Huawei က စိတ္ခံစားမႈ ရွိတဲ့ ဥာဏ္ရည္တု နည္းပညာကို တီထြင္ေန

0
1903

Zawgyi Version

ဟြာေ၀းက စိ္တ္ခံစားမႈ ရွိတဲ့ ဥာဏ္ရည္တု နည္းပညာကို တီထြင္ေနတယ္လို႔ သတင္းထြက္လာပါတယ္။ ၂၀၁၇ ခုႏွစ္မွာ စမတ္ စပီကာနဲ႔ AI Assistant မ်ား ေရပန္းစားလာၿပီး အခု Trend ဟာ  ၂၀၁၈ ခုႏွစ္မွာလည္း ဆက္လက္ ေအာင္ျမင္ေနပါတယ္။ Google Assistant နဲ႔ Siri တို႔ဟာ စမတ္ဖုန္း နယ္ပယ္မွာ အဓိက လႊမ္းမိုးထားေပမယ့္ ကုမၸဏီေတြဟာ သူတို႔ ကိုယ္ပိုင္ AI Assistant မ်ားကို ဖန္တီးေနၾကပါတယ္။ Samsung က Bixby ၊ LG က ThinQ ၊ Amazon က Alexa တို႔ကို Android Device အခ်ိဳ႕မွာ ေတြ႕ျမင္လာရပါၿပီ။ ဟြာေ၀းကလည္း သူ႔ AI Assistant ကို ဖန္တီးေနပါတယ္။

 

ဟြာေ၀းက လက္ရွိမွာ တရုတ္မွာ Voice Assistant ကို ပံ့ပိုးေပးထားပါတယ္။ ဒါပမယ့္ မၾကာခင္က အင္တာဗ်ဴးတစ္ခုမွာ ကုမၸဏီရဲ႕ Software Engineering ဌာနမွ ဒုတိယ ဥကၠဌ ျဖစ္သူ Felix Zhang က “ စိတ္ခံစားမႈပါတဲ့  ဆက္ဆံေရးကို ပံ့ပိုးေပးခ်င္ပါတယ္။ အနာဂတ္မွာ ကြ်န္ေတာ္တို႔ရဲ႕ Users မ်ားဟာ သူတို႔ရဲ႕ ဖုန္းမ်ားနဲ႔ စိတ္ခံစားမႈမ်ားျဖင့္ ဆက္ဆံႏုိင္ေတာ့မွာပါ။ “ လို႔ ေျပာပါတယ္။

 

သူက သိပၸံ ရုပ္ရွင္ ကား Her ဟာ သူ႔ကို အားက်ေစခဲ့တယ္လို႔ ေျပာပါတယ္။ ဟြာေ၀းရဲ႕ အရာရွိ တစ္ဦး ျဖစ္သူ တစ္ဦးက “ အဲဒီ ရုပ္ရွင္ထဲက AI Voice Assistant ျဖစ္သူ စမန္သာဟာ အင္ဂ်င္နီယာ အားလံုးအတြက္ အိပ္မက္ပါ။ ရုပ္ရွင္ထဲမွာလိုပဲ သင့္ ရည္းစားေနရာမွာ သူ႔ကို အစားထိုးႏုိင္ပါတယ္။ ဒါဟာ စိတ္ခံစားမႈပါတဲ့ ၀န္ေဆာင္မႈကို ပံ့ပိုးေပးထားတာပါ။ “ လို႔ ေျပာပါတယ္။ သူက အနာဂတ္မွာ စားသံုးသူမ်ားဟာ ဖုန္း သံုးဖို႔အတြက္ လက္နဲ႔ ေတာင္ ကိုင္ဖို႔ မလိုေတာ့ဘဲ အလုပ္အမ်ားစုကို အသံအမိန္႔ျဖင့္ ျပဳလုပ္ႏုိင္မယ္လို႔ ေဟာကိန္း ထုတ္လိုက္ပါတယ္။

 

ဟြာေ၀းရဲ႕ စိတ္ခံစားမႈပါတဲ့ ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ကို ျမင္ရဖုိ႔ အခ်ိန္အနည္းၾကာ ၾကာျမင့္ဦးမွာပါ။ အဲဒီ ဥာဏ္ရည္တု နည္းပညာဟာ အထီးက်န္ေနသူမ်ားအတြက္လည္း အေဖာ္ေကာင္း ျဖစ္လာမွာပါ။

Unicode Version

ဟွာဝေးက စိတ်ခံစားမှု ရှိတဲ့ ဉာဏ်ရည်တု နည်းပညာကို တီထွင်နေတယ်လို့ သတင်းထွက်လာပါတယ်။ ၂၀၁၇ ခုနှစ်မှာ စမတ် စပီကာနဲ့ AI Assistant များ ရေပန်းစားလာပြီး အခု Trend ဟာ ၂၀၁၈ ခုနှစ်မှာလည်း ဆက်လက် အောင်မြင်နေပါတယ်။ Google Assistant နဲ့ Siri တို့ဟာ စမတ်ဖုန်း နယ်ပယ်မှာ အဓိက လွှမ်းမိုးထားပေမယ့် ကုမ္ပဏီတွေဟာ သူတို့ ကိုယ်ပိုင် AI Assistant များကို ဖန်တီးနေကြပါတယ်။ Samsung က Bixby ၊ LG က ThinQ ၊ Amazon က Alexa တို့ကို Android Device အချို့မှာ တွေ့မြင်လာရပါပြီ။ ဟွာဝေးကလည်း သူ့ AI Assistant ကို ဖန်တီးနေပါတယ်။

ဟွာဝေးက လက်ရှိမှာ တရုတ်မှာ Voice Assistant ကို ပံ့ပိုးပေးထားပါတယ်။ ဒါပမယ့် မကြာခင်က အင်တာဗျူးတစ်ခုမှာ ကုမ္ပဏီရဲ့ Software Engineering ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Felix Zhang က “ စိတ်ခံစားမှုပါတဲ့ ဆက်ဆံရေးကို ပံ့ပိုးပေးချင်ပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ရဲ့ Users များဟာ သူတို့ရဲ့ ဖုန်းများနဲ့ စိတ်ခံစားမှုများဖြင့် ဆက်ဆံနိုင်တော့မှာပါ။ “ လို့ ပြောပါတယ်။

သူက သိပ္ပံ ရုပ်ရှင် ကား Her ဟာ သူ့ကို အားကျစေခဲ့တယ်လို့ ပြောပါတယ်။ ဟွာဝေးရဲ့ အရာရှိ တစ်ဦး ဖြစ်သူ တစ်ဦးက “ အဲဒီ ရုပ်ရှင်ထဲက AI Voice Assistant ဖြစ်သူ စမန်သာဟာ အင်ဂျင်နီယာ အားလုံးအတွက် အိပ်မက်ပါ။ ရုပ်ရှင်ထဲမှာလိုပဲ သင့် ရည်းစားနေရာမှာ သူ့ကို အစားထိုးနိုင်ပါတယ်။ ဒါဟာ စိတ်ခံစားမှုပါတဲ့ ဝန်ဆောင်မှုကို ပံ့ပိုးပေးထားတာပါ။ “ လို့ ပြောပါတယ်။ သူက အနာဂတ်မှာ စားသုံးသူများဟာ ဖုန်း သုံးဖို့အတွက် လက်နဲ့ တောင် ကိုင်ဖို့ မလိုတော့ဘဲ အလုပ်အများစုကို အသံအမိန့်ဖြင့် ပြုလုပ်နိုင်မယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။

ဟွာဝေးရဲ့ စိတ်ခံစားမှုပါတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို မြင်ရဖို့ အချိန်အနည်းကြာ ကြာမြင့်ဦးမှာပါ။ အဲဒီ ဉာဏ်ရည်တု နည်းပညာဟာ အထီးကျန်နေသူများအတွက်လည်း အဖော်ကောင်း ဖြစ်လာမှာပါ။

Leave a Reply