အိႏၵိယေစ်းကြက္မွာ Xiaomi ကိုယွဥ္ၿပိဳင္ေတာ့မယ့္ Asus Zenfone Max Pro M1

0
1916

Unicode Version

Asus နဲ့ Flipkart တို့တွဲထုတ်တဲ့ ပထမဆုံးဖုန်းတစ်လုံးဖြစ်တဲ့ Asus Zenfone Max Pro M1 ကိုမကြာခင်မှာရောင်းချတော့မှာဖြစ်ပါတယ်။ Max Pro M1 ကတော့ 6-inch display ကိုသုံးထားပြီး 18:9 aspect ratio ပါပဲ။ “Pure Android Oreo” လို့ဆိုထားပြီး  Android 8.1  ကို ZenUI နဲ့ပေါင်းစပ်မှာဖြစ်ပါတယ်။ RAM ကိုတော့ 6GB(သို့)4GB၊3GB  ပေးထားပြီး storage ကတော့ 64GB ပါ။ 4GB/ 32GB ဗားရှင်းကိုလည်း ရောင်းချပေးသွားမှာပါ။

ကင်မရာတွေကတော့ နောက်ဘက်ကင်မရာ (dual-camera) ကို 16MP ကင်မရာ၂လုံးသုံးထားပြီး ရှေ့ဘက် Selfie ကင်မရာကလည်း 16MP ရှိတာကိုမှ face unlock စနစ်ပါ ထည့်သွင်းထားပါတယ်။ နောက်ကင်မရာရဲ့ဘေးဘက်အောက်နားမှာတော့ ၀.၃ စက္ကန့်အတွင်းပွင့်နိုင်တဲ့ fingerprint reader ကိုတပ်ဆင်ထားပါတယ်။ 3GB (သို့) 4GB RAM ကိုဝယ်ယူသူတွေအတွက်တော့ 13MP+5MP နောက်ကျောဘက်ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာဆိုပြီး မူကွဲတွေရှိနေတာကြောင့် သေချာရွေးချယ်ဝယ်ယူဖို့တော့ လိုအပ်ပါလိမ့်မယ်။

Chipset ကတော့ Qualcomm ရဲ့ 14nm Snapdragon 636 ကိုသုံးထားပြီး NXP amp  “5 magnet” စပီကာတစ်ခုတပ်ဆင်ထားပါတယ်။ Max ဖုန်းတွေဟာ ဘက်ထရီိပိုင်းကိုဦးစားပေးတဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး Pro M1 မှာဘက်ထရီကို 5000 mAh တောင်သုံးထားတဲ့အတွက် တော်တော်များတယ်လို့ပြောရမှာပါ။ ဒီ Zenfone Max Pro M1 လေးကိုမေလ၃ရက်နေကစပြီး Flipkart ကနေကုမ္ပဏီရဲ့ပထမဆုံးအနေနဲ့ flash sale ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဝယ်ယူလိုသူတွေအနေနဲ့ https://www.flipkart.com/asus-zenfone-max-pro-m1-5259-6434-store မှာစတင် register ပြုလုပ်နိုင်ပါလိမ့်မယ်။ ဒီလိုရောင်းချမှုတွေနဲ့အတူ Xiaomi ကိုတိုက်ရိုက်ယှဉ်ပြိုင်လိုက်တာပါ။ စျေးနှုန်းတွေကတော့ 3GB/32GB ယူရို135 ၊4GB/64GB(€160) နဲ့ 6GB/64GBကတော့ 185ယူရိုကျသင့်မှာ ဖြစ်ပါတယ်။

Zawgyi Version

Asus နဲ႔ Flipkart တုိ႔တြဲထုတ္တဲ့ ပထမဆံုးဖုန္းတစ္လံုးျဖစ္တဲ့ Asus Zenfone Max Pro M1 ကိုမၾကာခင္မွာေရာင္းခ်ေတာ့မွာျဖစ္ပါတယ္။ Max Pro M1 ကေတာ့ 6-inch display ကိုသံုးထားျပီး 18:9 aspect ratio ပါပဲ။ “Pure Android Oreo” လို႔ဆိုထားၿပီး  Android 8.1  ကို ZenUI နဲ႔ေပါင္းစပ္မွာျဖစ္ပါတယ္။ RAM ကိုေတာ့ 6GB(သို႔)4GB၊3GB  ေပးထားျပီး storage ကေတာ့ 64GB ပါ။ 4GB/ 32GB ဗားရွင္းကိုလည္း ေရာင္းခ်ေပးသြားမွာပါ။

ကင္မရာေတြကေတာ့ ေနာက္ဘက္ကင္မရာ (dual-camera) ကို 16MP ကင္မရာ၂လံုးသံုးထားျပီး ေရွ႕ဘက္ Selfie ကင္မရာကလည္း 16MP ရိွတာကိုမွ face unlock စနစ္ပါ ထည့္သြင္းထားပါတယ္။ ေနာက္ကင္မရာရဲ႕ေဘးဘက္ေအာက္နားမွာေတာ့ ၀.၃ စကၠန္႔အတြင္းပြင့္ႏိုင္တဲ့ fingerprint reader ကိုတပ္ဆင္ထားပါတယ္။ 3GB (သို႔) 4GB RAM ကိုဝယ္ယူသူေတြအတြက္ေတာ့ 13MP+5MP ေနာက္ေက်ာဘက္ကင္မရာနဲ႔ အေရွ႕ဘက္မွာ 8MP ကင္မရာဆိုၿပီး မူကြဲေတြရွိေနတာေၾကာင့္ ေသခ်ာေရြးခ်ယ္ဝယ္ယူဖို႔ေတာ့ လိုအပ္ပါလိမ့္မယ္။

Chipset ကေတာ့ Qualcomm ရဲ႕ 14nm Snapdragon 636 ကုိသံုးထားျပီး NXP amp  “5 magnet” စပီကာတစ္ခုတပ္ဆင္ထားပါတယ္။ Max ဖုန္းေတြဟာ ဘက္ထရီိပိုင္းကိုဦးစားေပးတဲ့ ဖုန္းအမ်ိဳးအစားျဖစ္ၿပီး Pro M1 မွာဘက္ထရီကို 5000 mAh ေတာင္သံုးထားတဲ့အတြက္ ေတာ္ေတာ္မ်ားတယ္လို႔ေျပာရမွာပါ။ ဒီ Zenfone Max Pro M1 ေလးကိုေမလ၃ရက္ေနကစၿပီး Flipkart ကေနကုမၸဏီရဲ႕ပထမဆုံးအေနနဲ႔ flash sale ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။ ဝယ္ယူလိုသူေတြအေနနဲ႔ https://www.flipkart.com/asus-zenfone-max-pro-m1-5259-6434-store မွာစတင္ register ျပဳလုပ္ႏိုင္ပါလိမ့္မယ္။ ဒီလိုေရာင္းခ်မႈေတြနဲ႔အတူ Xiaomi ကုိတုိက္ရိုက္ယွဥ္ၿပိဳင္လိုက္တာပါ။ ေစ်းႏႈန္းေတြကေတာ့ 3GB/32GB ယူရို135 ၊4GB/64GB(€160) နဲ႔ 6GB/64GBကေတာ့ 185ယူရိုက်သင့္မွာ ျဖစ္ပါတယ္။

 

Leave a Reply