Zawgyi Version
Sip Safe က ပြဲလမ္းေတြသြားတဲ့အခါ ၀တ္ဆင္စရာတစ္ခုအေနနဲ႕ ျဖစ္လာႏုိင္ပါတယ္။
ပြဲေတြ၊ ဘားေတြသြားတဲ့အခါမွာ ကိုယ္ေသာက္ေနတဲ့ခြက္ကို မ်က္ေျခမျပတ္ၾကည့္ေနဖို႕လိုတယ္ဆိုတာ သိထားျပီးျဖစ္မွာပါ။ သူစိမ္းေတြကိုသတိထားပါ။ ကိုယ့္ဖန္ခြက္နားမွာ ဘယ္သူရွိသလဲဆိုတာကို သတိျပဳေနဖို႕လိုတယ္မလား။
ၾသစေတးလ်က ဖန္တီးမႈေလးတစ္ခုက ဒီလိုစိတ္ပူေနရမယ့္အလုပ္ေတြကို ဖယ္ရွားေပးလိုက္္ႏုိင္ပါတယ္။
Sip Safe ဆိုတာကေတာ့ concert နဲ႕ festival ေတြအတြက္ သင့္ခြက္ထဲမွာ ေဆးခတ္ထားသလားဆိုတာ စစ္ေဆးေပးမယ့္ wristband ေလးတစ္ခုျဖစ္ပါတယ္။ ခြက္ထဲကအရည္ကို band ေပၚက ေနရာႏွစ္ကြက္မွာတင္လိုက္ပါ။ တစ္မိနစ္ေလာက္ေစာင့္ျပီးေတာ့ အရည္ေတြခမ္းသြားတာကို ေစာင့္ၾကည့္လုိက္ပါ။ အျပာရင့္ေလးကိုျမင္လိုက္ရျပီဆိုရင္ေတာ့ ေဆးခတ္ခံထားရပါျပ။ိ
ဒီလိုပစၥည္းေလးကေတာ့ ပထမဆံုးမဟုတ္ေတာ့ပါဘူး။ ကၽြန္ေတာ္တို႕ ဖန္ခြက္နဲ႕လည္း ေတြ႕ျမင္ခဲ့ရျပီးပါျပီ။ လက္သည္းပံုစံနဲ႕လည္းရွိပါတယ္။
Australian creative agency Y&R ANZ ရဲ႕ ပညာရွင္ေတြကေတာ့ Monash University နဲ႕ ပူးေပါင္းျပီးေတာ့လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။
ဒီေကာင္ေလးကို ၂၀၁၇ခုႏွစ္မွာ ေက်ာင္းေတြကိုသြားျပီး စမ္းသပ္ခဲ့ပါတယ္။ အခုဆိုရင္ေတာ့ အြန္လိုင္းကေန ေအာ္ဒါမွာလို႕ရေနျပီပဲ ျဖစ္ပါတယ္။ ဒီႏွစ္ ၾသစေတးလ်ရဲ႕ လူငယ္ေပ်ာ္ပြဲရႊင္ပြဲေတြမွာလည္း ျဖန္႕ခ်ိသြားမွာပါ။
ဒီပစၥည္းေလက ေဆးခတ္ခံရမႈနဲ႕ပတ္သတ္ျပီးေတာ့ ေလွ်ာ့ခ်ႏုိင္လိမ့္မယ္လို႕ေမွ်ာ္လင့္ထားၾကပါတယ္။ ဒီလိုပစၥည္းကို လူမႈအသိုင္းအ၀ို္င္းကလည္း ၾကိဳဆိုၾကမယ္လို႕ ေမွ်ာ္လင့္ပါတယ္။
Unicode Version
Sip Safe က ပွဲလမ်းတွေသွားတဲ့အခါ ဝတ်ဆင်စရာတစ်ခုအနေနဲ့ ဖြစ်လာနိုင်ပါတယ်။
ပွဲတွေ၊ ဘားတွေသွားတဲ့အခါမှာ ကိုယ်သောက်နေတဲ့ခွက်ကို မျက်ခြေမပြတ်ကြည့်နေဖို့လိုတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ သူစိမ်းတွေကိုသတိထားပါ။ ကိုယ့်ဖန်ခွက်နားမှာ ဘယ်သူရှိသလဲဆိုတာကို သတိပြုနေဖို့လိုတယ်မလား။
သြစတေးလျက ဖန်တီးမှုလေးတစ်ခုက ဒီလိုစိတ်ပူနေရမယ့်အလုပ်တွေကို ဖယ်ရှားပေးလိုက်နိုင်ပါတယ်။
Sip Safe ဆိုတာကတော့ concert နဲ့ festival တွေအတွက် သင့်ခွက်ထဲမှာ ဆေးခတ်ထားသလားဆိုတာ စစ်ဆေးပေးမယ့် wristband လေးတစ်ခုဖြစ်ပါတယ်။ ခွက်ထဲကအရည်ကို band ပေါ်က နေရာနှစ်ကွက်မှာတင်လိုက်ပါ။ တစ်မိနစ်လောက်စောင့်ပြီးတော့ အရည်တွေခမ်းသွားတာကို စောင့်ကြည့်လိုက်ပါ။ အပြာရင့်လေးကိုမြင်လိုက်ရပြီဆိုရင်တော့ ဆေးခတ်ခံထားရပါပြ။ိ
ဒီလိုပစ္စည်းလေးကတော့ ပထမဆုံးမဟုတ်တော့ပါဘူး။ ကျွန်တော်တို့ ဖန်ခွက်နဲ့လည်း တွေ့မြင်ခဲ့ရပြီးပါပြီ။ လက်သည်းပုံစံနဲ့လည်းရှိပါတယ်။
Australian creative agency Y&R ANZ ရဲ့ ပညာရှင်တွေကတော့ Monash University နဲ့ ပူးပေါင်းပြီးတော့လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီကောင်လေးကို ၂၀၁၇ခုနှစ်မှာ ကျောင်းတွေကိုသွားပြီး စမ်းသပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ အွန်လိုင်းကနေ အော်ဒါမှာလို့ရနေပြီပဲ ဖြစ်ပါတယ်။ ဒီနှစ် သြစတေးလျရဲ့ လူငယ်ပျော်ပွဲရွှင်ပွဲတွေမှာလည်း ဖြန့်ချိသွားမှာပါ။
ဒီပစ္စည်းလေက ဆေးခတ်ခံရမှုနဲ့ပတ်သတ်ပြီးတော့ လျှော့ချနိုင်လိမ့်မယ်လို့မျှော်လင့်ထားကြပါတယ်။ ဒီလိုပစ္စည်းကို လူမှုအသိုင်းအဝိုင်းကလည်း ကြိုဆိုကြမယ်လို့ မျှော်လင့်ပါတယ်။