Huawei က လြန္ခ့ဲတဲ့ ႏွစ္မ်ားကတည္းက Notch Design ကို စဥ္းစားခဲ့

0
2040

Zawgyi Version

ဟြာေ၀းရဲ႕ ေနာက္ဆံုးထုတ္ စြမ္းရည္ျမင့္ ဖုန္းမ်ားျဖစ္တဲ့ P20 နဲ႔ P20 Pro တို႔ဟာ အဖက္ဖက္က စြမ္းရည္ျမင့္မားပါတယ္။ P20 Pro မွာဆိုရင္ အေနာက္ဘက္မွာ ကင္မရာသံုးလံုးေတာင္ ထည့္ေပးထားပါတယ္။ သူတို႔မွာ iPhone X  လို Notch  မ်ားလည္း ပါၾကပါတယ္။

Android ဖုန္းထုတ္လုပ္သူမ်ားဟာ Apple ရဲ႕ ဒီဇိုင္းကို အတုခိုးထားၾကတယ္လို႔ ေ၀ဖန္သံမ်ားလည္း ထြက္ေပၚေနပါတယ္။  ဒါေပမယ့္ ဟြာေ၀းဟာ ၂၀၁၄ ခုႏွစ္ကတည္းက Notch Design ကို စဥ္းစားခဲ့တယ္လို႔ သိရပ ါတယ္။ ဟြာေ၀းဟာ Notch ပ ါတဲ့ ဖုန္း ကို မဖန္တီးခဲ့ေပမယ့္ အျခား ကုမၸဏီမ်ားထက္ ေစာစီးစြာ ဒီဒီဇိုင္းကို စဥ္းစားခဲ့တယ္လို႔ ေျပာပါတယ္။

Forbes နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ဟြာေ၀းရဲ႕ Li Changzhu က Notch Design ကို မႏွစ္သက္တဲ့အေၾကာင္းကို ေျပာပါတယ္။ သူက အာရွမွာ ေခါက္ရိုးညီတာကို ႏွစ္သက္ၾကၿပီး Notch ဟာ ေခါက္ရိုးညီတာကို ပ်က္ဆီးေစတယ္လို႔ ေျပာပါတယ္။ ေလးေထာင့္က်တဲ့ မ်က္ႏွာျပင္မ်ားကို လူေတြက ပိုမို ႏွစ္သက္ၾကပါတယ္လို႔ သူက ျဖည့္စြက္ေျပာပါတယ္။

Notch လို႔ ေျပာလိုက္တာနဲ႔ လူေတြက iPhone X ကိုပဲ ေျပးျမင္ၾကပါတယ္။ ဟြာေ၀းဟာ Notch Design ကို အေစာဆံုး ဖန္တီးသူ မဟုတ္ပါဘူး။ Apple ဟာ Notch Design ကို ထင္ေပၚေအာင္ ျပဳလုပ္ႏို္င္ခဲ့ၿပီး ယခုႏွစ္ထဲမွာ Notch  ပါတဲ့ စမတ္ဖုန္းမ်ားစြာကို ျမင္ေတြ႕ၾကရဦးမွာ ျဖစ္ပါတယ္။ ဟြာေ၀းက အိုင္ဒီယာအသစ္မ်ားကို ဖန္တီးေနတယ္လို႔ ေျပာပါတယ္။ Li က လူတိုင္း ႏွစ္သက္မယ့္ Trend အသစ္မ်ားကို ဖန္တီးမယ္လို႔ ေျပာခဲ့ပါတယ္။

Unicode Version

ဟွာဝေးရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် ဖုန်းများဖြစ်တဲ့ P20 နဲ့ P20 Pro တို့ဟာ အဖက်ဖက်က စွမ်းရည်မြင့်မားပါတယ်။ P20 Pro မှာဆိုရင် အနောက်ဘက်မှာ ကင်မရာသုံးလုံးတောင် ထည့်ပေးထားပါတယ်။ သူတို့မှာ iPhone X လို Notch များလည်း ပါကြပါတယ်။
Android ဖုန်းထုတ်လုပ်သူများဟာ Apple ရဲ့ ဒီဇိုင်းကို အတုခိုးထားကြတယ်လို့ ဝေဖန်သံများလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဟွာဝေးဟာ ၂၀၁၄ ခုနှစ်ကတည်းက Notch Design ကို စဉ်းစားခဲ့တယ်လို့ သိရပ ါတယ်။ ဟွာဝေးဟာ Notch ပ ါတဲ့ ဖုန်း ကို မဖန်တီးခဲ့ပေမယ့် အခြား ကုမ္ပဏီများထက် စောစီးစွာ ဒီဒီဇိုင်းကို စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။
Forbes နဲ့ အင်တာဗျူးတစ်ခုမှာ ဟွာဝေးရဲ့ Li Changzhu က Notch Design ကို မနှစ်သက်တဲ့အကြောင်းကို ပြောပါတယ်။ သူက အာရှမှာ ခေါက်ရိုးညီတာကို နှစ်သက်ကြပြီး Notch ဟာ ခေါက်ရိုးညီတာကို ပျက်ဆီးစေတယ်လို့ ပြောပါတယ်။ လေးထောင့်ကျတဲ့ မျက်နှာပြင်များကို လူတွေက ပိုမို နှစ်သက်ကြပါတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
Notch လို့ ပြောလိုက်တာနဲ့ လူတွေက iPhone X ကိုပဲ ပြေးမြင်ကြပါတယ်။ ဟွာဝေးဟာ Notch Design ကို အစောဆုံး ဖန်တီးသူ မဟုတ်ပါဘူး။ Apple ဟာ Notch Design ကို ထင်ပေါ်အောင် ပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ်ထဲမှာ Notch ပါတဲ့ စမတ်ဖုန်းများစွာကို မြင်တွေ့ကြရဦးမှာ ဖြစ်ပါတယ်။ ဟွာဝေးက အိုင်ဒီယာအသစ်များကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ Li က လူတိုင်း နှစ်သက်မယ့် Trend အသစ်များကို ဖန်တီးမယ်လို့ ပြောခဲ့ပါတယ်။

Leave a Reply