Apple ဟာ iPhone X ေရာင္းခ်မႈကို ရပ္နားေတာ့မယ္လို႔ သတင္းထြက္

0
2438

Zawgyi Version

Apple ရဲ႕ iPhone X ဟာ ေဒၚလာ ၁၀၀၀ ရွိတဲ့အတြက္ အလြန္ ေစ်းႏႈန္းႀကီးျမင့္ပါတယ္။ Mirabaud ရဲ႕ ခြဲျခမ္းစိတ္ျဖာသူ Neil Campling က “  စားသံုးသူမ်ားဟာ ေစ်းႏႈန္းႀကီးမားတဲ့ စမတ္ဖုန္းမ်ားကို မကိုင္ခ်င္ေတာ့ပါဘူး။ iPhone X ရဲ႕ အေျခခံ ျပႆနာက ေစ်းႏႈန္း အလြန္ႀကီးမားေနျခင္းပါ။ Apple ဟာ iPhone X ထုတ္လုပ္မႈကို ရပ္နားေတာ့မယ့္ပံုေပၚပါတယ္။“  လို႔ ေျပာပါတယ္။

ေစ်းႏႈန္း ႀကီးျမင့္ျခင္းအျပင္ iPhone X ရဲ႕ အစိတ္အပိုင္းမ်ားကို အဓိက ထုတ္လုပ္ေပးေနတဲ့ Taiwan Semiconductor Manufacturing or TSMC က Chips မ်ားကို ပိုလွ်ံစြာ ထုတ္လုပ္ထားတဲ့ ျပႆနာကို ရင္ဆိုင္ေနရတယ္လို႔ သိရပါတယ္။ TSMC ဟာ ကမာၻ႕ အႀကီးဆံုး Semiconductor ထုတ္လုပ္တဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။

Campling ရဲ႕ ကုမၸဏီဟာ ၁၀ ႏွစ္ေက်ာ္ၾကာ TSMC ရဲ႕ ထုတ္လုပ္မႈ ေဒတာမ်ားကို မွတ္တမ္းေကာက္ယူထားပါတယ္။ သူ႔ရဲ႕ မွတ္တမ္းမ်ားအရ Apple က လာမယ့္ႏွစ္မွာ iPhone X Model မ်ားကို ထုတ္လုပ္မွာ မဟုတ္ပါဘူး။ Campling က Apple ဟာ ေဒၚလာ ၅၀၀ ၀န္းက်င္သာ က်သင့္မယ့္ တန္ဖိုးနည္း iPhone  ေမာ္ဒယ္ အသစ္မ်ားကို ထုတ္လုပ္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

ယခင္ႏွစ္ ႏို၀င္ဘာလမွာ  iPhone X ကို ေရာင္းခ်စဥ္မွာ မတူညီတဲ့ ေ၀ဖန္သံုးသပ္မႈမ်ား ထြက္ေပၚလာပါတယ္။ Face ID နဲ႔ ပတ္သက္ၿပီး လံုျခံဳေရးနဲ႔ ကိုယ္ေရးကိုယ္တာ အတြက္ ျငင္းခုန္မႈမ်ားစြာ ထြက္ေပၚခဲ့ပါတယ္။ ေသာၾကာေန႔မွာ Apple ရဲ႕ စေတာ့ ေစ်းႏႈန္းဟာ ၂ ရာခုိင္ႏႈန္း က်ဆင္းခဲ့ၿပီး ရွယ္ယာတစ္ခုလွ်င္ ၁၆၇.၇၃ ေဒၚလာအထိ ျဖစ္သြားပါတယ္။ ႏွစ္ပတ္အတြင္းမွာ အဆိုးရြားဆံုး က်ဆင္းသြားတာပါ။

Unicode Version

Apple ရဲ့ iPhone X ဟာ ဒေါ်လာ ၁၀၀၀ ရှိတဲ့အတွက် အလွန် ဈေးနှုန်းကြီးမြင့်ပါတယ်။ Mirabaud ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Neil Campling က “ စားသုံးသူများဟာ ဈေးနှုန်းကြီးမားတဲ့ စမတ်ဖုန်းများကို မကိုင်ချင်တော့ပါဘူး။ iPhone X ရဲ့ အခြေခံ ပြဿနာက ဈေးနှုန်း အလွန်ကြီးမားနေခြင်းပါ။ Apple ဟာ iPhone X ထုတ်လုပ်မှုကို ရပ်နားတော့မယ့်ပုံပေါ်ပါတယ်။“ လို့ ပြောပါတယ်။

ဈေးနှုန်း ကြီးမြင့်ခြင်းအပြင် iPhone X ရဲ့ အစိတ်အပိုင်းများကို အဓိက ထုတ်လုပ်ပေးနေတဲ့ Taiwan Semiconductor Manufacturing or TSMC က Chips များကို ပိုလျှံစွာ ထုတ်လုပ်ထားတဲ့ ပြဿနာကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ TSMC ဟာ ကမ္ဘာ့ အကြီးဆုံး Semiconductor ထုတ်လုပ်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Campling ရဲ့ ကုမ္ပဏီဟာ ၁၀ နှစ်ကျော်ကြာ TSMC ရဲ့ ထုတ်လုပ်မှု ဒေတာများကို မှတ်တမ်းကောက်ယူထားပါတယ်။ သူ့ရဲ့ မှတ်တမ်းများအရ Apple က လာမယ့်နှစ်မှာ iPhone X Model များကို ထုတ်လုပ်မှာ မဟုတ်ပါဘူး။ Campling က Apple ဟာ ဒေါ်လာ ၅၀၀ ဝန်းကျင်သာ ကျသင့်မယ့် တန်ဖိုးနည်း iPhone မော်ဒယ် အသစ်များကို ထုတ်လုပ်မယ်လို့ မျှော်လင့်ထားပါတယ်။

ယခင်နှစ် နိုဝင်ဘာလမှာ iPhone X ကို ရောင်းချစဉ်မှာ မတူညီတဲ့ ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်လာပါတယ်။ Face ID နဲ့ ပတ်သက်ပြီး လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာ အတွက် ငြင်းခုန်မှုများစွာ ထွက်ပေါ်ခဲ့ပါတယ်။ သောကြာနေ့မှာ Apple ရဲ့ စတော့ ဈေးနှုန်းဟာ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရှယ်ယာတစ်ခုလျှင် ၁၆၇.၇၃ ဒေါ်လာအထိ ဖြစ်သွားပါတယ်။ နှစ်ပတ်အတွင်းမှာ အဆိုးရွားဆုံး ကျဆင်းသွားတာပါ။

Leave a Reply