iPhone ရဲ႕ Notifications မ်ားကို ျပဳျပင္သင့္တဲ့ အေၾကာင္းမ်ား

0
1941

Zawgyi Version
စမတ္ဖုန္းမ်ားမွာ Notifications မ်ားဟာ စိတ္အေႏွာင့္အယွက္မ်ားစြာ ျဖစ္ေစပါတယ္။ သင့္ အတြက္ အက်ိဳးမရွိတဲ့ Notificatiions မ်ားလည္း ေပၚလာတတ္ပါတယ္။ Settings ထဲသြားၿပီး သင္မႏွစ္သက္တဲ့ Apps မ်ားရဲ႕ Notification မ်ားကို ပိတ္ထား ႏုိင္ပါတယ္။ ဒါေပမယ့္ App အသစ္မ်ား အင္စေတာလုပ္တုိင္း ဒီအလုပ္ကို လုပ္ရမွာ ပ်င္းစရာပါ။
Notification အပိုင္းမွာေတာ့ Android ဟာ iPhone ေလာက္ စိတ္အေႏွာင့္အယွက္ မျဖစ္ေစပါဘူး။ အန္းဒရြိဳက္မွာ Notification မ်ားကို စီမံခန္႔ခြဲဖို႔အတြက္ Tools မ်ားစြာ ပါပါတယ္။ လြယ္လည္း လြယ္ကူပါတယ္။ အိုင္ဖုန္းမွာ App တစ္ခုရဲ႕ Notification Settings ထဲသြားရင္ က႑ ေျခာက္ခုေတာင္ ရွိပါတယ္။ Main Toggle ကို On လိုက္ရင္ ေနာက္ထပ္ Toggle ငါးခု က်န္ရွိပါေသးတယ္။ အဲဒါ အားလံုးကို စီမံဖို႔အတြက္ ေခါင္းစားရပါတယ္။ သင့္ အိုင္ဖုန္းမွာ Notification တစ္ခုဟာ နည္းလမ္း ၅၀ ျဖင့္ ေပၚလာႏိုင္တဲ့အတြက္ ထိန္းခ်ဳပ္ရတာ ခက္ခဲပါတယ္။ အန္းဒရြိဳက္မွာလည္း အလားတူပဲ ျဖစ္ပါတယ္။
ဒါေပမယ့္ အန္းဒရြိဳက္မွာ အိုင္ဖုန္းထက္ Notifications မ်ားကို ထိန္းခ်ဳပ္ရတာ ပိုမိုလြယ္ကူပါတယ္။ Lock Screen နဲ႔ Notification Tray မွာ Notifications မ်ားကို အသံတိတ္ ျပသေပးေအာင္ သတ္မွတ္ထားႏုိင္ပါတယ္။ အန္းဒရြိဳက္မွာ Notification မ်ားကို ဦးစားေပး ျပသတဲ့ စနစ္ကလည္း ေကာင္းမြန္ပါတယ္။ အေရးႀကီးတာေတြကို ဦးစားေပးျပသထားပါတယ္။ သင္ တကယ္ ထိေတြ႔ဆက္ဆံေနတဲ့ လူမ်ားထံမွ အရာမ်ားကို အရင္ဆံုး ျပသေပးပါတယ္။
Notification မ်ားကို အုပ္စုဖြဲ႔ျပသေပးပါတယ္။ Notification Tray မွာ အီးေမးနဲ႔ လူမႈကြန္ရက္မ်ားမွ Notification မ်ားဟာ တစ္ပိုင္းစီ ျပန္႔ၾကဲ မေနဘဲ အုပ္စုလိုက္ စုဖြဲ႔ေပးထားပါတယ္။ အုပ္စုမ်ားကို Expand လုပ္ႏိုင္ၿပီး အေသးစိတ္ ၾကည့္ႏုိင္သလို မလိုအပ္ရင္ ပြတ္ဆြဲျခင္းျဖင့္ ေဖ်ာက္လိုက္ႏုိင္ပါတယ္။
အေကာင္းဆံုးက Notification တစ္ခုကို ဖိထားလိုက္တာနဲ႔ Notification Settings ထံ တိုက္ရိုက္သြားႏုိင္ျခင္း ျဖစ္ပါတယ္။ အိုင္ဖုန္းမွာေတာ့ မလိုလားအပ္တဲ့ Notification တစ္ခု ၀င္လာရင္ Dismiss လုပ္ႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒီကေန Notification Settings ထဲကို တိုက္ရိုက္ သြားလို႔ မရပါဘူး။

Android မွာ Notification ကို ဘယ္ေတာ့မွ ေပၚမလာေအာင္လည္း ပိတ္ထားႏုိင္ပါတယ္။ အီးေမးမွာလို Notification မ်ားကို Snooze ျပဳလုပ္ႏုိင္ပါတယ္။ Priority Level မ်ားကိုလည္း သတ္မွတ္ႏုိင္ပါတယ္။
iPhone မွာေတာ့ Notifications မ်ားကို ထိေရာက္စြာ စီမံခန္႔ခြဲႏိုင္တဲ့ Tools မ်ားကို Apple က မပံ့ပိုးေပးထားဘူးလို႔ ေျပာခ်င္ပါတယ္။ အခ်ိဳ႕ Notifications မ်ားဟာ အလြန္ အေရးႀကီးေပမယ့္ Notification မ်ားစြာ အၾကားမွာ ေပ်ာက္ကြယ္ေနတတ္ပါတယ္။
ပလက္ေဖာင္းႏွစ္ခုစလံုးမွာေတာ့ Notifications မ်ားကို စီမံခန္႔ခြဲႏိုင္တဲ့နည္းလမ္းမ်ားကို ပ့ံပိုးေပးထားပါတယ္။ ဒါေပမယ့္ Notifications မ်ားကို လံုး၀ ပိတ္ထားျခင္း မဟုတ္ဘဲ ကန္႔သတ္ထိန္းခ်ဳပ္ႏိုင္တဲ့ နည္းလမ္းမ်ားကေတာ့ အေကာင္းဆံုးပါ။

Unicode Version
စမတ်ဖုန်းများမှာ Notifications များဟာ စိတ်အနှောင့်အယှက်များစွာ ဖြစ်စေပါတယ်။ သင့် အတွက် အကျိုးမရှိတဲ့ Notificatiions များလည်း ပေါ်လာတတ်ပါတယ်။ Settings ထဲသွားပြီး သင်မနှစ်သက်တဲ့ Apps များရဲ့ Notification များကို ပိတ်ထား နိုင်ပါတယ်။ ဒါပေမယ့် App အသစ်များ အင်စတောလုပ်တိုင်း ဒီအလုပ်ကို လုပ်ရမှာ ပျင်းစရာပါ။
Notification အပိုင်းမှာတော့ Android ဟာ iPhone လောက် စိတ်အနှောင့်အယှက် မဖြစ်စေပါဘူး။ အန်းဒရွိုက်မှာ Notification များကို စီမံခန့်ခွဲဖို့အတွက် Tools များစွာ ပါပါတယ်။ လွယ်လည်း လွယ်ကူပါတယ်။ အိုင်ဖုန်းမှာ App တစ်ခုရဲ့ Notification Settings ထဲသွားရင် ကဏ္ဍ ခြောက်ခုတောင် ရှိပါတယ်။ Main Toggle ကို On လိုက်ရင် နောက်ထပ် Toggle ငါးခု ကျန်ရှိပါသေးတယ်။ အဲဒါ အားလုံးကို စီမံဖို့အတွက် ခေါင်းစားရပါတယ်။ သင့် အိုင်ဖုန်းမှာ Notification တစ်ခုဟာ နည်းလမ်း ၅၀ ဖြင့် ပေါ်လာနိုင်တဲ့အတွက် ထိန်းချုပ်ရတာ ခက်ခဲပါတယ်။ အန်းဒရွိုက်မှာလည်း အလားတူပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အန်းဒရွိုက်မှာ အိုင်ဖုန်းထက် Notifications များကို ထိန်းချုပ်ရတာ ပိုမိုလွယ်ကူပါတယ်။ Lock Screen နဲ့ Notification Tray မှာ Notifications များကို အသံတိတ် ပြသပေးအောင် သတ်မှတ်ထားနိုင်ပါတယ်။ အန်းဒရွိုက်မှာ Notification များကို ဦးစားပေး ပြသတဲ့ စနစ်ကလည်း ကောင်းမွန်ပါတယ်။ အရေးကြီးတာတွေကို ဦးစားပေးပြသထားပါတယ်။ သင် တကယ် ထိတွေ့ဆက်ဆံနေတဲ့ လူများထံမှ အရာများကို အရင်ဆုံး ပြသပေးပါတယ်။
Notification များကို အုပ်စုဖွဲ့ပြသပေးပါတယ်။ Notification Tray မှာ အီးမေးနဲ့ လူမှုကွန်ရက်များမှ Notification များဟာ တစ်ပိုင်းစီ ပြန့်ကြဲ မနေဘဲ အုပ်စုလိုက် စုဖွဲ့ပေးထားပါတယ်။ အုပ်စုများကို Expand လုပ်နိုင်ပြီး အသေးစိတ် ကြည့်နိုင်သလို မလိုအပ်ရင် ပွတ်ဆွဲခြင်းဖြင့် ဖျောက်လိုက်နိုင်ပါတယ်။
အကောင်းဆုံးက Notification တစ်ခုကို ဖိထားလိုက်တာနဲ့ Notification Settings ထံ တိုက်ရိုက်သွားနိုင်ခြင်း ဖြစ်ပါတယ်။ အိုင်ဖုန်းမှာတော့ မလိုလားအပ်တဲ့ Notification တစ်ခု ဝင်လာရင် Dismiss လုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီကနေ Notification Settings ထဲကို တိုက်ရိုက် သွားလို့ မရပါဘူး။
Android မှာ Notification ကို ဘယ်တော့မှ ပေါ်မလာအောင်လည်း ပိတ်ထားနိုင်ပါတယ်။ အီးမေးမှာလို Notification များကို Snooze ပြုလုပ်နိုင်ပါတယ်။ Priority Level များကိုလည်း သတ်မှတ်နိုင်ပါတယ်။
iPhone မှာတော့ Notifications များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်တဲ့ Tools များကို Apple က မပံ့ပိုးပေးထားဘူးလို့ ပြောချင်ပါတယ်။ အချို့ Notifications များဟာ အလွန် အရေးကြီးပေမယ့် Notification များစွာ အကြားမှာ ပျောက်ကွယ်နေတတ်ပါတယ်။
ပလက်ဖောင်းနှစ်ခုစလုံးမှာတော့ Notifications များကို စီမံခန့်ခွဲနိုင်တဲ့နည်းလမ်းများကို ပံ့ပိုးပေးထားပါတယ်။ ဒါပေမယ့် Notifications များကို လုံး၀ ပိတ်ထားခြင်း မဟုတ်ဘဲ ကန့်သတ်ထိန်းချုပ်နိုင်တဲ့ နည်းလမ်းများကတော့ အကောင်းဆုံးပါ။

Leave a Reply