Dual ကင္မရာ tele lens နဲ႔ Meizu 15 ၊15 Plus ကိုမိတ္ဆက္

0
1738

Unicode Version

Meizu က ၅.၉၅ လက်မ အရွယ် AMOLED Display တပ်ဆင်ထားတဲ့ 15 Plus ကို မိတ်ဆက်လိုက်ပါတယ်။ မျက်နှာပြင် အရည်အသွေးမှာ QHD ဖြစ်ပါတယ်။ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို မသုံးထားဘဲ 16:9 ကိုသာ သုံးထားပါတယ်။ ဉာဏ်ရည်တု နည်းပညာလည်း ပါပါတယ်။ သူ့မှာ ထည့်ပေးထားတဲ့ Chipset ကတော့ ယခင်နှစ်ထုတ် Samsung ရဲ့ စွမ်းရည်မြင့် ဖုန်းများမှာပါတဲ့ Exynos 8895 ကို ထည့်ပေးထားပါတယ်။ 6GB RAM ထည့်ပေးထားပြီး 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot တော့ မပါပါဘူး။
အနောက်ဘက်မှာ 12MP+20MP Dual Camera တပ်ဆင်ထားပြီး Meizuက သူ့ထုတ်ဖူးသမျှ ဖုန်းများထဲမှာ အကောင်းဆုံး ကင်မရာများဖြစ်တယ်လို့ ပြောပါတယ်။ ကင်မရာများမှာ OIS နဲ့ EIS Stabilization များ ပါပါတယ်။ အရှေ့ဘက်မှာတော့ 20MP Camera တစ်လုံး ထည့်ပေးထားပါတယ်။


ထူးခြားဆန်းသစ်မှုနဲ့ တိုးတက်မှုပေါင်း ၁၀၀ ကျော်ပါတယ်လို့ ကုမ္ပဏီက ပြောတဲ့ Flyme V7.0 အသစ်ကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Apple Taptic Engine နဲ စွမ်းရည်တူတဲ့ Haptic Feedback System ဖြစ်တဲ့ mEngine အသစ်အတွက် ဂုဏ်ယူတယ်လို့ Meizuက ပြောပါတယ်။ ၀.၀၈ စက္ကန့်အတွင်းမှာ ဖုန်းကို Unlock လုပ်ပေးနိုင်တဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ တစ်ခု ပါပါတယ်။ တရုတ် ဉာဏ်ရည်တု နည်းပညာ ကုမ္ပဏီ Sensetime ရဲ့ မျက်နှာ အာရုံခံ နည်းပညာလည်း ပါပါတယ်။ ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် တည်ဆောက်ထားပါတယ်။ 3500mAh Battery ပါပြီး အနက်၊ အညိုနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ တန်ဖိုးနည်း မော်ဒယ်ကို ယွမ် ၃၀၀၀ နဲ့ တန်ဖိုးကြီး မော်ဒယ်ကို ယွမ် ၃၃၀၀ သတ်မှတ်ထားပါတယ်။

Meizu M15 မှာတော့ မျက်နှာပြင် 5.46”  AMOLED screen ဖြစ်ပြီး 1080p resolution ဖော်ပြနိုင်စွမ်းရှိမှာပါ။ ပရိုဆက်ဆာပိုင်းမှာတော့ Snapdragon 660 ကိုသာသုံးထားပြီး CPU နဲ့  GPUဟာအလယ်အလတ်ဆင့်စွမ်းဆောင်ရည်သာရှိပါတယ်။ 4 GB RAM နဲ့ဖြစ်ပြီး အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 64 GB နဲ့ 128 GB ဆိုပြီးရွေးချယ်နိုုင်မှာပါ။ ကင်မရာပိုင်းမှာတော့ 15 Plus နဲ့စွမ်းဆောင်ချက်ရော ပါဝင်မှုရောတူညီပါတယ်။ သို့ပေမယ့် သူ့မှာတော့ EIS စွမ်းဆောင်အပါဘဲ OIS သာသီးသန့်ပါပါတယ်။ ဘက်ထရီကတော့ 3,000 mAh ဖြစ်ပြီး24W အားသွင်းစနစ်နဲ့ပါ။ အရောင်ကိုတော့ အဖြူရောင်၊အနက်ရောင်၊အပြာရောင်နဲ့ ရွှေရောင်ဆိုပြီးရွေးချယ်နိုင်မှာပါ။ စျေးနှုန်းကတော့ အခြေခံမော်ဒယ်က ယွမ် ၂၅၀၀ နဲ့ဖြစ်ပြီး 128GB ကိုတော့ ယွမ် ၂၈၀၀ သတ်မှတ်ထားပါတယ်။

Zawgyi version

Meizu က ၅.၉၅ လက္မ အရြယ္ AMOLED Display တပ္ဆင္ထားတဲ့ 15 Plus ကို မိတ္ဆက္လိုက္ပါတယ္။ မ်က္ႏွာျပင္ အရည္အေသြးမွာ QHD ျဖစ္ပါတယ္။ ေခတ္စားေနတဲ့ 18:9 မ်က္ႏွာျပင္ အခ်ိဳးကို မသံုးထားဘဲ 16:9 ကိုသာ သံုးထားပါတယ္။ ဥာဏ္ရည္တု နည္းပညာလည္း ပါပါတယ္။ သူ႔မွာ ထည့္ေပးထားတဲ့ Chipset ကေတာ့ ယခင္ႏွစ္ထုတ္ Samsung ရဲ႕ စြမ္းရည္ျမင့္ ဖုန္းမ်ားမွာပါတဲ့ Exynos 8895 ကို ထည့္ေပးထားပါတယ္။ 6GB RAM ထည့္ေပးထားၿပီး 64GB or 128GB Storage မ်ား ေရြးခ်ယ္ႏိုင္ပါတယ္။ microSD Card Slot ေတာ့ မပါပါဘူး။
အေနာက္ဘက္မွာ 12MP+20MP Dual Camera တပ္ဆင္ထားၿပီး Meizuက သူ႔ထုတ္ဖူးသမွ် ဖုန္းမ်ားထဲမွာ အေကာင္းဆံုး ကင္မရာမ်ားျဖစ္တယ္လို႔ ေျပာပါတယ္။ ကင္မရာမ်ားမွာ OIS နဲ႔ EIS Stabilization မ်ား ပါပါတယ္။ အေရွ႕ဘက္မွာေတာ့ 20MP Camera တစ္လံုး ထည့္ေပးထားပါတယ္။
ထူးျခားဆန္းသစ္မႈနဲ႔ တိုးတက္မႈေပါင္း ၁၀၀ ေက်ာ္ပါတယ္လို႔ ကုမၸဏီက ေျပာတဲ့ Flyme V7.0 အသစ္ကို ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ Apple Taptic Engine နဲ စြမ္းရည္တူတဲ့ Haptic Feedback System ျဖစ္တဲ့ mEngine အသစ္အတြက္ ဂုဏ္ယူတယ္လို႔ Meizuက ေျပာပါတယ္။ ၀.၀၈ စကၠန္႔အတြင္းမွာ ဖုန္းကို Unlock လုပ္ေပးႏိုင္တဲ့ လက္ေဗြရာ အာရံုခံ ကိရိယာ တစ္ခု ပါပါတယ္။ တရုတ္ ဥာဏ္ရည္တု နည္းပညာ ကုမၸဏီ Sensetime ရဲ႕ မ်က္ႏွာ အာရံုခံ နည္းပညာလည္း ပါပါတယ္။ ကိုယ္ထည္ကို အလူမီနီယမ္ျဖင့္ တည္ေဆာက္ထားပါတယ္။ 3500mAh Battery ပါၿပီး အနက္၊ အညိဳနဲ႔ ေရႊေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။ တန္ဖိုးနည္း ေမာ္ဒယ္ကို ယြမ္ ၃၀၀၀ နဲ႔ တန္ဖိုးႀကီး ေမာ္ဒယ္ကို ယြမ္ ၃၃၀၀ သတ္မွတ္ထားပါတယ္။

Meizu M15 မွာေတာ့ မ်က္ႏွာျပင္ 5.46”  AMOLED screen ျဖစ္ၿပီး 1080p resolution ေဖာ္ျပႏုိင္စြမ္းရွိမွာပါ။ ပရိုဆက္ဆာပိုင္းမွာေတာ့ Snapdragon 660 ကိုသာသုံးထားၿပီး CPU နဲ႔  GPUဟာအလယ္အလတ္ဆင့္စြမ္းေဆာင္ရည္သာရွိပါတယ္။ 4 GB RAM နဲ႔ျဖစ္ၿပီး အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းအတြက္ 64 GB နဲ႔ 128 GB ဆုိၿပီးေရြးခ်ယ္ႏုိုင္မွာပါ။ ကင္မရာပိုင္းမွာေတာ့ 15 Plus နဲ႔စြမ္းေဆာင္ခ်က္ေရာ ပါဝင္မႈေရာတူညီပါတယ္။ သို႕ေပမယ့္ သူ႕မွာေတာ့ EIS စြမ္းေဆာင္အပါဘဲ OIS သာသီးသန္႔ပါပါတယ္။ ဘက္ထရီကေတာ့ 3,000 mAh ျဖစ္ၿပီး24W အားသြင္းစနစ္နဲ႔ပါ။ အေရာင္ကိုေတာ့ အျဖဴေရာင္၊အနက္ေရာင္၊အျပာေရာင္နဲ႔ ေရႊေရာင္ဆိုၿပီးေရြးခ်ယ္ႏိုင္မွာပါ။ ေစ်းႏႈန္းကေတာ့ အေျခခံေမာ္ဒယ္က ယြမ္ ၂၅၀၀ နဲ႔ျဖစ္ၿပီး 128GB ကိုေတာ့ ယြမ္ ၂၈၀၀ သတ္မွတ္ထားပါတယ္။

 

Leave a Reply