Apple က ၁၃ လက္မ MacBook Pro အတြက္ ဘက္ထရီ လဲလွယ္ေပး

0
1983

Zawgyi Version

အီလက္ထေရာနစ္ ကိရိယာမ်ားမွာ ဘက္ထရီ ျပႆနာမ်ား ရွိတတ္ၿပီး ကုမၸဏီမ်ားက ဘက္ထရီ လဲလွယ္ေပးတဲ့ အစီအစဥ္မ်ားကို ျပဳလုပ္ေပးေလ့ရွိပါတယ္။ အခုလည္း Apple က ၁၃ လက္မ MacBook Pro အတြက္ ဘက္ထရီ လဲလွယ္ေပးတဲ့ အစီအစဥ္ကို ျပဳလုပ္ေပးလိုက္တယ္လို႔ သိရပါတယ္။ 9to5Mac ရဲ႕ သတင္းအရ Apple ဟာ Touch Bar မပါတဲ့ ၁၃ လက္မ MacBook Pro အတြက္ ဘက္ထရီ လဲလွယ္ေပးတဲ့ အစီအစဥ္ကို ျပဳလုပ္ေပးလိုက္တယ္လို႔ သိရပါတယ္။

Apple က ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလနဲ႔ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ အၾကားမွာ ထုတ္လုပ္တဲ့ MacBook Pro Model အနည္းငယ္မွာသာ ဘက္ထရီ ျပႆနာျဖစ္ပြားတာလို႔ ေျပာ့ပါတယ္။ Product Serial Number ကို ၾကည့္ျခင္းအားျဖင့္ အဲဒီ ကာလအတြင္းမွာ ထုတ္လုပ္ထားသလားဆိုတာကို သိႏုိင္ပါတယ္။

ဘက္ထရီ ျပႆနာ ရွိတဲ့ ေမာ္ဒယ္ ပိုင္ရွင္မ်ားအတြက္ ေရြးခ်ယ္စရာ အစီအစဥ္မ်ား  ရွိပါတယ္။ Apple Retail Store နဲ႔ Authorized Service Provider မ်ားထံ သြားေရာက္ လဲလွယ္ႏုိင္သလို MacBook Pro ကေန အီးေမး ေပးပို႔၍ ဘက္ထရီ လဲလွယ္ေပးမယ့္  အစီအစဥ္ကို စံုစမ္းႏုိင္ပါတယ္။

Apple က ဘက္ထရီမ်ားကို အခမဲ့ လဲလွယ္ေပးမွာ ျဖစ္ေပမယ့္ အဲဒီ လက္ပ္ေတာ့မ်ားအတြက္ အာမခံ သက္တမ္းကို တိုးျမွင့္ေပးမွာ မဟုတ္ပါဘူး။ ျပႆနာျဖစ္ပြားတဲ့ လက္ပ္ေတာ့ ပိုင္ရွင္မ်ားဟာ အခေၾကးေငြျဖင့္ ဘက္ထရီ လဲလွယ္ထားရင္ Apple ကို တိုက္ရိုက္ ဆက္သြယ္ၿပီး ျပန္အမ္းေငြကို ေတာင္းခံႏုိင္ပါတယ္။

Unicode Version

အီလက်ထရောနစ် ကိရိယာများမှာ ဘက်ထရီ ပြဿနာများ ရှိတတ်ပြီး ကုမ္ပဏီများက ဘက်ထရီ လဲလှယ်ပေးတဲ့ အစီအစဉ်များကို ပြုလုပ်ပေးလေ့ရှိပါတယ်။ အခုလည်း Apple က ၁၃ လက်မ MacBook Pro အတွက် ဘက်ထရီ လဲလှယ်ပေးတဲ့ အစီအစဉ်ကို ပြုလုပ်ပေးလိုက်တယ်လို့ သိရပါတယ်။ 9to5Mac ရဲ့ သတင်းအရ Apple ဟာ Touch Bar မပါတဲ့ ၁၃ လက်မ MacBook Pro အတွက် ဘက်ထရီ လဲလှယ်ပေးတဲ့ အစီအစဉ်ကို ပြုလုပ်ပေးလိုက်တယ်လို့ သိရပါတယ်။
Apple က ၂၀၁၆ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ အကြားမှာ ထုတ်လုပ်တဲ့ MacBook Pro Model အနည်းငယ်မှာသာ ဘက်ထရီ ပြဿနာဖြစ်ပွားတာလို့ ပြော့ပါတယ်။ Product Serial Number ကို ကြည့်ခြင်းအားဖြင့် အဲဒီ ကာလအတွင်းမှာ ထုတ်လုပ်ထားသလားဆိုတာကို သိနိုင်ပါတယ်။
ဘက်ထရီ ပြဿနာ ရှိတဲ့ မော်ဒယ် ပိုင်ရှင်များအတွက် ရွေးချယ်စရာ အစီအစဉ်များ ရှိပါတယ်။ Apple Retail Store နဲ့ Authorized Service Provider များထံ သွားရောက် လဲလှယ်နိုင်သလို MacBook Pro ကနေ အီးမေး ပေးပို့၍ ဘက်ထရီ လဲလှယ်ပေးမယ့် အစီအစဉ်ကို စုံစမ်းနိုင်ပါတယ်။
Apple က ဘက်ထရီများကို အခမဲ့ လဲလှယ်ပေးမှာ ဖြစ်ပေမယ့် အဲဒီ လက်ပ်တော့များအတွက် အာမခံ သက်တမ်းကို တိုးမြှင့်ပေးမှာ မဟုတ်ပါဘူး။ ပြဿနာဖြစ်ပွားတဲ့ လက်ပ်တော့ ပိုင်ရှင်များဟာ အခကြေးငွေဖြင့် ဘက်ထရီ လဲလှယ်ထားရင် Apple ကို တိုက်ရိုက် ဆက်သွယ်ပြီး ပြန်အမ်းငွေကို တောင်းခံနိုင်ပါတယ်။

Leave a Reply