OnePlus 6 launch လုပ္မယ့္ရက္ အတည္ျပဳလုိက္ျခင္း

0
1772

Zawgyi Version

Samsung နဲ႕ Huawei ကလည္း ေျပာလိုက္ျပီ။ LG ကလည္း ေျပာေတာ့မယ္။ အခုအခ်ိန္ကေတာ့ OnePlus ေျပာရမယ့္အခ်ိန္ပါပဲ။ ဟုတ္ပါတယ္။ OnePlus 6 ကိုလည္း လာမယ့္သံုးပတ္အေက်ာ္မွာ ေတြ႕ျမင္ရေတာ့မယ္လို႕ ေျပာလုိက္တာပါ။

OnePlus က သူ႕ရဲ႕ပရီမီယမ္အခ်က္အလက္ေတြနဲ႕ ေစ်းသင့္ျခင္းေၾကာင့္ နာမည္ၾကီးလာခဲ့တာပါ။ Xiaomi ရဲ႕ ကိုယ္ပြားလို႕ေတာင္ ေျပာလို႕ရေနပါတယ္။ ဒါေပမယ့္လည္း ထြက္ရွိမယ့္ရက္နဲ႕ ပတ္သတ္ျပီးေတာ ့နာမည္ဆိုးနဲ႕ ေက်ာ္ၾကားေလ့ရွိပါတယ္။ ဟုတ္ပါတယ္။ ယံုၾကည္သူေတြေရာ၊ ေ၀ဖန္သူေတြေရာ ေနာက္လမွာ OnePlus ကို ျမင္ေတြ႕ရေတာ့မွာပါ။

OnePlus က OnePlus 6 အတြက္ notch ထည့္မွာျဖစ္ပါတယ္။ မုန္းတဲ့သူေတြအတြက္ကေတာ့ notch-hiding feature ေလးကို ေနာက္ပိုင္းမွာ ထည့္သြင္းေပးပါလိမ့္မယ္။

OnePlus 6 ရဲ႕ေနာက္ပိုင္းမွာ ဖန္သားျပင္ကိုထည့္သြင္းလိုက္ျခင္းက ပရီမီယမ္ခံစားမႈကို ရေစပါတယ္။ သူ႕ဖုန္းေတြအတြက္ ပလတ္စတစ္နဲ႕ သတၳဳေနာက္ခံေတြကေန ဖန္သားျပင္ကို ေျပာင္းလိုက္ျခင္းက စြန္႕စားရမယ္ဆိုတာ သူတို႕သိရွိထားပါတယ္။ ဒါေပမယ့္ notch ေလးနဲ႕ဆိုေတာ့ ေရစီးေၾကာင္းကို ေကာင္းေကာင္းမိသြားတယ္လို႕ ဆိုရမွာပါ။

OnePlus 6 ဟာ ေစ်းႏႈန္းပိုင္းမွာ Essential PH-1 ကို ယွဥ္ႏုိ္င္မလားဆိုတာ ၾကည့္ရမွာပါ။ OnePlus 6 ကတရုတ္မွာ ေမလ၁၇ရက္ေန႕ ပြဲထုတ္မွာျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ ခပ္ျမင့္ျမင့္ျဖစ္လိမ့္မယ္လို႕ မွန္းထားၾကပါတယ္။

Unicode Version

Samsung နဲ့ Huawei ကလည်း ပြောလိုက်ပြီ။ LG ကလည်း ပြောတော့မယ်။ အခုအချိန်ကတော့ OnePlus ပြောရမယ့်အချိန်ပါပဲ။ ဟုတ်ပါတယ်။ OnePlus 6 ကိုလည်း လာမယ့်သုံးပတ်အကျော်မှာ တွေ့မြင်ရတော့မယ်လို့ ပြောလိုက်တာပါ။
OnePlus က သူ့ရဲ့ပရီမီယမ်အချက်အလက်တွေနဲ့ ဈေးသင့်ခြင်းကြောင့် နာမည်ကြီးလာခဲ့တာပါ။ Xiaomi ရဲ့ ကိုယ်ပွားလို့တောင် ပြောလို့ရနေပါတယ်။ ဒါပေမယ့်လည်း ထွက်ရှိမယ့်ရက်နဲ့ ပတ်သတ်ပြီးတော့နာမည်ဆိုးနဲ့ ကျော်ကြားလေ့ရှိပါတယ်။ ဟုတ်ပါတယ်။ ယုံကြည်သူတွေရော၊ ဝေဖန်သူတွေရော နောက်လမှာ OnePlus ကို မြင်တွေ့ရတော့မှာပါ။
OnePlus က OnePlus 6 အတွက် notch ထည့်မှာဖြစ်ပါတယ်။ မုန်းတဲ့သူတွေအတွက်ကတော့ notch-hiding feature လေးကို နောက်ပိုင်းမှာ ထည့်သွင်းပေးပါလိမ့်မယ်။
OnePlus 6 ရဲ့နောက်ပိုင်းမှာ ဖန်သားပြင်ကိုထည့်သွင်းလိုက်ခြင်းက ပရီမီယမ်ခံစားမှုကို ရစေပါတယ်။ သူ့ဖုန်းတွေအတွက် ပလတ်စတစ်နဲ့ သတ္ထုနောက်ခံတွေကနေ ဖန်သားပြင်ကို ပြောင်းလိုက်ခြင်းက စွန့်စားရမယ်ဆိုတာ သူတို့သိရှိထားပါတယ်။ ဒါပေမယ့် notch လေးနဲ့ဆိုတော့ ရေစီးကြောင်းကို ကောင်းကောင်းမိသွားတယ်လို့ ဆိုရမှာပါ။
OnePlus 6 ဟာ ဈေးနှုန်းပိုင်းမှာ Essential PH-1 ကို ယှဉ်နိုင်မလားဆိုတာ ကြည့်ရမှာပါ။ OnePlus 6 ကတရုတ်မှာ မေလ၁၇ရက်နေ့ ပွဲထုတ်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ခပ်မြင့်မြင့်ဖြစ်လိမ့်မယ်လို့ မှန်းထားကြပါတယ်။

Leave a Reply