Touch ID နဲ႔ A10 Fusion ပါတဲ့ iPhone SE အသစ္ကို ေမလမွာ ေရာင္းႏုိင္

0
2122

Zawgyi Version

ေပါက္ၾကားထြက္ေပၚလာတဲ့ သတင္း မ်ားအရ Apple ဟာ iPhone SE အသစ္ကို ေမလမွာ ေရာင္းခ်ႏုိင္ပါတယ္။ သူဟာ မူလ ေမာ္ဒယ္နဲ႔ ပံုသ႑ာန္ တူညီၿပီး Touch ID  လည္းပါလာဦးမွာပါ။ သူ႔မွာ ၄ လက္မ အရြယ္ မ်က္ႏွာျပင္ ပါလာမွာပါ။

သူဟာ iPhone 7 မွာလို နားၾကပ္ေပါက္ မပါလာႏုိင္ပါဘူး။ ထြက္ေပၚေနတဲ့ သတင္းမ်ားသာ မွန္မယ္ဆိုရင္ iPhone 6s , iPhone 6s Plus တို႔ကို စက္တင္ဘာလမွ စကာ ေရာင္းခ်မွာ မဟုတ္ေတာ့ဘဲ Apple ဟာ အဲဒီေနာက္ပိုင္းမွာ နားၾကပ္ေပါက္ပါတဲ့ အိုင္ဖုန္းမ်ားကို လံုး၀ ေရာင္းခ်မွာ မဟုတ္ပါဘူး။

iPhone 7 , iPhone 7 Plus တို႔မွာလိုပဲ iPhone SE အသစ္မွာ Apple ရဲ႕ ေနာက္ဆံုးထုတ္ A10 Fusion Chip ပါလာမွာပါ။ သူဟာ လက္ရွိ iPhone SE ရဲ႕ A9 Processor ထက္  ၄၀ ရာခုိင္ႏႈန္း ပိုမို လွ်င္ျမန္ပါတယ္။ အဲဒီ Chip ဟာ HIEF Image Format နဲ႔ HEVC Video Compression Standard မ်ားကိုလည္း ေထာက္ပံ့ႏိုင္္ပါတယ္။

iPhone SE အသစ္ရဲ႕ အေနာက္ဘက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားၿပီး iPhone 8 , iPhone 8 Plus , iPhone X  တို႔မွာလို  ႀကိဳးမဲ့အားသြင္းစနစ္ ပါလာႏိုင္ပါတယ္။ သူ႔မွာ 2GB RAM ပါလာၿပီး 32GB or 128GB Storage  မ်ား ေရြးခ်ယ္ႏုိင္မယ္လို႔ သိရပါတယ္။ သူ႔ကို ၃၄၉ ေဒၚလာ၀န္းက်င္ျဖင့္ ေရာင္းခ်ႏိုင္ပါတယ္။

Unicode Version

ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်း များအရ Apple ဟာ iPhone SE အသစ်ကို မေလမှာ ရောင်းချနိုင်ပါတယ်။ သူဟာ မူလ မော်ဒယ်နဲ့ ပုံသဏ္ဍာန် တူညီပြီး Touch ID လည်းပါလာဦးမှာပါ။ သူ့မှာ ၄ လက်မ အရွယ် မျက်နှာပြင် ပါလာမှာပါ။
သူဟာ iPhone 7 မှာလို နားကြပ်ပေါက် မပါလာနိုင်ပါဘူး။ ထွက်ပေါ်နေတဲ့ သတင်းများသာ မှန်မယ်ဆိုရင် iPhone 6s , iPhone 6s Plus တို့ကို စက်တင်ဘာလမှ စကာ ရောင်းချမှာ မဟုတ်တော့ဘဲ Apple ဟာ အဲဒီနောက်ပိုင်းမှာ နားကြပ်ပေါက်ပါတဲ့ အိုင်ဖုန်းများကို လုံး၀ ရောင်းချမှာ မဟုတ်ပါဘူး။
iPhone 7 , iPhone 7 Plus တို့မှာလိုပဲ iPhone SE အသစ်မှာ Apple ရဲ့ နောက်ဆုံးထုတ် A10 Fusion Chip ပါလာမှာပါ။ သူဟာ လက်ရှိ iPhone SE ရဲ့ A9 Processor ထက် ၄၀ ရာခိုင်နှုန်း ပိုမို လျှင်မြန်ပါတယ်။ အဲဒီ Chip ဟာ HIEF Image Format နဲ့ HEVC Video Compression Standard များကိုလည်း ထောက်ပံ့နိုင်ပါတယ်။
iPhone SE အသစ်ရဲ့ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပြီး iPhone 8 , iPhone 8 Plus , iPhone X တို့မှာလို ကြိုးမဲ့အားသွင်းစနစ် ပါလာနိုင်ပါတယ်။ သူ့မှာ 2GB RAM ပါလာပြီး 32GB or 128GB Storage များ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ သူ့ကို ၃၄၉ ဒေါ်လာဝန်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။

Leave a Reply