13000 mAh စြမ္းအားဘက္ထရီနဲ႔ Ulefone Power 5

0
2187

Unicode version

ဘက်ထရီကြီးမားတဲ့စမတ်ဖုန်းတွေကို ထုတ်လုပ်နေတဲ့ Ulefone က Ulefone Power 5 ကို ကြေညာလိုက်ပါတယ်။Ulefone Power 5 မှာ ဘက်ထရီ စွမ်းအားက 13000 mAh အထိ ပါ၀င်လာမှာဖြစ်ပါတယ်။ ပုံမှန်အသုံးပြုမယ်ဆိုရင် တစ်ကြိမ် အားအပြည့်သွင်းထားရုံဖြင့် အနည်းဆုံး ရ ရက်တိုင်တိုင် အသုံးပြုနိုင်မယ့်ပမာဏ ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူများအနေဖြင့် တစ်နှစ်လျှင် ၅၂ ကြိမ်မျှသာ အားသွင်းရမှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ အားသွင်းရာမှာ လုံခြုံစိတ်ချမှုရအောင် လုပ်ထားတဲ့အပြင် 5V/5A ဖြင့် အလျှင်အမြန်အားသွင်းနိုင်အောင် ထောက်ပံ့ထားပါသေးတယ်။ အားအပြည့်အသွင်းဖို့ ၂.၅ နာရီပဲ အချိန်ယူရပါမယ်။ ဒါ့အပြင် 10W ဖြင့် ကြိုးမဲ့အလျှင်အမြန်အားသွင်းနိုင်ပါတယ်။

မျက်နှာပြင် ၆ လက်မရှိပြီး 18:9 FullHD+ ရုပ်ထွက်နှင့်ထောက်ပံ့ထားပါတယ်။ ကျောဘက်မှာ သားရေနှင့် သတ္တုတို့ကို ပေါင်းစပ်ပြီး တည်ဆောက်ထားတာကြောင့် မာကျောကျစ်လစ်ပါတယ်။ Ulefone Power 5 မှာ ပမာဏ များစွာ ပါ၀င်တဲ့အပြင် ဒီဖုန်းမှာ သုံးထားတဲ့စနစ်များကလည်း ကျစ်လစ်ကောင်းမွန်နေတာ တွေ့ရပါတယ်။ MTK6763 Octa-core SoC နှင့် ပါ၀ါထောက်ပံ့ထားပြီး RAM6GB ၊ Storage 64GB ပါ၀င်ပါတယ်။

သူ့မှာ ကျောဘက်ကင်မရာနှစ်လုံးအပြင် ရှေ့ကင်မရာနှစ်လုံး ပါ၀င်တာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးက 21MP+5MP ဖြစ်ပြီး ရှေ့ကင်မရာနှစ်လုံးက 13MP+5MP ဖြစ်ပါတယ်။ OIS စနစ်ပါ၀င်တာကြောင့် ဓာတ်ပုံရိုက်ကူးတဲ့အခါ လက်လှုပ်သွားမှာကို စိုးရိမ်စရာမလိုပါဘူး။ လက်ဗွေရာစနစ်ကို ဖုန်းရဲ့ဘောင်မှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Face Unlock စနစ်လည်း ပါ၀င်ပါသေးတယ်။ ဒီဖုန်းကို ဧပြီလ ၂၄ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး ကြိုတင်အမှာပြုလုပ်နိုင်ပါပြီ။

Zawgyi Version

ဘက္ထရီႀကီးမားတဲ့စမတ္ဖုန္းေတြကို ထုတ္လုပ္ေနတဲ့ Ulefone က Ulefone Power 5 ကုိ ေၾကညာလိုက္ပါတယ္။Ulefone Power 5 မွာ ဘက္ထရီ စြမ္းအားက 13000 mAh အထိ ပါ၀င္လာမွာျဖစ္ပါတယ္။ ပံုမွန္အသံုးျပဳမယ္ဆိုရင္ တစ္ႀကိမ္ အားအျပည့္သြင္းထား႐ံုျဖင့္ အနည္းဆံုး ၇ ရက္တုိင္တိုင္ အသံုးျပဳႏုိင္မယ့္ပမာဏ ျဖစ္ပါတယ္။ ဒါေၾကာင့္ အသံုးျပဳသူမ်ားအေနျဖင့္ တစ္ႏွစ္လွ်င္ ၅၂ ႀကိမ္မွ်သာ အားသြင္းရမွာ ျဖစ္ပါတယ္။ ဒီဖုန္းမွာ အားသြင္းရာမွာ လံုၿခံဳစိတ္ခ်မႈရေအာင္ လုပ္ထားတဲ့အျပင္ 5V/5A ျဖင့္ အလွ်င္အျမန္အားသြင္းႏုိင္ေအာင္ ေထာက္ပံ့ထားပါေသးတယ္။ အားအျပည့္အသြင္းဖုိ႔ ၂.၅ နာရီပဲ အခ်ိန္ယူရပါမယ္။ ဒါ့အျပင္ 10W ျဖင့္ ႀကိဳးမဲ့အလွ်င္အျမန္အားသြင္းႏုိင္ပါတယ္။

မ်က္ႏွာျပင္ ၆ လက္မရွိၿပီး 18:9 FullHD+ ႐ုပ္ထြက္ႏွင့္ေထာက္ပံ့ထားပါတယ္။ ေက်ာဘက္မွာ သားေရႏွင့္ သတၱဳတို႔ကုိ ေပါင္းစပ္ၿပီး တည္ေဆာက္ထားတာေၾကာင့္ မာေက်ာက်စ္လစ္ပါတယ္။ Ulefone Power 5 မွာ ပမာဏ မ်ားစြာ ပါ၀င္တဲ့အျပင္ ဒီဖုန္းမွာ သံုးထားတဲ့စနစ္မ်ားကလည္း က်စ္လစ္ေကာင္းမြန္ေနတာ ေတြ႔ရပါတယ္။ MTK6763 Octa-core SoC ႏွင့္ ပါ၀ါေထာက္ပံ့ထားၿပီး RAM6GB ၊ Storage 64GB ပါ၀င္ပါတယ္။

သူ႕မွာ ေက်ာဘက္ကင္မရာႏွစ္လံုးအျပင္ ေရွ႕ကင္မရာႏွစ္လံုး ပါ၀င္တာ ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာႏွစ္လံုးက 21MP+5MP ျဖစ္ၿပီး ေရွ႕ကင္မရာႏွစ္လံုးက 13MP+5MP ျဖစ္ပါတယ္။ OIS စနစ္ပါ၀င္တာေၾကာင့္ ဓာတ္ပံု႐ုိက္ကူးတဲ့အခါ လက္လႈပ္သြားမွာကုိ စိုးရိမ္စရာမလိုပါဘူး။ လက္ေဗြရာစနစ္ကုိ ဖုန္းရဲ႕ေဘာင္မွာ ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ Face Unlock စနစ္လည္း ပါ၀င္ပါေသးတယ္။ ဒီဖုန္းကုိ ဧၿပီလ ၂၄ ရက္ေန႔မွာ စတင္ေရာင္းခ်မွာ ျဖစ္ၿပီး ႀကိဳတင္အမွာျပဳလုပ္ႏုိင္ပါၿပီ။

 

Leave a Reply