Zawgyi Version
Meizu က သူ႔ရဲ႕ စြမ္းရည္ျမင့္ ဖုန္းမ်ားမွာ Samsung Exynos Chips မ်ား သံုးေလ့ရွိပါတယ္။ အခုလည္း Meizu 15 Plus မွာ Galaxy S8 ရဲ႕ EMEA Version မွာ ထည့္ထားတဲ့ SoC ကို သံုးထားပါတယ္။ အဲဒီ Chipset ကေတာ့ Exynos 8895 ပါ။ 6GB RAM ထည့္ေပးထားၿပီး 64GB or 128GB Storage မ်ား ေရြးခ်ယ္ႏိုင္ပါတယ္။ ေနာက္ဆံုးထုတ္ Exynos Processor မဟုတ္ေပမယ့္ အလုပ္ကိစၥတုိင္းကို ေကာင္းစြာ ကိုင္တြယ္ႏုိင္ပါတယ္။
သူ႔မွာ ၅.၉၅ လက္မ အရြယ္ 2560×1440 AMOLED Screen တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အရည္အေသြးမွာ QHD ျဖစ္ပါတယ္။ ေခတ္စားေနတဲ့ 18:9 မ်က္ႏွာျပင္ အခ်ိဳးကို မသံုးထားဘဲ 16:9 ကိုသာ သံုးထားပါတယ္။ 3500mAh Battery ပါပါတယ္။ သူနဲ႔ ၂၀၁၇ ခုႏွစ္ ထုတ္ Galaxy S8 ႏွစ္လံုးရဲ႕ ကြာျခားခ်က္မွာ ကင္မရာမ်ား ျဖစ္ပါတယ္။ အေနာက္ဘက္မွာ 12MP+20MP Dual Camera တပ္ဆင္ထားၿပီး ပင္မ ကင္မရာမွာ OIS နဲ႔ ဒုတိယ ကင္မရာမွာ ၃ ဆ Telephoto Zoom ဆြဲႏုိင္တဲ့ စြမ္းရည္မ်ား ပါပါတယ္။ အေရွ႕ဘက္မွာေတာ့ ဥာဏ္ရည္တု နည္းကပညာျဖင့္ Selfie မ်ားကို လွပေစတဲ့ 20MP Camera တစ္လံုး ထည့္ေပးထားပါတယ္။
Meizu 15 Plus | Meizu 15 | Meizu M15 | |
---|---|---|---|
Display | 5.95-inch Super AMOLED 2560 x 1440 (16:9) |
5.46-inch Super AMOLED 1920 x 1080 (16:9) |
5.46-inch LCD 1920 x 1080 (16:9) |
Processor | Samsung Exynos 8895 ARM Mali G71 MP20 |
Qualcomm Snapdragon 660 Adreno 512 GPU |
Qualcomm Snapdragon 626 Adreno 506 GPU |
RAM | 6GB | 4GB | 4GB |
Storage | 64GB/128GB Non-expandable |
64GB/128GB Non-expandable |
64GB Expandable |
Rear camera | 20MP+12MP 3x telephoto, f/1.9 OIS on main camera |
20MP+12MP 3x telephoto, f/1.9 OIS on main camera |
12MP f/1.9 |
Front camera | 20MP f/2.0 | 20MP f/2.0 | 20MP f/2.0 |
Fingerprint scanner | Yes | Yes | Yes |
Battery | 3,500mAh | 3,000mAh | 3,000mAh |
Software | Android plus Flyme 7 | Android plus Flyme 7 | Android plus Flyme 7 |
Dimensions | 153.8 x 78.25 x 7.25mm 177g |
143 x 72 x 7.25mm 152g |
143.62 x 72.38 x 7.45mm 145g |
Capacitive Home Key အတြက္ Apple စတုိင္ တုန္ခါမႈ အင္ဂ်င္ကို သံုးထားပါတယ္။ ဒါဟာ Physical Home Button ကို ႏွိပ္တဲ့အခါမွာလိုမ်ိဳး တုန္ခါမႈကို ပံ့ပိုးေပးပါတယ္။ Headphone Jack ကိုေတာ့ မဖယ္ရွားထားပါဘူး။
Plus Model နဲ႔အတူ Meizu 15 ကိုလည္း မီဇူးက မိတ္ဆက္ခဲ့ပါတယ္။ သူ႔မွာ စြမ္းရည္သင့္ Snapdragon 660 Chipset , 3000mAh Battery , 4GB RAM မ်ားပါပါတယ္။ 64GB or 128GB Storage မ်ား ေရြးခ်ယ္ႏိုင္ပါတယ္။ ၅.၄၆ လက္မ Full HD Super AMOLED Screen ပါပါတယ္။
Meizu 15 Plus ရဲ႕ တန္ဖိုးနည္း ေမာ္ဒယ္ကို ယြမ္ ၃၀၀၀ နဲ႔ တန္ဖိုးႀကီး ေမာ္ဒယ္ကို ယြမ္ ၃၃၀၀ သတ္မွတ္ထားပါတယ္။ Meizu 15 ရဲ႕ တန္ဖိုးနည္းေမာ္ဒယ္ဟာ ယြမ္ ၂၄၉၉ ျဖစ္ၿပီး ၄၀၀ ေဒၚလာ ၀န္းက်င္က်သင့္ပါတယ္။ သူတို႔ထက္ ေစ်းသက္သာတဲ့ Meizu M15 ကိုလည္း မိတ္ဆက္ထားၿပီး တန္ဖိုးနည္း ေမာ္ဒယ္ဟာ ယြမ္ ၁၆၉၉ ( ၂၇၀ ေဒၚလာ) က်သင့္ပါတယ္။
M15 မွာ Snapdragon 626 Processor , 4GB RAM , 64GB Storage , 3000mAh Battery , 5.46” Full HD LCD Screen , 12MP Rear Camera , 20MP Selfie Camera မ်ား ပါပါတယ္။ ဖုန္းအားလံုးမွာ Face Unlock ပါပါတယ္။
Unicode Version
Meizu က သူ့ရဲ့ စွမ်းရည်မြင့် ဖုန်းများမှာ Samsung Exynos Chips များ သုံးလေ့ရှိပါတယ်။ အခုလည်း Meizu 15 Plus မှာ Galaxy S8 ရဲ့ EMEA Version မှာ ထည့်ထားတဲ့ SoC ကို သုံးထားပါတယ်။ အဲဒီ Chipset ကတော့ Exynos 8895 ပါ။ 6GB RAM ထည့်ပေးထားပြီး 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ နောက်ဆုံးထုတ် Exynos Processor မဟုတ်ပေမယ့် အလုပ်ကိစ္စတိုင်းကို ကောင်းစွာ ကိုင်တွယ်နိုင်ပါတယ်။
သူ့မှာ ၅.၉၅ လက်မ အရွယ် 2560×1440 AMOLED Screen တပ်ဆင်ထားပြီး မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။ 3500mAh Battery ပါပါတယ်။ သူနဲ့ ၂၀၁၇ ခုနှစ် ထုတ် Galaxy S8 နှစ်လုံးရဲ့ ကွာခြားချက်မှာ ကင်မရာများ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 12MP+20MP Dual Camera တပ်ဆင်ထားပြီး ပင်မ ကင်မရာမှာ OIS နဲ့ ဒုတိယ ကင်မရာမှာ ၃ ဆ Telephoto Zoom ဆွဲနိုင်တဲ့ စွမ်းရည်များ ပါပါတယ်။ အရှေ့ဘက်မှာတော့ ဉာဏ်ရည်တု နည်းကပညာဖြင့် Selfie များကို လှပစေတဲ့ 20MP Camera တစ်လုံး ထည့်ပေးထားပါတယ်။
Capacitive Home Key အတွက် Apple စတိုင် တုန်ခါမှု အင်ဂျင်ကို သုံးထားပါတယ်။ ဒါဟာ Physical Home Button ကို နှိပ်တဲ့အခါမှာလိုမျိုး တုန်ခါမှုကို ပံ့ပိုးပေးပါတယ်။ Headphone Jack ကိုတော့ မဖယ်ရှားထားပါဘူး။
Plus Model နဲ့အတူ Meizu 15 ကိုလည်း မီဇူးက မိတ်ဆက်ခဲ့ပါတယ်။ သူ့မှာ စွမ်းရည်သင့် Snapdragon 660 Chipset , 3000mAh Battery , 4GB RAM များပါပါတယ်။ 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ ၅.၄၆ လက်မ Full HD Super AMOLED Screen ပါပါတယ်။
Meizu 15 Plus ရဲ့ တန်ဖိုးနည်း မော်ဒယ်ကို ယွမ် ၃၀၀၀ နဲ့ တန်ဖိုးကြီး မော်ဒယ်ကို ယွမ် ၃၃၀၀ သတ်မှတ်ထားပါတယ်။ Meizu 15 ရဲ့ တန်ဖိုးနည်းမော်ဒယ်ဟာ ယွမ် ၂၄၉၉ ဖြစ်ပြီး ၄၀၀ ဒေါ်လာ ဝန်းကျင်ကျသင့်ပါတယ်။ သူတို့ထက် ဈေးသက်သာတဲ့ Meizu M15 ကိုလည်း မိတ်ဆက်ထားပြီး တန်ဖိုးနည်း မော်ဒယ်ဟာ ယွမ် ၁၆၉၉ ( ၂၇၀ ဒေါ်လာ) ကျသင့်ပါတယ်။
M15 မှာ Snapdragon 626 Processor , 4GB RAM , 64GB Storage , 3000mAh Battery , 5.46” Full HD LCD Screen , 12MP Rear Camera , 20MP Selfie Camera များ ပါပါတယ်။ ဖုန်းအားလုံးမှာ Face Unlock ပါပါတယ်။