္တာနဲ႕ ပရီမီယမ္ဆန္ဆန္ခံစားမႈကို ေပးႏုိင္တယ္။ ဒီသံုးသပ္ခ်က္ကို အနက္ေရာင္ေလးနဲ႕ စမ္းသပ္ခဲ့တာပါ။ ေျပာင္လက္ေနတဲ့အတြက္ေၾကာင့္ လက္ေဗြရာေတြ ထင္ႏုိင္ပါတယ္။ ကင္မရာမွာ ေရႊေရာင္ေလးစပ္ထားေတာ့ ၾကည့္ရတာလည္း မ်က္စိက်စရာပါ။ ကင္မရာပိုင္းကို ေနာက္မွဆက္ေျပာပါမယ္။

အရြယ္အစားကေတာ့ ၆လက္မျဖစ္ျပီး အက်ယ္က ၃လက္မျဖစ္ပါတယ္။ အထူကေတာ့ 8mm ျဖစ္ျပီးေတာ့ ဘတ္ထရီကလည္း ၾကီးပါတယ္။ ၅.၉၉လက္မ 1080 x 2160 18:9 form factor IPS LCD screen ကို လွပစြာေထာင့္ေကြးထားျခင္းနဲ႕ တြဲဖက္ထားပါတယ္။ OLED display ကို သေဘာက်ေပမယ့္လည္း Gorilla Glass 4 ထက္နည္းတဲ့ 403 ppi screen က ေတာက္ပတယ္၊ လွပတယ္၊ သံုးရတာေခ်ာေမြ႕ပါတယ္။ headset speaker ကို ဖုန္းရဲ႕ထိပ္ကေဘာင္နည္းနည္းေလးမွာ ထားတဲ့ပံုစံကို ကၽြန္ေတာ္သေဘာက်မိပါတယ္။ ၾကည့္ရတာေကာင္းသလို အသံအရည္အေသြးကလည္း ေကာင္းမြန္ပါတယ္။ speaker mode နဲ႕ဆိုရင္ အသံပိုက်ယ္ပါတယ္။

ဒီဖုန္းမွာ နားၾကပ္ေပါက္မပါတဲ့အတြက္ေၾကာင့္ ေနရာက်ယ္သြားပါတယ္။ ေနပါဦး။ အဲဒီေနရာကို 2 mic Active Noise Cancellation နဲ႕ ေနရာယူထားပါတယ္။ ေအာက္ဘက္အလယ္မွာေတာ့ USB-C port ကို အားသြင္းဖို႕နဲ႕ သီခ်င္းနားေထာင္ဖို႕ထည့္ေပးထားပါတယ္။ ညာဘက္မွာေတာ့ စပီကာကို ထည့္သြင္းေပးထားပါတယ္။ single speaker port ကေနထြက္လာတဲ့ အရည္အေသြးကို အံ့ၾသမိရပါတယ္။

ေျပာင္လက္ေနတဲ့ ေၾကြကိုယ္ထည္ေလးကေတာ့ ေရႊကြပ္ထားတဲ့ ကင္မရာဘုေလးနဲ႕ ေတြ႕ျမင္ရမွာပါ။ ကင္မရာႏွစ္လံုးစလံုးမွာ dual tone LED flash ရွိပါတယ္။ အလယ္မွာေတာ့ fingerprint reader ရွိပါတယ္။ ျမန္္ဆန္တဲ့အတြက္ေၾကာင့္္ face unlock option ထက္ ပိုၾကိဳက္မိပါတယ္။ ျပီးရင္ေတာ့ “Mi Mix Designed by Xiaomi” ဆိုတဲ့စာသားေလးကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ Xiaomi Mix 2S ရဲ႕ဘယ္ဘက္အျခမ္းမွာ dual SIM card tray တစ္ခုတည္းသာရွိျပီးေတာ့ SD card storage အတြက္ မပါ၀င္ပါဘူး။

ညာဘက္မွာကေတာ့ အသံနဲ႕ ပါ၀ါခလုတ္ေတြရွိပါတယ္။ ႏွိပ္ရတာလည္း flagship ဆိုတဲ့အတုိင္းပါပဲ။

Hardware

xiaomi mi mix 2s

Xiaomi Mix 2S ကေတာ့ Android 8.0 Oreo ကို ျပင္ဆင္ထားတဲ့ MiUI 9.5 skin နဲ႕ ပြဲထြက္လာပါတယ္။ သူ႕ကိုအားျဖည့္ေပးေနတာကေတာ့ Snapdragon 845 ျဖစ္လို႕ Xiaomi Mix 2 ထက္ performance ပိုေကာင္းပါတယ္။ ram ကို 6 ၊ 8gb အထိရႏုိင္ျပီးေတာ့ ေစ်းကြက္ကို လႊမ္းမိုးႏုိင္လိမ့္မယ္လို႕ ေမွ်ာ္လင့္ရပါတယ္။ ကၽြန္ေတာ္သံုးတဲ့ဖုန္းေလးကေတာ့ 128gb ၊ 6gb ram ျဖစ္ပါတယ္။ ဖုန္းတုိင္းထက္ ရမွတ္ေကာင္းတယ္ဆိုေပမယ့္ Galaxy S9 ထြက္လုိက္ေတာ့ နည္းနည္းေလ်ာ့သြားပါတယ္။ ဒါေပမယ့္ 8gb ဗားရွင္းဆိုရင္ေတာ့ Android အေကာင္းဆံုးတစ္လံုးျဖစ္လာႏုိင္တယ္။ fingerprint sensor ၊ facial recognition ပုုိင္းမွာလည္း ျမန္ဆန္ပါတယ္။

Chipset ပုိင္းမွာေတာ့ octacore Kyro CPU နဲ႕ Adreno GPU ကို အသံုးျပဳထားပါတယ္။ Bluetooth 5.0 ၊ NFC ၊ Qi wireless charging ေတြကိုလည္း ခ်ိတ္ဆက္မႈအပိုင္းမွာ အသံုးျပဳႏုိင္ဦးမွာျဖစ္ပါတယ္။

Hardware ပုိင္းမွာအေကာင္းေတြ ထည့္ေပးထားေပမယ့္လည္း software ပိုင္းကေတာ့ သိပ္မေကာင္းပါဘူး။ သတင္းေကာင္းကေတာ့ Xiaomi Mix 2S ဒီဇုိင္းနာေတြက gesture system ကို ထြင္ေပးထားပါတယ္။ ရွင္းရွင္းေျပာရမယ္ဆုိုရင္ေတာ့ physical home button မပါေတာ့ နည္းနည္းစိတ္ပူသြားမိတယ္။ ဒါေပမယ့္ interface စတုိင္လ္ေလးေၾကာင့္ စိုးရိမ္မႈေတြ ပေပ်ာက္သြားခဲ့တယ္။ home ေရာက္ခ်င္ရင္ အေပၚကိုဆြဲလိုက္၊ multitasking ဆိုရင္ ခဏဖိထားလိုက္ပါ။ ေခ်ာေမြ႕ျပီး သဘာ၀က်ပါတယ္။ in-built animation အခ်ိဳ႕ကိုလည္း ၾကိဳက္မိတယ္။ page ေလးေတြေကြးသြားတာမ်ိဳးေပါ့။ app ကို ဖ်က္တဲ့အခါမွာလည္း ေကာင္းမြန္ပါတယ္။ ခံစားၾကည့္ၾကည့္ပါ။

Gesture ဖန္တစ္ေယာက္မဟုတ္ဘူးဆိုရင္ standard Android navigation system ကို ဖုန္းရဲ႕ေအာက္ေျခမွာ အသံုးျပဳႏုိင္ပါေသးတယ္။ ေအးေဆးပါပဲ။

Mi account နဲ႕၀င္ျပီးေတာ့ MIUI lab ထဲက customizations နဲ႕ options ေတြလည္း အသံုးျပဳႏုိင္ပါေသးတယ္။ screen ေပၚမွာ item တစ္ခုကိုထိလိုက္ျပီးေတာ့ သူ႕အေၾကာင္းသိေအာင္ၾကိဳးစားတာမ်ိိဳး gallery search option ေကာင္းေကာင္းမ်ိဳးေလးေတြ လုပ္ၾကည့္ႏုိင္ပါတယ္။

xiaomi mi mix 2s cam sample (21)

Fingerprint scanner ကို သတ္မွတ္ရတာလည္း ရုိးရွင္းပါတယ္။ လက္တင္ျပီး ဖိလိုက္တာနဲ႕ သတ္မွတ္သြားပါျပီ။

facial recognition လုပ္မယ္ဆိုရင္လည္း အလားတူပါပဲ။ ဖုန္းေရွ႕မွာ မ်က္ႏွာကိုထားလိုက္ျပီးေတာ့ scan ဖတ္လိုက္ပါ။ ေနာက္တစ္ၾကိမ္ဖြင့္ခ်င္ရင္ fingerprint scanner ႏွိပ္စရာမလိုေတာ့ဘူးေပါ့။ facial unlocking က အေတာ္ေလးေကာင္းတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ အလင္းအားနည္းခ်ိန္မွာေတာ့ ေတာ္ေတာ္ေလးသံုးရတာခက္ခဲပါတယ္။ အေတာ္မ်ားမ်ားကေတာ့ fingerprint scanner ကိုပဲ သံုးျဖစ္ခဲ့ပါတယ္။ အလင္းေကာင္းတဲ့အခ်ိန္မွာ facial recognition က ျမန္ဆန္ျပီး သံုးရတာလြယ္ပါတယ္။ screen ကို ႏွစ္ခ်က္ေတာက္ျပီးေတာ့ ဖြင့္လိုက္တာနဲ႕ facial recognition ကသိျပီးေတာ့ ခ်က္ခ်င္းဆုိသလို ပြင့္သြားပါတယ္။ ဒါေလးကိုေတာ့ ၾကိဳက္မိပါတယ္။

Active Noise reduction ကလည္း မိုက္ပါတယ္။ ခပ္ရွဳပ္ရွဳပ္စားေသာက္ဆုိင္မွာ ထုိင္ေနရင္ ပိုသိသာပါတယ္။ ဂိမ္းေဆာ့တဲ့ေနရာမွာလည္း ေကာင္းမြန္တာကို ေတြ႕ရပါတယ္။

ကင္မရာ

xiaomi mi mix 2s cam sample (2)

ပေရာ္ဖက္ရွင္နယ္ ဓါတ္ပံုသမားတစ္ေယာက္အေနနဲ႕ အေနာက္ကင္မရာမွာ 12mp ၊ f1/8 wide angle lens တို႕ေၾကာင့္ စိတ္လႈပ္ရွားမိပါတယ္။ ေနာက္တစ္ခုကေတာ့ f/2.4 telephoto lens ၊ 2X optical zoom ကို အသံုးျပဳထားပါတယ္။ 4-axis Optical Image Stabilization နဲ႕ dual pixel autofocus လည္း ပါ၀င္ပါတယ္။ ေကာင္းမြန္တဲ့၊ ခမ္းနားတဲ့ပံုရိပ္ေတြ ထြက္ေပၚလာမယ္လို႕ ေမွ်ာ္လင့္ထားရပါတယ္။ ဒါေပမယ့္လည္း လက္ေတြ႕မွာေတာ့ အဲဒီေလာက္အထိ မဟုတ္ျပန္ပါဘူး။

standard photo mode မွာေတာ့ flash ၊ hdr ၊ ai ၊ filters နဲ႕ settings/photo effects ေတြ ရွိပါတယ္။ hdr mode က dynamic range နဲ႕ ရိုက္ခ်က္ေတြကို ျမန္ျမန္ေလးရုိက္ျပီးေတာ့ shadow/highlight detail ေတြကိုအသံုးျပဳပါတယ္။ artificial intelligence mode ကေတာ့ ထပ္ထည့္ထားတဲ့ mode တစ္ခုျဖစ္ပါတယ္။ landscape ၊ portrait ၊ food ဆိုျပီးေတာ့ scene ေတြသိရွိႏုိင္ပါတယ္။ အလုိအေလ်ာက္သိႏုိင္တာကေတာ့  206 scene နဲ႕ 25 mode ျဖစ္ပါတယ္။ အလြန္မိုက္တဲ့နည္းပညာပါပဲ။ customization ေတြကိုလည္း လုပ္ႏုိင္ပါေသးတယ္။ ကင္မရာကို standard photo mode နဲ႕ ဖြင့္လိုက္ရင္ ညာဘက္ထိပ္နားမွာ camera settings ကို အသံုးျပဳႏုိင္ပါတယ္။ timer ၊ tilt-shift effect ၊ straighten ၊ group selfie နဲ႕ beautify/beautify pro mode ေတြကိုလည္း အသံုးျပဳႏုိင္မွာပါ။

camera settings ထဲက ကၽြန္ေတာ္အၾကိဳက္ဆံုးအခ်က္ေလးေတြနဲ႕ စလုိက္ရေအာင္။ “camera frame” ထဲမွာ 16:9 ratio ကို သေဘာက်ပါတယ္။ Instagrammer ေတြကေတာ့ 4:3 choice ကို သေဘာက်ေလာက္မွာပါ။ 18:9 screen နဲ႕လည္း ရုိက္ခ်က္ေကာင္းေကာင္းေလးေတြ ထြက္ႏုိင္ပါတယ္။ spot metering” option ကို သေဘာက်သလို Contrast အတြက္ “lower” setting ကိုလည္း အသံုးျပဳျဖစ္ခဲ့တယ္။ ဒီေတာ့ dynamic range က်ယ္က်ယ္နဲ႕ flexibility ေကာင္းေကာင္း ျပင္ႏုိင္ပါတယ္။

ဗြီဒီယို Mode မွာ tome lapse နဲ႕ slow motion option ေတြကို secondary menu option အျဖစ္နဲ႕ ရႏုိ္င္ဦးမွာပါ။ “short video” mode ထက္ အဲဒီဟာေလးေတြကို ပိုၾကိဳက္မိပါတယ္။ options အေတာ္မ်ားပါတယ္။ နည္းပညာအသစ္ေတြ၊ codec အသစ္ေတြနဲ႕ ဖန္တီးထားတာ ျစဖ္ပါတယ္။

ကင္မရာမွာ image stabilization ပါ၀င္ပါတယ္။ ဒါေပမယ့္လည္း 4Kမွာ မရႏုိင္ပါဘူး။ 4K နဲ႕ 1080p ကို IS နဲ႕ရိုက္တာရွိမယ္။ ဘယ္ဟာကို ပိုသေဘာက်သလဲ။ ကၽြန္ေတာ္ကေတာ့ 4K က ပိုေကာင္းပါတယ္။ ဒါေပမယ့္လည္း 1080p နဲ႕ 4-axis optical stabilization ကို အသံုးျဖစ္ခဲ့ပါတယ္။

h.265 codec နဲ႕ encode လုပ္ထားတဲ့ ပထမဆံုးေသာဖုန္း ျဖစ္ပါတယ္။ H.265 ဟာ compression ေကာင္းေကာင္း၊ အရည္အေသြးျမင့္ဗြီဒီယိုေတြကို ေပးႏုိင္ပါတယ္။ ဒါေပမယ့္ editing လုပ္ခ်င္တဲ့ဟာေတြမ်ားရင္ေတာ့ ေထာက္ပံ့မႈနည္းပါတယ္။ ဒီေတာ့ 264 က ျပင္ဆင္တတ္သူေတြအဖို႕ ၾကိဳက္တဲ့ app နဲ႕ျပင္ႏုိင္ေအာင္ စိတ္ခ်မႈေပးႏုိ္င္မွာပါ။

focus လုပ္ဖို႕အတြက္ေတာ့ tap method ကို ေရြးခ်ယ္ခဲ့ပါတယ္။ time lapse အတြက္ကေတာ့ scene ေတြကို ရုိက္မိဖို႕အတြက္ ေနရာေတာ္ေတာ္ယူပါတယ္။ longer interval ကေတာ့ ျမန္ဆန္ျပီး effect ပိုေကာင္းပါတယ္။ time lapse ရုိက္တဲ့အခ်ိန္မွာ image stabilization ကို တြဲသံုးခဲ့ပါတယ္။ auto exposure settings အတြက္ေတာ့ metering ကို ရုိးရိုးေလးပဲ သံုးျဖစ္ခဲ့ပါတယ္။ focus လုပ္ခ်င္ရင္ screen ကိုထိလိုက္တာနဲ႕ အုိေကပါျပီ။

xiaomi mi mix 2s cam sample (14)

Slomo mode မွာ 240fps in 720p ၊ 1080p ဆိုျပီးေတာ့ ႏွစ္မ်ိဳးရႏုိင္ပါတယ္။ 720p mode ကို လူတုိင္းကဘာလို႕ေရြးသလဲ စဥ္းစားလို႕မရခဲ့ပါဘူး။ 1080p slomo နဲ႕ ရိုက္ထားတဲ့ဗြီဒီယိုေလးကို ၾကည့္ၾကည့္ပါ။

manual mode ကေတာ့ စိတ္ၾကိဳက္ဖန္တီးမႈေတြ လုပ္ခ်င္တဲ့အခါမွာ သံုးလို႕အေကာင္းဆံုးပါ။ white balance ၊ shutter speed နဲ႕ iso ေတြ ဘယ္လိုအလုပ္လုပ္သလဲဆိုတာကို နားလည္ဖို႕ ကူညီေပးပါလိမ့္မယ္။ aperture ခ်ိန္လို႕ေတာ့ မရပါဘူး။ ဒီေတာ့ စိတ္ပူမေနပါနဲ႕။ high end DSLR ေလာက္ေတာ့ ဘယ္ေကာင္းႏုိင္မလဲ။

xiaomi mi mix 2s cam sample (11)

ကင္မရာႏွစ္လံုးပိုင္းမွာဆိုရင္ wide angle (or 1x) က တိက်မႈရွိပါတယ္။ telephoto (or 2x) operation နဲ႕ေတာ့ focus လုပ္တဲ့အခါ နည္းနည္းေတာ့ အခက္အခဲရွိပါတယ္။ minimum focusing distance ကေတာ့ ကင္မရာေရွ႕ ေလးလက္မေလာက္အထိ ျဖစ္ျပီးေတာ့ wide angle ကေန telephoto lens option ကို အသံုးျပဳေပးပါတယ္။

xiaomi mi mix 2s cam sample (4)

အလင္းအားနည္းခ်ိန္ပံုရိပ္ေတြကေတာ့ aperture lens ပိုက်ယ္မယ္ဆိုရင္ ပိုေကာင္းမွာပါ။ 5 mp အေရွ႕ကင္မရာကေတာ့ ေနာက္နဲ႕ယွဥ္ရင္ နိမ့္ေနပါတယ္။ beauty mode ကေတာ့ သဘာ၀မဆန္ပါဘူး။ ဒီေတာ့ မသံုးေစခ်င္ပါဘူး။

Xiaomi Mi Mix 2S

ေနာက္ဆံုးသံုးသပ္ခ်က္

Xiaomi က ေနာက္ထပ္ flagship တစ္ခုကို လုပ္ႏုိင္သလား။ အဲေလာက္လည္း မဟုတ္ဘူးလို႕ေျပာရမယ္။ တရုတ္ယြမ္ ၃၀၀၀-၅၀၀၀ ၾကားမွာ ပရီမီယမ္ဖုန္းတစ္လံုး ၀ယ္လို႕ရတယ္ေလ။ သံုးၾကည့္တဲ့အခါမွာ ထူးျခားတဲ့ခံစားမႈ၊ feature စံုလင္တာကို ခံစားမိပါတယ္။ ကၽြန္ေတာ္ကေတာ့ killer အစစ္ဖုန္းတစ္လံုးကို ျမင္ခ်င္မိပါေသးတယ္။

Unicode Version

Xiaomi ရဲ့ အသစ်ထွက်ရှိထားတဲ့ flagship လေးတစ်ခုကို စာဖတ်သူများအတွက် သုံးသပ်ပေးချင်ပါတယ်။ Xiaomi Mix 2 ရဲ့ “S” version နဲ့ iPhone/Samsung Galaxy killer လုပ်မယ့် Xiaomi Mix 2S ကို ထုတ်လုပ်လိုက်ပါပြီ။ ၂၀၁၈ခုနှစ် မတ်လ ရှန်ဟိုင်းမြို့ကြီးမှာ Xiaomi Mix 2S ကြီးကို ပြသခဲ့ပါတယ်။
စစမြင်လိုက်ခြင်းမှာ ကျွန်တော့ရဲ့ခံစားမှုကတော့ အနားသတ်တွေနည်းတဲ့ဒီဇိုင်းနဲ့ ကြွေသားတည်ဆောက်မှုပါပဲ။ ဖုန်းရဲ့ဒီဇိုင်းပုံစံက ခြုံကြည့်ရမယ်ဆိုရင် မနှစ်က Xiaomi Mix 2 နဲ့ မခြားနားပါဘူး။ ဒါပေမယ့် Gold edged Dual Camera ကတော့ ကိုင်ကြည့်ဖို့ ဆွဲဆောင်နေပါတယ်။
ဗူးဖောက်လိုက်တာနဲ့ ဘာတွေတွေ့မြင်ရမလဲ
quick charger ၊ USB to USB-C charging cable ၊ USB-C to 3.5mm dongle တို့ကို ဖုန်းနဲ့အတူ တွေ့မြင်ရမှာဖြစ်ပါတယ်။ waterproof rating မပါတာကတော့ နည်းနည်းစိတ်ပျက်စရာပါပဲ။ ဒီတော့ audio port ကို trend နောက်လိုက်ထားတာအပြင် ဘာမှမပိုဘူးလို့ ခံစားမိတယ်။
သွင်ပြင်
တစ်ချက်ကြည့်လိုက်တာနဲ့ ပရီမီယမ်ပစ္စည်းလို့ ထင်ရတယ်။ မနှစ်က Xiaomi Mix 2 နဲ့ အရှေ့ပိုင်းမှာ တစ်ထပ်တည်းလိုပါပဲ။ 5mp ဆယ်လ်ဖီကင်မရာကို ဖုန်းရဲ့ညာဘက်အောက်ခြေမှာ တွေ့ရတယ်။ သတ္ထုဖရိန်နဲ့ကြွေကိုယ်ထည်တို့ပေါင်းစပ်မှုကလည်း ကိုင်လိုက်တာနဲ့ ပရီမီယမ်ဆန်ဆန်ခံစားမှုကို ပေးနိုင်တယ်။ ဒီသုံးသပ်ချက်ကို အနက်ရောင်လေးနဲ့ စမ်းသပ်ခဲ့တာပါ။ ပြောင်လက်နေတဲ့အတွက်ကြောင့် လက်ဗွေရာတွေ ထင်နိုင်ပါတယ်။ ကင်မရာမှာ ရွှေရောင်လေးစပ်ထားတော့ ကြည့်ရတာလည်း မျက်စိကျစရာပါ။ ကင်မရာပိုင်းကို နောက်မှဆက်ပြောပါမယ်။
အရွယ်အစားကတော့ ၆လက်မဖြစ်ပြီး အကျယ်က ၃လက်မဖြစ်ပါတယ်။ အထူကတော့ 8mm ဖြစ်ပြီးတော့ ဘတ်ထရီကလည်း ကြီးပါတယ်။ ၅.၉၉လက်မ 1080 x 2160 18:9 form factor IPS LCD screen ကို လှပစွာထောင့်ကွေးထားခြင်းနဲ့ တွဲဖက်ထားပါတယ်။ OLED display ကို သဘောကျပေမယ့်လည်း Gorilla Glass 4 ထက်နည်းတဲ့ 403 ppi screen က တောက်ပတယ်၊ လှပတယ်၊ သုံးရတာချောမွေ့ပါတယ်။ headset speaker ကို ဖုန်းရဲ့ထိပ်ကဘောင်နည်းနည်းလေးမှာ ထားတဲ့ပုံစံကို ကျွန်တော်သဘောကျမိပါတယ်။ ကြည့်ရတာကောင်းသလို အသံအရည်အသွေးကလည်း ကောင်းမွန်ပါတယ်။ speaker mode နဲ့ဆိုရင် အသံပိုကျယ်ပါတယ်။
ဒီဖုန်းမှာ နားကြပ်ပေါက်မပါတဲ့အတွက်ကြောင့် နေရာကျယ်သွားပါတယ်။ နေပါဦး။ အဲဒီနေရာကို 2 mic Active Noise Cancellation နဲ့ နေရာယူထားပါတယ်။ အောက်ဘက်အလယ်မှာတော့ USB-C port ကို အားသွင်းဖို့နဲ့ သီချင်းနားထောင်ဖို့ထည့်ပေးထားပါတယ်။ ညာဘက်မှာတော့ စပီကာကို ထည့်သွင်းပေးထားပါတယ်။ single speaker port ကနေထွက်လာတဲ့ အရည်အသွေးကို အံ့သြမိရပါတယ်။
ပြောင်လက်နေတဲ့ ကြွေကိုယ်ထည်လေးကတော့ ရွှေကွပ်ထားတဲ့ ကင်မရာဘုလေးနဲ့ တွေ့မြင်ရမှာပါ။ ကင်မရာနှစ်လုံးစလုံးမှာ dual tone LED flash ရှိပါတယ်။ အလယ်မှာတော့ fingerprint reader ရှိပါတယ်။ မြန်ဆန်တဲ့အတွက်ကြောင့် face unlock option ထက် ပိုကြိုက်မိပါတယ်။ ပြီးရင်တော့ “Mi Mix Designed by Xiaomi” ဆိုတဲ့စာသားလေးကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Xiaomi Mix 2S ရဲ့ဘယ်ဘက်အခြမ်းမှာ dual SIM card tray တစ်ခုတည်းသာရှိပြီးတော့ SD card storage အတွက် မပါဝင်ပါဘူး။
ညာဘက်မှာကတော့ အသံနဲ့ ပါဝါခလုတ်တွေရှိပါတယ်။ နှိပ်ရတာလည်း flagship ဆိုတဲ့အတိုင်းပါပဲ။
Hardware
Xiaomi Mix 2S ကတော့ Android 8.0 Oreo ကို ပြင်ဆင်ထားတဲ့ MiUI 9.5 skin နဲ့ ပွဲထွက်လာပါတယ်။ သူ့ကိုအားဖြည့်ပေးနေတာကတော့ Snapdragon 845 ဖြစ်လို့ Xiaomi Mix 2 ထက် performance ပိုကောင်းပါတယ်။ ram ကို 6 ၊ 8gb အထိရနိုင်ပြီးတော့ ဈေးကွက်ကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ကျွန်တော်သုံးတဲ့ဖုန်းလေးကတော့ 128gb ၊ 6gb ram ဖြစ်ပါတယ်။ ဖုန်းတိုင်းထက် ရမှတ်ကောင်းတယ်ဆိုပေမယ့် Galaxy S9 ထွက်လိုက်တော့ နည်းနည်းလျော့သွားပါတယ်။ ဒါပေမယ့် 8gb ဗားရှင်းဆိုရင်တော့ Android အကောင်းဆုံးတစ်လုံးဖြစ်လာနိုင်တယ်။ fingerprint sensor ၊ facial recognition ပိုုင်းမှာလည်း မြန်ဆန်ပါတယ်။
Chipset ပိုင်းမှာတော့ octacore Kyro CPU နဲ့ Adreno GPU ကို အသုံးပြုထားပါတယ်။ Bluetooth 5.0 ၊ NFC ၊ Qi wireless charging တွေကိုလည်း ချိတ်ဆက်မှုအပိုင်းမှာ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
Hardware ပိုင်းမှာအကောင်းတွေ ထည့်ပေးထားပေမယ့်လည်း software ပိုင်းကတော့ သိပ်မကောင်းပါဘူး။ သတင်းကောင်းကတော့ Xiaomi Mix 2S ဒီဇိုင်းနာတွေက gesture system ကို ထွင်ပေးထားပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ physical home button မပါတော့ နည်းနည်းစိတ်ပူသွားမိတယ်။ ဒါပေမယ့် interface စတိုင်လ်လေးကြောင့် စိုးရိမ်မှုတွေ ပပျောက်သွားခဲ့တယ်။ home ရောက်ချင်ရင် အပေါ်ကိုဆွဲလိုက်၊ multitasking ဆိုရင် ခဏဖိထားလိုက်ပါ။ ချောမွေ့ပြီး သဘာဝကျပါတယ်။ in-built animation အချို့ကိုလည်း ကြိုက်မိတယ်။ page လေးတွေကွေးသွားတာမျိုးပေါ့။ app ကို ဖျက်တဲ့အခါမှာလည်း ကောင်းမွန်ပါတယ်။ ခံစားကြည့်ကြည့်ပါ။
Gesture ဖန်တစ်ယောက်မဟုတ်ဘူးဆိုရင် standard Android navigation system ကို ဖုန်းရဲ့အောက်ခြေမှာ အသုံးပြုနိုင်ပါသေးတယ်။ အေးဆေးပါပဲ။
Mi account နဲ့ဝင်ပြီးတော့ MIUI lab ထဲက customizations နဲ့ options တွေလည်း အသုံးပြုနိုင်ပါသေးတယ်။ screen ပေါ်မှာ item တစ်ခုကိုထိလိုက်ပြီးတော့ သူ့အကြောင်းသိအောင်ကြိုးစားတာမျိုး gallery search option ကောင်းကောင်းမျိုးလေးတွေ လုပ်ကြည့်နိုင်ပါတယ်။
Fingerprint scanner ကို သတ်မှတ်ရတာလည်း ရိုးရှင်းပါတယ်။ လက်တင်ပြီး ဖိလိုက်တာနဲ့ သတ်မှတ်သွားပါပြီ။
facial recognition လုပ်မယ်ဆိုရင်လည်း အလားတူပါပဲ။ ဖုန်းရှေ့မှာ မျက်နှာကိုထားလိုက်ပြီးတော့ scan ဖတ်လိုက်ပါ။ နောက်တစ်ကြိမ်ဖွင့်ချင်ရင် fingerprint scanner နှိပ်စရာမလိုတော့ဘူးပေါ့။ facial unlocking က အတော်လေးကောင်းတာကို တွေ့ရပါတယ်။ ဒါပေမယ့် အလင်းအားနည်းချိန်မှာတော့ တော်တော်လေးသုံးရတာခက်ခဲပါတယ်။ အတော်များများကတော့ fingerprint scanner ကိုပဲ သုံးဖြစ်ခဲ့ပါတယ်။ အလင်းကောင်းတဲ့အချိန်မှာ facial recognition က မြန်ဆန်ပြီး သုံးရတာလွယ်ပါတယ်။ screen ကို နှစ်ချက်တောက်ပြီးတော့ ဖွင့်လိုက်တာနဲ့ facial recognition ကသိပြီးတော့ ချက်ချင်းဆိုသလို ပွင့်သွားပါတယ်။ ဒါလေးကိုတော့ ကြိုက်မိပါတယ်။
Active Noise reduction ကလည်း မိုက်ပါတယ်။ ခပ်ရှုပ်ရှုပ်စားသောက်ဆိုင်မှာ ထိုင်နေရင် ပိုသိသာပါတယ်။ ဂိမ်းဆော့တဲ့နေရာမှာလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။
ကင်မရာ
ပရော်ဖက်ရှင်နယ် ဓါတ်ပုံသမားတစ်ယောက်အနေနဲ့ အနောက်ကင်မရာမှာ 12mp ၊ f1/8 wide angle lens တို့ကြောင့် စိတ်လှုပ်ရှားမိပါတယ်။ နောက်တစ်ခုကတော့ f/2.4 telephoto lens ၊ 2X optical zoom ကို အသုံးပြုထားပါတယ်။ 4-axis Optical Image Stabilization နဲ့ dual pixel autofocus လည်း ပါဝင်ပါတယ်။ ကောင်းမွန်တဲ့၊ ခမ်းနားတဲ့ပုံရိပ်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားရပါတယ်။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ အဲဒီလောက်အထိ မဟုတ်ပြန်ပါဘူး။
standard photo mode မှာတော့ flash ၊ hdr ၊ ai ၊ filters နဲ့ settings/photo effects တွေ ရှိပါတယ်။ hdr mode က dynamic range နဲ့ ရိုက်ချက်တွေကို မြန်မြန်လေးရိုက်ပြီးတော့ shadow/highlight detail တွေကိုအသုံးပြုပါတယ်။ artificial intelligence mode ကတော့ ထပ်ထည့်ထားတဲ့ mode တစ်ခုဖြစ်ပါတယ်။ landscape ၊ portrait ၊ food ဆိုပြီးတော့ scene တွေသိရှိနိုင်ပါတယ်။ အလိုအလျောက်သိနိုင်တာကတော့ 206 scene နဲ့ 25 mode ဖြစ်ပါတယ်။ အလွန်မိုက်တဲ့နည်းပညာပါပဲ။ customization တွေကိုလည်း လုပ်နိုင်ပါသေးတယ်။ ကင်မရာကို standard photo mode နဲ့ ဖွင့်လိုက်ရင် ညာဘက်ထိပ်နားမှာ camera settings ကို အသုံးပြုနိုင်ပါတယ်။ timer ၊ tilt-shift effect ၊ straighten ၊ group selfie နဲ့ beautify/beautify pro mode တွေကိုလည်း အသုံးပြုနိုင်မှာပါ။
camera settings ထဲက ကျွန်တော်အကြိုက်ဆုံးအချက်လေးတွေနဲ့ စလိုက်ရအောင်။ “camera frame” ထဲမှာ 16:9 ratio ကို သဘောကျပါတယ်။ Instagrammer တွေကတော့ 4:3 choice ကို သဘောကျလောက်မှာပါ။ 18:9 screen နဲ့လည်း ရိုက်ချက်ကောင်းကောင်းလေးတွေ ထွက်နိုင်ပါတယ်။ spot metering” option ကို သဘောကျသလို Contrast အတွက် “lower” setting ကိုလည်း အသုံးပြုဖြစ်ခဲ့တယ်။ ဒီတော့ dynamic range ကျယ်ကျယ်နဲ့ flexibility ကောင်းကောင်း ပြင်နိုင်ပါတယ်။
ဗွီဒီယို Mode မှာ tome lapse နဲ့ slow motion option တွေကို secondary menu option အဖြစ်နဲ့ ရနိုင်ဦးမှာပါ။ “short video” mode ထက် အဲဒီဟာလေးတွေကို ပိုကြိုက်မိပါတယ်။ options အတော်များပါတယ်။ နည်းပညာအသစ်တွေ၊ codec အသစ်တွေနဲ့ ဖန်တီးထားတာ စြဖ်ပါတယ်။
ကင်မရာမှာ image stabilization ပါဝင်ပါတယ်။ ဒါပေမယ့်လည်း 4Kမှာ မရနိုင်ပါဘူး။ 4K နဲ့ 1080p ကို IS နဲ့ရိုက်တာရှိမယ်။ ဘယ်ဟာကို ပိုသဘောကျသလဲ။ ကျွန်တော်ကတော့ 4K က ပိုကောင်းပါတယ်။ ဒါပေမယ့်လည်း 1080p နဲ့ 4-axis optical stabilization ကို အသုံးဖြစ်ခဲ့ပါတယ်။
h.265 codec နဲ့ encode လုပ်ထားတဲ့ ပထမဆုံးသောဖုန်း ဖြစ်ပါတယ်။ H.265 ဟာ compression ကောင်းကောင်း၊ အရည်အသွေးမြင့်ဗွီဒီယိုတွေကို ပေးနိုင်ပါတယ်။ ဒါပေမယ့် editing လုပ်ချင်တဲ့ဟာတွေများရင်တော့ ထောက်ပံ့မှုနည်းပါတယ်။ ဒီတော့ 264 က ပြင်ဆင်တတ်သူတွေအဖို့ ကြိုက်တဲ့ app နဲ့ပြင်နိုင်အောင် စိတ်ချမှုပေးနိုင်မှာပါ။
focus လုပ်ဖို့အတွက်တော့ tap method ကို ရွေးချယ်ခဲ့ပါတယ်။ time lapse အတွက်ကတော့ scene တွေကို ရိုက်မိဖို့အတွက် နေရာတော်တော်ယူပါတယ်။ longer interval ကတော့ မြန်ဆန်ပြီး effect ပိုကောင်းပါတယ်။ time lapse ရိုက်တဲ့အချိန်မှာ image stabilization ကို တွဲသုံးခဲ့ပါတယ်။ auto exposure settings အတွက်တော့ metering ကို ရိုးရိုးလေးပဲ သုံးဖြစ်ခဲ့ပါတယ်။ focus လုပ်ချင်ရင် screen ကိုထိလိုက်တာနဲ့ အိုကေပါပြီ။
Slomo mode မှာ 240fps in 720p ၊ 1080p ဆိုပြီးတော့ နှစ်မျိုးရနိုင်ပါတယ်။ 720p mode ကို လူတိုင်းကဘာလို့ရွေးသလဲ စဉ်းစားလို့မရခဲ့ပါဘူး။ 1080p slomo နဲ့ ရိုက်ထားတဲ့ဗွီဒီယိုလေးကို ကြည့်ကြည့်ပါ။
manual mode ကတော့ စိတ်ကြိုက်ဖန်တီးမှုတွေ လုပ်ချင်တဲ့အခါမှာ သုံးလို့အကောင်းဆုံးပါ။ white balance ၊ shutter speed နဲ့ iso တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားလည်ဖို့ ကူညီပေးပါလိမ့်မယ်။ aperture ချိန်လို့တော့ မရပါဘူး။ ဒီတော့ စိတ်ပူမနေပါနဲ့။ high end DSLR လောက်တော့ ဘယ်ကောင်းနိုင်မလဲ။
ကင်မရာနှစ်လုံးပိုင်းမှာဆိုရင် wide angle (or 1x) က တိကျမှုရှိပါတယ်။ telephoto (or 2x) operation နဲ့တော့ focus လုပ်တဲ့အခါ နည်းနည်းတော့ အခက်အခဲရှိပါတယ်။ minimum focusing distance ကတော့ ကင်မရာရှေ့ လေးလက်မလောက်အထိ ဖြစ်ပြီးတော့ wide angle ကနေ telephoto lens option ကို အသုံးပြုပေးပါတယ်။
အလင်းအားနည်းချိန်ပုံရိပ်တွေကတော့ aperture lens ပိုကျယ်မယ်ဆိုရင် ပိုကောင်းမှာပါ။ 5 mp အရှေ့ကင်မရာကတော့ နောက်နဲ့ယှဉ်ရင် နိမ့်နေပါတယ်။ beauty mode ကတော့ သဘာဝမဆန်ပါဘူး။ ဒီတော့ မသုံးစေချင်ပါဘူး။
နောက်ဆုံးသုံးသပ်ချက်
Xiaomi က နောက်ထပ် flagship တစ်ခုကို လုပ်နိုင်သလား။ အဲလောက်လည်း မဟုတ်ဘူးလို့ပြောရမယ်။ တရုတ်ယွမ် ၃၀၀၀-၅၀၀၀ ကြားမှာ ပရီမီယမ်ဖုန်းတစ်လုံး ဝယ်လို့ရတယ်လေ။ သုံးကြည့်တဲ့အခါမှာ ထူးခြားတဲ့ခံစားမှု၊ feature စုံလင်တာကို ခံစားမိပါတယ်။ ကျွန်တော်ကတော့ killer အစစ်ဖုန်းတစ်လုံးကို မြင်ချင်မိပါသေးတယ်။

Leave a Reply