Android ကေနေျပာင္းဖို႕ႏႈိးေဆာ္တဲ့ Apple ေၾကာ္ျငာမ်ားရဲ႕ အားနည္းခ်က္မ်ား

0
2116

Zawgyi Version
Apple ရဲ႕ ေတြ႕ဆံုပြဲတစ္ခုမွာ တင္ကြတ္ခ္ကို သတင္းသမားေတစ္ေယာက္က Android သံုးစြဲသူေတြက iOS ကို ေျပာင္းလာမႈေတြရွိေနျပီလားလို႕ ေမးျမန္းခဲ့ပါတယ္။ သူကေတာ့ ဒီျဖစ္ရပ္အတြက္ သူူ႕မွာမ်ားမ်ားစားစား ေျပာစရာမရွိဘူးလို႕ပဲ ျပန္ေျဖၾကားခဲ့ပါတယ္။
“ေျပာဖို႕အတြက္ ေစာေနေသးတယ္လို႕ ျမင္ပါတယ္။ iPhone X က ႏို၀င္ဘာေလာက္မွ စမွာေလ” လို႕ရွင္းျပခဲ့ါပတယ္။ “အခုအခ်ိန္မွာ ကၽြန္ေတာ္တို႕ျပသႏုိင္တဲ့ တိက်တဲ့အခ်က္အလက္ဆိုတာလည္း မရွိေသးပါဘူး။ ဒါေၾကာင့္ ဒီေမးခြန္းကို ေနာက္တစ္ၾကိမ္မွေျဖဖို႕ ေရႊ႕ခ်င္ပါတယ္။”
Apple ရဲ႕ ၀င္ေငြေတြလည္း အစီရင္ခံစာနဲ႕အတူ ထြက္ေပၚလာေတာ့မယ္ဆိုေတာ့ ကၽြန္ေတာ္တို႕ကိုခ်ျပမယ့္အခ်က္အလက္ေတြကို စိတ္၀င္စားေနမိပါတယ္။
တစ္ခ်ိန္တည္းမွာပဲ Android သံုးစြဲသူေတြအေၾကာင္းကို ေဖာ္ျပေနတဲ့ ေၾကာ္ျငာေလးႏွစ္ခုကို ဒီေန႕အေစာပိုင္းက ျဖန္႕ခ်ိလိုက္ပါတယ္။
ပထမ၁၅စကၠန္႕စာေၾကာ္ျငာေလးမွာေတာ့ App Store နဲ႕ သာမန္ Store ေတြနဲ႕ လံုျခံဳစိတ္ခ်ရမႈ အေတြ႕အၾကံဳကို ႏႈိင္းယွဥ္ျပထားတဲ့ ဗြီဒီယိုေလးကို ခံစားရမွာပါ။

ေနာက္တစ္ခုကလည္း ၁၅စကၠန္႕သာၾကာျမင့္ျပီးေတာ့ Portrait Mode ကို iPhone နဲ႕ အျခားဖုန္းေတြကို ယွဥ္ျပထားတာျဖစ္ပါတယ္။

ကၽြန္ေတာ္ကေတာ့ ေၾကာ္ျငာေတြကို ၾကည့္လုိက္မယ္ဆိုရင္ အားနည္းေနတယ္လို႕ျမင္မိတယ္။ ပထမတစ္ခုမွာ ပိုျပီးေတာ့ လံုျခံဳတယ္လို႕ ေျပာေပမယ့္လည္း ဘာေၾကာင့္ဆိုတာ ထည့္ေျပာမသြားဘူး။ iPhone က malware နည္းတယ္လို႕ Android သမားေတြက ယူဆရမွာလား။
ဒုတိယတစ္ခုကေတာ့ သိပ္မမိုက္ပါဘူး။ Apple ျပထားတဲ့ portrait shot ေတြက မ်က္စိက်ခ်င္စရာသိပ္မေကာင္းေသးလို႕ပါပဲ။
ဗြီဒီယိုႏွစ္ခုစလံုးကေတာ့ Apple ရဲ႕ Switch web page ကို ညႊန္းထားျပီးေတာ့ အဲဒီမွာ Android ကေန iPhone ကိုေျပာင္းလိုက္မယ္ဆိုရင္ ဘယ္လုိအက်ိဳးေတြရႏုိင္သလဲဆိုတာကို ျပသေပးထားပါတယ္။

Unicode Version
Apple ရဲ့ တွေ့ဆုံပွဲတစ်ခုမှာ တင်ကွတ်ခ်ကို သတင်းသမားတေစ်ယောက်က Android သုံးစွဲသူတွေက iOS ကို ပြောင်းလာမှုတွေရှိနေပြီလားလို့ မေးမြန်းခဲ့ပါတယ်။ သူကတော့ ဒီဖြစ်ရပ်အတွက် သူူ့မှာများများစားစား ပြောစရာမရှိဘူးလို့ပဲ ပြန်ဖြေကြားခဲ့ပါတယ်။
“ပြောဖို့အတွက် စောနေသေးတယ်လို့ မြင်ပါတယ်။ iPhone X က နိုဝင်ဘာလောက်မှ စမှာလေ” လို့ရှင်းပြခဲ့ါပတယ်။ “အခုအချိန်မှာ ကျွန်တော်တို့ပြသနိုင်တဲ့ တိကျတဲ့အချက်အလက်ဆိုတာလည်း မရှိသေးပါဘူး။ ဒါကြောင့် ဒီမေးခွန်းကို နောက်တစ်ကြိမ်မှဖြေဖို့ ရွှေ့ချင်ပါတယ်။”
Apple ရဲ့ ဝင်ငွေတွေလည်း အစီရင်ခံစာနဲ့အတူ ထွက်ပေါ်လာတော့မယ်ဆိုတော့ ကျွန်တော်တို့ကိုချပြမယ့်အချက်အလက်တွေကို စိတ်ဝင်စားနေမိပါတယ်။
တစ်ချိန်တည်းမှာပဲ Android သုံးစွဲသူတွေအကြောင်းကို ဖော်ပြနေတဲ့ ကြော်ငြာလေးနှစ်ခုကို ဒီနေ့အစောပိုင်းက ဖြန့်ချိလိုက်ပါတယ်။
ပထမ၁၅စက္ကန့်စာကြော်ငြာလေးမှာတော့ App Store နဲ့ သာမန် Store တွေနဲ့ လုံခြုံစိတ်ချရမှု အတွေ့အကြုံကို နှိုင်းယှဉ်ပြထားတဲ့ ဗွီဒီယိုလေးကို ခံစားရမှာပါ။
နောက်တစ်ခုကလည်း ၁၅စက္ကန့်သာကြာမြင့်ပြီးတော့ Portrait Mode ကို iPhone နဲ့ အခြားဖုန်းတွေကို ယှဉ်ပြထားတာဖြစ်ပါတယ်။
ကျွန်တော်ကတော့ ကြော်ငြာတွေကို ကြည့်လိုက်မယ်ဆိုရင် အားနည်းနေတယ်လို့မြင်မိတယ်။ ပထမတစ်ခုမှာ ပိုပြီးတော့ လုံခြုံတယ်လို့ ပြောပေမယ့်လည်း ဘာကြောင့်ဆိုတာ ထည့်ပြောမသွားဘူး။ iPhone က malware နည်းတယ်လို့ Android သမားတွေက ယူဆရမှာလား။
ဒုတိယတစ်ခုကတော့ သိပ်မမိုက်ပါဘူး။ Apple ပြထားတဲ့ portrait shot တွေက မျက်စိကျချင်စရာသိပ်မကောင်းသေးလို့ပါပဲ။
ဗွီဒီယိုနှစ်ခုစလုံးကတော့ Apple ရဲ့ Switch web page ကို ညွှန်းထားပြီးတော့ အဲဒီမှာ Android ကနေ iPhone ကိုပြောင်းလိုက်မယ်ဆိုရင် ဘယ်လိုအကျိုးတွေရနိုင်သလဲဆိုတာကို ပြသပေးထားပါတယ်။

Leave a Reply