OnePlus 6 ရဲ႕ အေနာက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားမွာ ေသခ်ာၿပီ

0
1751

Zawgyi Version

ၿပီးခဲ့တဲ့ ရက္ပိုင္းမ်ားက ကုမၸဏီက ျပသခဲ့တဲ့ OnePlus 6 ရဲ႕ ဓါတ္ပံုအရ သူ႔ရဲ႕ အေနာက္ဘက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားမယ္လို႔ တြက္ဆလို႔ရခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီရဲ႕ စီအီးအို ျဖစ္သူ Pete Lau က အဲဒီဖုန္းရဲ႕ အေနာက္ကို ဖန္ျဖင့္ဖံုးအုပ္ထားမယ္လို႔ အတည္ျပဳလိုက္ပါတယ္။

OnePlus 6 design sketch

OnePlus X မွာလည္း အေနာက္ ဖန္ ဒီဇီုင္းကို ကုမၸဏီက သံုးခဲ့ပါတယ္။ အေစာပိုင္း OnePlus 6 ရဲ႕ ဒီဇိုင္းပံုမ်ားအရ သူ႔မွာ ေကြးညႊတ္တဲ့ ဒီဇိုင္းကို သံုးထားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ပိုိမိုေတာက္ပတဲ့ အေရာင္မ်ားကို ေရြးခ်ယ္ႏုိင္မွာပါ။

Lau က OnePlus 6 ဟာ ကုမၸဏီရဲ႕ ၀ိေသသျဖစ္တဲ့ ေကြးညႊတ္တဲ့ ဒီဇိုင္းကို ထိန္းသိ္မ္းထားမယ္လို႔ ေျပာပါတယ္။ သူ႔မွာ အလႊာငါးထပ္ ပါတဲ့ Nanotech Coating ကို သံုးထားပါတယ္။ သူက ဖန္ဟာ သတၱဳထက္ ပုိမို အားသာတဲ့ အခ်က္မ်ား ရွိေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ ဖန္ဟာ ပိုမို ၾကည္လင္ေတာက္ပၿပီး ေဖာက္ထြင္းျမင္ရပါတယ္။ ရွင္းလင္းတဲ့ အရသာကို ခံစားရမွာပါ။

သူက “ OnePlus One ကေန OnePlus 5T အထိ ေကြးညႊတ္တ့ဲ ကိုယ္ပိုင္ ဒီဇိုင္းကို ထိန္းသိမ္းထားပါတယ္။ OnePlus 6 မွာလည္း ဖန္ကို ထည့္သြင္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ ထိေတြ႕တဲ့ အခါမွာ Premium Feel ကို ခံစားရေအာင္ ကြ်န္ေတာ္တို႔ ဂရုျပဳထားပါတယ္။ OnePlus ရဲ႕ ဒီဇိုင္း အဖြဲ႕ဟာ ဖန္ နမူနာေပါင္း ၇၀ ကို စမ္းသပ္ခဲ့ၾကၿပီးမွ အေကာင္းဆံုး တစ္ခုကို ေရြးခ်ယ္ခဲ့ပါတယ္။ “ လို႔ ေရးသားထားပါတယ္။

Unicode Version

ပြီးခဲ့တဲ့ ရက်ပိုင်းများက ကုမ္ပဏီက ပြသခဲ့တဲ့ OnePlus 6 ရဲ့ ဓါတ်ပုံအရ သူ့ရဲ့ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားမယ်လို့ တွက်ဆလို့ရခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Pete Lau က အဲဒီဖုန်းရဲ့ အနောက်ကို ဖန်ဖြင့်ဖုံးအုပ်ထားမယ်လို့ အတည်ပြုလိုက်ပါတယ်။

OnePlus X မှာလည်း အနောက် ဖန် ဒီဇီုင်းကို ကုမ္ပဏီက သုံးခဲ့ပါတယ်။ အစောပိုင်း OnePlus 6 ရဲ့ ဒီဇိုင်းပုံများအရ သူ့မှာ ကွေးညွှတ်တဲ့ ဒီဇိုင်းကို သုံးထားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပိုမိုတောက်ပတဲ့ အရောင်များကို ရွေးချယ်နိုင်မှာပါ။

Lau က OnePlus 6 ဟာ ကုမ္ပဏီရဲ့ ဝိသေသဖြစ်တဲ့ ကွေးညွှတ်တဲ့ ဒီဇိုင်းကို ထိန်းသိမ်းထားမယ်လို့ ပြောပါတယ်။ သူ့မှာ အလွှာငါးထပ် ပါတဲ့ Nanotech Coating ကို သုံးထားပါတယ်။ သူက ဖန်ဟာ သတ္တုထက် ပိုမို အားသာတဲ့ အချက်များ ရှိကြောင်းကိုလည်း ပြောခဲ့ပါတယ်။ ဖန်ဟာ ပိုမို ကြည်လင်တောက်ပပြီး ဖောက်ထွင်းမြင်ရပါတယ်။ ရှင်းလင်းတဲ့ အရသာကို ခံစားရမှာပါ။

သူက “ OnePlus One ကနေ OnePlus 5T အထိ ကွေးညွှတ်တဲ့ ကိုယ်ပိုင် ဒီဇိုင်းကို ထိန်းသိမ်းထားပါတယ်။ OnePlus 6 မှာလည်း ဖန်ကို ထည့်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ထိတွေ့တဲ့ အခါမှာ Premium Feel ကို ခံစားရအောင် ကျွန်တော်တို့ ဂရုပြုထားပါတယ်။ OnePlus ရဲ့ ဒီဇိုင်း အဖွဲ့ဟာ ဖန် နမူနာပေါင်း ၇၀ ကို စမ်းသပ်ခဲ့ကြပြီးမှ အကောင်းဆုံး တစ်ခုကို ရွေးချယ်ခဲ့ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Leave a Reply