Zawgyi Version
အားသာချက်
အားနည်းချက်
✕stable မဖြစ်ခြင်းး
Display
Software
Performance
Audio
Camera
ဘတ်ထရီ
Sony Xperia XZ2 technical specifications
DIMENSIONS: | 153 x 72 x 11.1 mm |
---|---|
WEIGHT: | 197 g |
BATTERY SIZE: | 3180 mAh |
SCREEN SIZE: | 5.7 in |
DISPLAY TECHNOLOGY: | LCD |
SCREEN: | 2160 x 1080 pixels (424 ppi) |
FRONT CAMERA: | 5 megapixels |
REAR CAMERA: | 19 megapixels |
FLASHLIGHT: | LED |
ANDROID VERSION: | 8.0 – Oreo |
USER INTERFACE: | Xperia UI |
RAM: | 4 GB |
INTERNAL STORAGE: | 64 GB |
REMOVABLE STORAGE: | microSD |
CHIPSET: | Qualcomm Snapdragon 845 |
NUMBER OF CORES: | 8 |
MAX. CLOCK SPEED: | 2.6 GHz |
CONNECTIVITY: | HSPA, LTE, NFC, Bluetooth 5.0 |
Unicode Version
ခြောက်လအကြာမှာ Sony ရဲ့ Xperia XZ1 က Sony Xperia XZ2 ရဲ့ဘေးဖယ်ထုတ်မှုကိုခံလိုက်ရပါတယ်။ ဘယ်အချက်တွေကများ Samsung နဲ့ Apple ကို ပြိုင်ဆိုင်နိုင်စေခဲ့တာလဲ။ Sony ဟာ သူ့ရဲ့အိုဟောင်းနေတဲ့ဒီဇိုင်းတွေကိုဖယ်ထုတ်လိုက်ပြီးတော့ feature အသစ်တွေကို exclusive လုပ်ပေးထားခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ သုံးသပ်ချက်အပြည့်အစုံကိုကြည့်လိုက်ရအောင်။
အားသာချက်
✓ကောင်းမွန်စွာ ကိုင်တွယ်ထားခြင်း
✓ကင်မရာအတွက် ခလုတ်တစ်ခုထားခြင်း
✓ဘတ်ထရီသက်တမ်းကောင်းမွန်ခြင်း
✓အားသွင်းစနစ်ကောင်းမွန်ခြင်း
✓ software update ဖြစ်နေခြင်း
✓မြန်ဆန်ပြီး တုံ့ပြန်အားကောင်းခြင်း
အားနည်းချက်
✕stable မဖြစ်ခြင်းး
✕OLED display မဟုတ်ခြင်း
✕Headphone jack မပါဝင်ခြင်း
✕ camera software ကစိတ်ကျေနပ်စရာမကောင်းခြင်း
ထွက်ရှိရက်နှင့်ဈေးနှုန်း
ယူအက်စ်ဈေးကွက်မှာတော့ ဈေးမသိရသေးပေမယ့် ယူကေမှာတော့ £699 ဖြစ်ပြီး ကြိုတင်အော်ဒါမှာယူနိုင်နေပါပြီ။ ဒေါ်လာ၉၇၀ လောက်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒီဇိုင်းနဲ့ တည်ဆောက်မှုအရည်အသွေး
နောက်ဆုံးတော့ သူ့ရဲ့ဒီဇိုင်းကိုခေတ်မီအောင် လုပ်ဆောင်လိုက်ပါပြီ။ လေးထောင့်နဲ့ အနားသတ်ရှင်းရှင်းဖုန်းတွေကို နှုတ်ဆက်လိုက်ပါပြီ။ အကွေးလေးတွေကို လက်ခံလိုက်ပါတယ်။
ကွေးညွှတ်ပြီးလုံးဝန်းတဲ့ထောင့်လေးတွေကို ဒီဇိုင်းပိုင်းအရ တွေ့မြင်ရမှာပါ။ အနောက်ပိုင်းကို ကျွန်တော်အလွန်ပဲသဘောကျမိပါတယ်။ အလူမီနီယမ်နဲ့ ဖန်သားကို အသုံးပြုထားပါတယ်။ ကိုင်ရတာတော့ ခံစားမှုအလွန်ကောင်းပါတယ်။ လေးလေးပင်ပင်ရှိတယ်လို့ခံစားရပါတယ်။ ၂၀၀ဂရမ်ရှိပြီးတော့ ကြံ့ခိုင်တာကို ခံစားမိပါတယ်။
အကွေးလေးတွေကတော့ အားနည်းချက်တစ်ခုလိုဖြစ်နေပါတယ်။ မျက်နှာပြင်က ပြားနေလို့ပါပဲ။ စမတ်ဖုန်းကို စားပွဲပေါ်မှာတင်ပြီးတော့ အသုံးပြုဖို့မလွယ်ပါဘူး။ တုန်ခါပြီးတော့ လည်နေပါလိမ့်မယ်။ သုံးချင်တယ်ဆိုရင် fidget spinner အနေနဲ့သုံးလို့ရပေမယ့်လည်း စိတ်ပျက်စရာလို့မြင်မိပါတယ်။
Sony က သူ့ရဲ့ fingerprint reader လေးကိုအနောက်ဘက်မှာ ရွှေ့လိုက်ပါတယ်။ ကျွန်တော်က fingerprint sensor ကို ကိုယ်ထည်မှာထားတာကြိုက်တဲ့သူပါ။ လက်ကြီးကြီးနဲ့ လက်ချောင်းရှည်တဲ့သူအတွက်ကတော့ အဆင်မပြေလောက်ပါဘူး။
Samsung ဟာ Galaxy S8 နဲ့ S8 Plus တို့မှာ fingerprint reader ရဲ့ နေရာကအဆိုးဆုံးဖြစ်နေတယ်လို့ ခံစားမိသလား။ ပြန်စဉ်းစားကြည့်ပါဦး။ လက်ကိုကိုယ်ထည်မှာထားလိုက်ချိန်တိုင်းမှာ ကင်မရာပေါ်ကိုတင်တင်မိနေပါတယ်။ fingerprint reader ပေါ်ကိုလက်တင်ပြီးတော့ ဖုန်းကိုဖွင့်ဖို့အတွက် လက်ကိုအတင်းကွေးပြီးတော့ တင်နေရမှာပါ။
အနောက်ဘက် hardware တည်နေရာအဆင်မပြေတဲ့အတွက်ကြောင့် ကျွန်တော်ကတော့ မကြိုက်ပါဘူး။ ဒါပေမယ့် ကြည့်ရတာတော့ မိုက်ပါတယ်။
Display
Sony က display ကို top-range ဖုန်းအဖြစ် Update လုုပ်ထားတာပါ။ XZ2 မှာ ၅.၇လက်မ IPS panel ၊ resolution က 1080×2160 pixel ကို အသုံးပြုထားပါတယ်။ resolution ကြည့်လိုက်တာနဲ့ 18:9 format ကို အသုံးပြုထားတာ သိနိုင်လောက်ပါတယ်။ အနားသတ်ဘောင်တွေလည်း လျှော့ထားပါတယ်။
ဒါဟာ တိုးတက်ပြောင်းလဲလာခြင်းမဟုတ်သေးပေမယ့်လည်း notch မပါခြင်းအတွက် အသိအမှတ်ပြုဖို့ကောင်းပါတယ်။
Triluminos display ကို Gorilla Glass 5 နဲ့ ဖုံးအုပ်ထားပြီး X-Reality Engine image processor ကလည်း ပိုမိုကောင်းမွန်တဲ့ ပုံရိပ်အရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ HDR content တွေကို standard BT.2020 နဲ့ ကိုက်ညီအောင်လည်း ထောက်ပံ့ပေးထားပါတယ်။
Software
Sony ကတော့ အထင်ကြီးအောင် လုပ်ထားပါတယ်။ Android 8.0 Oreo ကို အသုံးပြုထားပြီးတော့ April security patch ဖြစ်ပါတယ်။ software က ရှင်းလင်း၊ ပေါ့ပါး၊ မြန်ဆန်ပါတယ်။ ရှင်းစရာများများ မရှိပါဘူး။ Sony ကို ထုတ်လုုပ်သူတွေက နမူနာယူသင့်တယ်။ system ကို မလေးစေဘဲ function အပိုတွေ ထည့်နိုင်တယ်။
main feature တစ်ခုကတော့ Assist ဖြစ်ပါတယ်။ smartphone software function တွေကို လမ်းပြပေးမယ့် Sony ရဲ့ interactive guide လေးတစ်ခုဖြစ်ပါတယ်။ သင့်ရဲ့စမတ်ဖုန်းက ဘာတွေလုပ်နိုင်သလဲဆိုတာကို ရှင်းပြပေးမယ့် chatbot လေးတစ်ခုပါ။ စစချင်းမှာ အသုံးဝင်ပေမယ့်လည်း ကြာလာရင် သူ့ကိုမလိုအပ်တော့ပါဘူး။
ကြိုသွင်းထားတဲ့ Amazon Kindle ၊ AVG Security တို့ရှိပေမယ့်လည်း မကြိုက်ရင် ဖယ်ပစ်လို့ရပါတယ်။
Performance
သူ့မှာ သင်လိုအပ်တဲ့ ပါဝါတွေအကုန်ရှိပါတယ်။ Sony က အသုံးပြုထားတဲ့ SoC ကတော့ Qualcomm Snapdragon 845 ဖြစ်ပြီးတော့ Andreno 630 GPU ၊ 4GB RAM ၊ eight-core CPU တွေကို တွဲဖက်အသုံးပြုထားပါတယ်။ internal memory အမျိုးအစားကတော့ UFS 64GB ဖြစ်ပြီးတော့ microSD ကို 400GB အထိစိုက်နိုင်ပါတယ်။
သုံးနေတဲ့အချိန်မှာ ဂရပ်ဖစ်ပိုင်းအရ စိတ်ပျက်သွားစေတာမျိုး မရှိပါဘူး။ စမ်းသပ်ကြည့်တဲ့အခါ အမြန်ဆုံးစမတ်ဖုန်းလို့တောင် ပြောလို့ရပါတယ်။ နည်းနည်းတော့ မတင်မကျဖြစ်သွားစေနိုင်ပေမယ့်လည်း နှေးတာ၊ ရပ်တာမျိုး လုံးဝမရှိပါဘူး။
Audio
Xperia XZ2 မှာ စွမ်းဆောင်ရည်မြင့်တဲ့ stereo စပီကာနှစ်လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ ပထမတစ်ခုကတော့ ဖုန်းခေါ်ဆိုမှုအတွက် ear capsule ဖြစ်ပြီးတော့ နောက်တစ်ခုက အောက်ဘက် glass panel နားမှာရှိနေပါတယ်။
စပီကာတွေရဲ့အသံက ကောင်းမွန်ပြီးတော့ အသံကလည်း ကျယ်လောင်ပါတယ်။ ဗွီဒီယိုနဲ့ဂိမ်းဆော့တဲ့အပိုင်းမှာလည်း အလွန်ကောင်းမွန်ပါတယ်။ bass ကလည်း လုံလောက်ပါတယ်။ အသံအပြည့်ချဲ့ထားရင်တောင်မှ distortion တွေ မရှိပါဘူး။
XZ2 ကတော့ စမတ်ဖုန်းရဲ့ multimedia experience ကို အဆင့်မြှင့်တင်ထားတဲ့ Dynamic Vibration System ကို အသုံးပြုထားပါတယ်။ Sony က vibration motor ကို အသုံးပြုထားပြီးတော့ video နဲ့ audio content တွေကို physical vibration အဖြစ်နဲ့ ပြောင်းလဲပေးပါတယ်။
Level သုံးခုနဲ့ ချိန်ညှိနိုင်ပြီးတော့ မလိုချင်ဘူးဆိုရင်တော့ deactivate လုပ်နိုင်ပါတယ်။ screen ဖွင့်နေချိန်မှာ အလုပ်လုပ်တာဖြစ်လို့ သီချင်းနားထောင်ချိန်မှာ အလုပ်လုပ်မှာဖြစ်ပြီး အိတ်ကပ်ထဲထည့်ထားမယ်ဆိုရင် အလုပ်လုပ်မှာမဟုတ်ပါဘူး။
DVS ရဲ့ ရလဒ်ကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့်လည်း တိုးတက်အောင်လုပ်ဖို့လိုအပ်နေတုန်းပါပဲ။ noise လေးတွေလည်း ပါဝင်လာနိုင်ပါတယ်။
5mm audio jack ကို ဖယ်ထုတ်လိုက်ပေမယ့်လည်း headphone ကိုတော့ အစားထိုးခြင်း မရှိသေးပါဘူး။ USB Type C adapter လေးကိုတော့ ထည့်သွင်းပေးထားပါတယ်။ နောက်ပြီး Bluetooth audio ကို LDAC ၊ AptX HD နဲ့ AptX တို့နဲ့ တွဲဖက်ထားပါတယ်။ Android Oreo စမတ်ဖုန်းအားလုံးမှာတောင် မရနိုင်သေးပါဘူး။
Camera
Sony Motion Eye ကင်မရာကတော့ မပြောင်းပါဘူး။ sensor ကတော့ 19MP ၊ focal aperture of f/2.0 ၊ 5-axis electronic stabilizer ဖြစ်ပါတယ်။ BIONZ image processor အသစ်က စမတ်ဖုန်းကို 4K HDR video (30fps) ၊ super slow motion video တွေကို FullHD resolution (960fps) နဲ့ရိုက်ကူးနိုင်စေမှာ ဖြစ်ပါတယ်။ အရှေ့ကင်မရာက 5MP ဖြစ်ပြီးတော့ လုံးဝမိုက်ပါတယ်။
ခြုံကြည့်ရမယ်ဆိုရင်တော့ ရိုက်ချက်တွေအားလုံးက XZ1 ထက်ကောင်းမွန်ပါတယ်။ အရည်အသွေးကိုတော့ Sony software နဲ့ ထိန်းချုပ်ထားပါတယ်။ photo sensor တွေထုတ်ပေးနေတဲ့သူကြီးက သူ့စမတ်ဖုန်းမှာ ဒီလောက်ပဲဆိုတော့ ယုံချင်စရာတောင် မရှိပါဘူး။
3D creator mode ကတော့ update လုပ်ထားပြီးတော့ အရှေ့ကင်မရာကနေလည်း scan ဖတ်လိုက်ပါတယ်။ scan ဖတ်ဖို့ သူများကို အကူအညီတောင်းစရာမလိုတော့ပါဘူး။
ဘတ်ထရီ
3180 mAh ပဲ ပါဝင်ပါတယ်။ Galaxy S9 Plus နဲ့ယှဉ်ကြည့်လိုက်မယ်ဆိုရင်တော့ မျှော်လင့်ချက်မရှိပါဘူး။ ဒါပေမယ့်လည်း နံပါတ်တွေက အပြည့်အစုံမပြောပြနိုင်ပါဘူး။
Sony Xperia XZ2 ဟာ သူ့ရဲ့ software feature ၊ intelligent charging တွေကြောင့် အတော်လေး သက်တမ်းမြင့်တယ်လို့ ပြောရမယ်။
Quick charging ကို Quick Charge 3.0 standard ၊ Wireless Qi charging တွေနဲ့ အသုံးပြုနိုင်ပါတယ်။
နောက်ဆုံးသုံးသပ်ကြည့်ခြင်း
Sony က သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ တိုးတက်လာတယ်ဆိုတာ ဖော်ပြထားပါတယ်။ Xperia XZ2 က အရေးပါတဲ့အမျိုးအစားတွေအားလုံးကို ထည့်သွင်းထားပါတယ်။ software ကလည်း မြန်ဆန်ပြီးတော့ bloatware တွေကင်းလွတ်တယ်၊ ဘတ်ထရီကလည်း သက်တမ်းကောင်းတယ်။ မိုက်ပါတယ်။
Xperia XZ2 ရဲ့ အခက်အခဲကတော့ လူတွေရဲ့စိတ်ကိုဆွဲဆောင်နိုင်တဲ့ အချက်အလက်တွေမရှိတာပါပဲ၊ OLED display ၊ အထင်ကြီးစရာ အချက်အလက်များ၊ ကင်မရာ စတာတွေကို ဝယ်ချင်စိတ်မဖြစ်နိုင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။
ဒေါ်လာ၉၀၀လောက်နဲ့ စမတ်ဖုန်းကောင်းကောင်းတစ်လုံးရနိုင်တယ်ဆိုတာ သင်သိမှာပါ။ ထောင့်ပေါင်းစုံကကြည့်လိုက်ရင် ဖုန်းကောင်းတစ်လုံးဆိုတာ သိသာပါတယ်။ ဒါပေမယ့် ယှဉ်ပြိုင်မှုတွေများတဲ့နေရာမှာ လူတွေရဲ့စိတ်အာရုံကိုဖမ်းယူနိုင်ဖို့ကတော့ ခက်ခဲပါတယ်။