သင့္ ဖုန္းကို အိပ္ေနစဥ္မွာ အားမသြင္းသင့္တဲ့ အေၾကာင္းအရင္း

0
1150

Zawgyi Version

မိုဘိုင္းဖုန္းမ်ားမွာ ျပန္လည္အားျဖည့္ႏိုင္တဲ့ Lithium-Ion Battery  မ်ားထည့္သြင္းထားၿပီး သူတို႔ဟာ သမားရိုးက် ဘက္ထရီမ်ားထက္ အားသြင္းရာမွာ ပိုျမန္ပါတယ္။ ဒါေပမယ့္ စမတ္ဖုန္းတစ္လံုးရဲ႕ ပ်မ္းမွ် ဘက္ထရီ သက္တမ္းဟာ တစ္ရက္ေလာက္သာခံပါတယ္။ အဲဒီအတြက္ ညဘက္ေရာက္ခ်ိန္မွာ သင့္ဖုန္းဟာ အားကုန္ေနမွာပါ။

ဒါ့ေၾကာင့္လည္း လူေတြဟာ ညဘက္ အိပ္တဲ့ အခါမွာ ဖုန္းကို အားသြင္းတတ္ၾကပါတယ္။ မ်ားေသာအားျဖင့္ ဖုန္းတစ္လံုးကို ၁ နာရီ၊ ၂ နာရီေလာက္ အားသြင္းရင္ အားအျပည့္ျဖည့္ႏုိုင္ပါတယ္။ တစ္ညလံုး အားသြင္းဖို႔ မလိုပါဘူး။ ဒီိလုိ တစ္ညလံုး အားသြင္းထားရင္ ျပႆနာ ရွိႏိုင္သလား?

အေပၚယံေျပာရရင္ အေျဖက ႏိုးပါ။ သင့္ဖုန္းဟာ အားအျပည့္ျဖည့္ၿပီးတာနဲ႔ Charger ကေန အားစုပ္ယူမႈ မရွိေတာ့ပါဘူးလို႔ Cadex Electronics ရဲ႕ မန္ေနဂ်ာ John Bradshaw က ေျပာပါတယ္။ ဘက္ထရီ ထုတ္လုပ္သူ Anker ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Edo Campos က “ ေခတ္ေပၚ စမတ္ဖုန္းမ်ားဟာ စမတ္က်လာပါတယ္။ သူတို႔မွာ လိုတာထက္ပိုၿပီး အားမသြင္းမိေအာင္ ကာကြယ္ေပးတဲ့ Chip မ်ားပါပါတယ္။ အရည္အေသြးျမင့္တဲ့ Charger မ်ားမွာလည္း လိုတာထက္ အားပိုလႊတ္ျခင္းကို တားဆီးေပးတဲ့ Chip မ်ား ပါပါတယ္။ “ လို႔ ေျပာပါတယ္။

မေကာင္းတဲ့ သတင္းက ဒီလိုပါ။ သင့္ ဖုန္းဟာ ရာႏႈန္းျပည့္ အားသြင္းၿပီးရင္ Charger က အားသြင္းမႈကို ရပ္နားလိုက္ပါတယ္။ ဒါေပမယ့္ ဖုန္းကို ပါ၀ါဖြင့္ထားတဲ့အတြက္ အလုပ္မ်ား လုပ္ေနပါတယ္။ အဲဒီအတြက္ အားက ေလ်ာ့က်သြားပါတယ္။ အဲဒီ  အခ်ိန္မွာ Charger က အားအျပည့္ ထပ္ျဖည့္ပါတယ္။ ဒီလို အားေလ်ာ့သြားလိုက္၊ အားျပန္ျဖည့္လိုက္ျဖစ္ေနတာဟာ ဖုန္းရဲ႕ အပူခ်ိန္ကို ျမင့္မားေစသလို ဘက္ထရီရဲ႕ သိုေလွာင္ႏုိင္စြမ္းကိုလည္း ေရရွည္မွာ က်ဆင္းေစပါတယ္။ ဖုန္းကို တစ္ညလံုး အားသြင္းထားျခင္းဟာ သင့္ ဖုန္းနဲ႔ Charger တို႔ကို အခ်ိန္ျပည့္ အလုပ္လုပ္ေစပါတယ္။ အဲဒီအတြက္ ဘက္ထရီရဲ႕ စြမ္းရည္ကို က်ဆင္းေစပါတယ္။

ပညာရွင္မ်ားရဲ႕ အၾကံေပးခ်က္

ဖုန္းကို အားလံုး၀ ကုန္ေအာင္ မသံုးပါနဲ႔။ ဒီိလုိ ျပဳလုပ္ျခင္းဟာလည္း ဘက္ထရီ စြမ္းရည္ကို ထိခို္က္ေစပါတယ္။ ၃၅ နဲ႔ ၄၀ ရာခိုင္ႏႈန္းေလာက္ေရာက္တဲ့ အခ်ိန္ဟာ အားသြင္းဖုိ႔ အေကာင္းဆုံုးပါ။ ဒါဟာ ဘက္ထရီစြမ္းရည္ကိုလည္း မက်ဆင္းေစပါဘူး။ အပူခ်ိန္ ျမင့္မားျခင္းဟာ ဘက္ထရီ စြမ္းရည္ကို က်ဆင္းေစတ့ဲအတြက္ ဖုန္းကို ေအးျမေအာင္ထားပါ။ အားသြင္းမယ္ဆိုရင္ Case  ကို ခြ်တ္ထားပါ။ ၁၀၀  ရာခုိင္ႏႈိန္း အားျပည့္တာနဲ႔ Charger ကေန ျဖဳတ္ပါ။ တစ္ညလံုး အားသြင္းထားျခင္းကို ေရွာင္ၾကဥ္ပါ။

Unicode Version

မိုဘိုင်းဖုန်းများမှာ ပြန်လည်အားဖြည့်နိုင်တဲ့ Lithium-Ion Battery များထည့်သွင်းထားပြီး သူတို့ဟာ သမားရိုးကျ ဘက်ထရီများထက် အားသွင်းရာမှာ ပိုမြန်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတစ်လုံးရဲ့ ပျမ်းမျှ ဘက်ထရီ သက်တမ်းဟာ တစ်ရက်လောက်သာခံပါတယ်။ အဲဒီအတွက် ညဘက်ရောက်ချိန်မှာ သင့်ဖုန်းဟာ အားကုန်နေမှာပါ။
ဒါ့ကြောင့်လည်း လူတွေဟာ ညဘက် အိပ်တဲ့ အခါမှာ ဖုန်းကို အားသွင်းတတ်ကြပါတယ်။ များသောအားဖြင့် ဖုန်းတစ်လုံးကို ၁ နာရီ၊ ၂ နာရီလောက် အားသွင်းရင် အားအပြည့်ဖြည့်နိုင်ပါတယ်။ တစ်ညလုံး အားသွင်းဖို့ မလိုပါဘူး။ ဒီလို တစ်ညလုံး အားသွင်းထားရင် ပြဿနာ ရှိနိုင်သလား?
အပေါ်ယံပြောရရင် အဖြေက နိုးပါ။ သင့်ဖုန်းဟာ အားအပြည့်ဖြည့်ပြီးတာနဲ့ Charger ကနေ အားစုပ်ယူမှု မရှိတော့ပါဘူးလို့ Cadex Electronics ရဲ့ မန်နေဂျာ John Bradshaw က ပြောပါတယ်။ ဘက်ထရီ ထုတ်လုပ်သူ Anker ရဲ့ ပြောရေးဆိုခွင့်ရှိသူ Edo Campos က “ ခေတ်ပေါ် စမတ်ဖုန်းများဟာ စမတ်ကျလာပါတယ်။ သူတို့မှာ လိုတာထက်ပိုပြီး အားမသွင်းမိအောင် ကာကွယ်ပေးတဲ့ Chip များပါပါတယ်။ အရည်အသွေးမြင့်တဲ့ Charger များမှာလည်း လိုတာထက် အားပိုလွှတ်ခြင်းကို တားဆီးပေးတဲ့ Chip များ ပါပါတယ်။ “ လို့ ပြောပါတယ်။
မကောင်းတဲ့ သတင်းက ဒီလိုပါ။ သင့် ဖုန်းဟာ ရာနှုန်းပြည့် အားသွင်းပြီးရင် Charger က အားသွင်းမှုကို ရပ်နားလိုက်ပါတယ်။ ဒါပေမယ့် ဖုန်းကို ပါဝါဖွင့်ထားတဲ့အတွက် အလုပ်များ လုပ်နေပါတယ်။ အဲဒီအတွက် အားက လျော့ကျသွားပါတယ်။ အဲဒီ အချိန်မှာ Charger က အားအပြည့် ထပ်ဖြည့်ပါတယ်။ ဒီလို အားလျော့သွားလိုက်၊ အားပြန်ဖြည့်လိုက်ဖြစ်နေတာဟာ ဖုန်းရဲ့ အပူချိန်ကို မြင့်မားစေသလို ဘက်ထရီရဲ့ သိုလှောင်နိုင်စွမ်းကိုလည်း ရေရှည်မှာ ကျဆင်းစေပါတယ်။ ဖုန်းကို တစ်ညလုံး အားသွင်းထားခြင်းဟာ သင့် ဖုန်းနဲ့ Charger တို့ကို အချိန်ပြည့် အလုပ်လုပ်စေပါတယ်။ အဲဒီအတွက် ဘက်ထရီရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။
ပညာရှင်များရဲ့ အကြံပေးချက်
ဖုန်းကို အားလုံး၀ ကုန်အောင် မသုံးပါနဲ့။ ဒီလို ပြုလုပ်ခြင်းဟာလည်း ဘက်ထရီ စွမ်းရည်ကို ထိခိုက်စေပါတယ်။ ၃၅ နဲ့ ၄၀ ရာခိုင်နှုန်းလောက်ရောက်တဲ့ အချိန်ဟာ အားသွင်းဖို့ အကောင်းဆုံးပါ။ ဒါဟာ ဘက်ထရီစွမ်းရည်ကိုလည်း မကျဆင်းစေပါဘူး။ အပူချိန် မြင့်မားခြင်းဟာ ဘက်ထရီ စွမ်းရည်ကို ကျဆင်းစေတဲ့အတွက် ဖုန်းကို အေးမြအောင်ထားပါ။ အားသွင်းမယ်ဆိုရင် Case ကို ချွတ်ထားပါ။ ၁၀၀ ရာခိုင်နှိုန်း အားပြည့်တာနဲ့ Charger ကနေ ဖြုတ်ပါ။ တစ်ညလုံး အားသွင်းထားခြင်းကို ရှောင်ကြဉ်ပါ။

Leave a Reply