ေဒၚလာ၄၀နဲ႔ေရာင္းခ်လိုက္တဲ့ XIAOMI ရဲ႕လက္ေဗြဖတ္စနစ္နဲ႔ mouse

0
1953

 

Unicode Version

Xiaomi အနေနဲ့ ပြီးခဲ့တဲ့မတ်လ၁ရက်နေ့က အဆင့်မြင့်စမတ်မောက်စ်တစ်ခုကို ထုတ်လုပ်သွားဖို့ရှိတယ်လို ဆိုခဲ့ပြီး အခုတော့ လက်ဗွေလုံခြုံရေးစနစ်ပါ စမတ် mouse တစ်မျိုးကို Xiaomi ရဲ့ product store မှာ တရားဝင် ရောင်းချနေပြီ ဖြစ်ပါတယ်။ ဒီစမတ် mouse ဟာ ရိုးရိုး mouse တစ်လုံးရဲ့ ဒီဇိုင်းမှာမှ scroll wheel ရဲ့ အရှေ့မှာ fingerprint sensor တစ်ခု ထည့်ထားတာပါ။ ဒီ fingerprint ကနေ တစ်ဆင့် ဖိုင်တွေကို အလွယ်တကူ encrypt လုပ်ပြီး ဝှက်ထားနိုင်သလို အင်တာနက်အကောင့်ထဲကိုလည်း log in ဝင်နိုင်မှာ ဖြစ်ပါတယ်။

Mouse ကို ဒီဇိုင်းထုတ်တဲ့ ကုမ္ပဏီကတော့ Dingju Innovation ကုမ္ပဏီ ဖြစ်ပြီး Lenovo ဘက်ကလည်း ဒီထုတ်ကုန်မှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ထားပါတယ်။ လုံခြံုရေးစနစ်ပိုင်းမှာ Microsoft Security ရဲ့ ထောက်ခံချက်ရထားပြီး စျေးနှုန်းကိုတော့ ၂၄၉ ယွမ်(ဒေါ်လာ၄၀)သတ်မှတ်ထားပါတယ်။ လက်ဗွေဖတ်စနစ်ဆင်ဆာဟာ ထိတွေ့လိုက်တာနဲ တုန့်ပြန်နိုင်စွမ်းကောင်းမွန်ပြီး 1600dpi multi-surface adaptive စနစ်ကိုသုံးထားပါတယ်။ လက်ဝဲနဲ့လက်ယာကီးတွေကလည်း အကြိမ် ၅သန်းအထိ ကလစ်ပြုလုပ်နိုင်ပါလိမ့်မယ်။ mouse မှာ ပါတဲ့ လက်ဗွေစနစ်ဟာ အွန်လိုင်း banking app များ ၊ အီးမေးလ် ၊ ဝက်ဘ်ဆိုက်နဲ ့အခြား အင်တာနက် အကောင့်များထဲ log in ဝင်ဖို ့သုံးနိုင်မှာ ဖြစ်လို ့ဆန်းသစ်တဲ့ ထုတ်ကုန်လို ့လည်း ဆိုနိုင်ပါတယ်။ အနက် ၊ တိုက်တေနီယံဖြူနဲ ့ငွေဖြူရောင် ဆိုပြီး အရောင်၃ မျိုးနဲ့ထွက်ထားပါတယ်။

Zawgyi Version

Xiaomi အေနနဲ႔ ၿပီးခဲ့တဲ့မတ္လ၁ရက္ေန႔က အဆင့္ျမင့္စမတ္ေမာက္စ္တစ္ခုကို ထုတ္လုပ္သြားဖုိ႔ရွိတယ္လို ဆိုခဲ့ၿပီး အခုေတာ့ လက္ေဗြလံုျခံဳေရးစနစ္ပါ စမတ္ mouse တစ္မ်ိဳးကို Xiaomi ရဲ့ product store မွာ တရားဝင္ ေရာင္းခ်ေနျပီ ျဖစ္ပါတယ္။ ဒီစမတ္ mouse ဟာ ရိုးရိုး mouse တစ္လံုးရဲ့ ဒီဇိုင္းမွာမွ scroll wheel ရဲ့ အေရွ့မွာ fingerprint sensor တစ္ခု ထည့္ထားတာပါ။ ဒီ fingerprint ကေန တစ္ဆင့္ ဖုိင္ေတြကို အလြယ္တကူ encrypt လုပ္ျပီး ဝွက္ထားႏိုင္သလို အင္တာနက္အေကာင့္ထဲကုိလည္း log in ဝင္ႏိုင္မွာ ျဖစ္ပါတယ္။

Mouse ကို ဒီဇိုင္းထုတ္တဲ့ ကုမၸဏီကေတာ့ Dingju Innovation ကုမၸဏီ ျဖစ္ျပီး Lenovo ဘက္ကလည္း ဒီထုတ္ကုန္မွာ ရင္းႏွီးျမွပ္ႏွံမႈေတြ လုပ္ထားပါတယ္။ လံုျခံဳေရးစနစ္ပိုင္းမွာ Microsoft Security ရဲ့ ေထာက္ခံခ်က္ရထားျပီး ေစ်းႏႈန္းကိုေတာ့ ၂၄၉ ယြမ္(ေဒၚလာ၄၀)သတ္မွတ္ထားပါတယ္။ လက္ေဗြဖတ္စနစ္ဆင္ဆာဟာ ထိေတြ႕လိုက္တာနဲ တုန္႔ျပန္ႏုိင္စြမ္းေကာင္းမြန္ၿပီး 1600dpi multi-surface adaptive စနစ္ကိုသုံးထားပါတယ္။ လက္ဝဲနဲ႔လက္ယာကီးေတြကလည္း အႀကိမ္ ၅သန္းအထိ ကလစ္ျပဳလုပ္ႏိုင္ပါလိမ့္မယ္။ mouse မွာ ပါတဲ့ လက္ေဗြစနစ္ဟာ အြန္လိုင္း banking app မ်ား ၊ အီးေမးလ္ ၊ ဝက္ဘ္ဆိုက္နဲ ့အျခား အင္တာနက္ အေကာင့္မ်ားထဲ log in ဝင္ဖို ့သံုးႏိုင္မွာ ျဖစ္လို ့ဆန္းသစ္တဲ့ ထုတ္ကုန္လို ့လည္း ဆိုႏိုင္ပါတယ္။ အနက္ ၊ တိုက္ေတနီယံျဖဴနဲ ့ေငြျဖဴေရာင္ ဆိုၿပီး အေရာင္၃ မ်ိဳးနဲ့ထြက္ထားပါတယ္။

Leave a Reply