ၾကိဳက္သေလာက္ေမွာင္ပါေစ ပံုရိပ္ေကာင္းေကာင္းေတြေပးစြမ္းႏုိင္မယ့္ Sony ရဲ႕ Xperia XZ2 Premium

0
1781

Zawgyi Version

ISO 51200 sensitivity ပါ၀င္တယ္ဆိုပဲ။

Xperia XZ2 ကို Mobile World Congress မွာ ျပသျပီးႏွစ္လမၾကာေသးခင္မွာပဲ Xperia XZ2 Premium နဲ႕ ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။ XZ2 ရဲ႕ဒီဇိုင္းနဲ႕ဆင္ျပီးေတာ့ display ၊ ကင္မရာ၊ ဘတ္ထရီနဲ႕ အျခားေသာအခ်က္အလက္ေတြကို ျမွင့္တင္ထားတာျဖစ္ပါတယ္။ headphone jack ကေတာ့ မပါ၀င္ေသးပါဘူး။ XZ2 Premium ကိုေတာ့ ဒီႏွစ္ေႏြမွာရႏုိင္မွာျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ မေၾကညာေသးပါဘူး။ ဒါေပမယ့္ ေစ်းသက္သာမယ္လို႕ မထင္လိုက္ပါနဲ႕။ XZ2 ကေဒၚလာ၈၀၀ ဆိုေတာ့ ၉၀၀ နဲ႕ ၁၀၀၀ ေလာက္ျဖစ္ႏုိင္ပါတယ္။

Sony က ၅.၈လက္မ 4K display ကို XZ2 Premium မွာ ထည့္သြင္းေပးထားျပီးေတာ့ ၅.၇လက္မ Full HD+ (1080 x 2160) screen ထက္ သာလြန္ေအာင္လုပ္ေဆာင္ထားတာျဖစ္ပါတယ္။ HDR video ေတြကိုလည္း ေထာက္ပံ့ေပးႏုိင္ပါတယ္။ ဗြီဒီယိုၾကည့္ရင္၊ သီခ်င္းနားေထာင္ရင္၊ ဂိမ္းကစားရင္ vibration စနစ္အသစ္ေလးကို သတိထားမိမွာပါ။ ဒါဟာ screen ေပၚမွာ ဘာပဲျဖစ္ေနေန feedback ျပန္ေပးတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အတင္းလုပ္ထားတယ္လို႕ ျမင္မိပါတယ္။

Upgrade အၾကီးမားဆံုးတစ္ခုကိုျပပါဆိုရင္ေတာ့ ကင္မရာပါပဲ။ XZ2 Premium မွာ အေနာက္ဘက္မွာ ႏွစ္လံုးတပ္ဆင္ထားျပီး သူတို႕အတြက္ ပထမဆံုးျဖစ္ပါတယ္။ telephoto / zoom lens ကို Apple ၊ Samsung နဲ႕ OnePlus တို႕လိုထည့္မယ့္အစား 19-megapixel color sensor နဲ႕ 12-megapixel monochrome တို႕ကို ခြဲထားပါတယ္။

ဒီနည္းပညာကေတာ့ Huawei တို႕လိုဖုန္းထုတ္လုုပ္သူေတြေတာင္ လုပ္ေဆာင္ေနတဲ့နည္းလမ္းျဖစ္ပါတယ္။ Sony ကေတာ့ ISO performance ပိုင္းမွာ ထူးျခားေနေအာင္ လုုပ္ေဆာင္ထားပါတယ္။ ရုပ္ျငိမ္ေတြရုိက္တဲ့အခါမွာ ISO အျမင့္ဆံုး 51,200 အထိ ေရာက္ႏုိင္ပါတယ္။ ဗြီဒီယိုဆိုရင္ေတာ့ 12,800 အထိ ျဖစ္ပါတယ္။ ပံုမွန္အရေတာ့ အဲဒီလိုအေရအတြက္ေတြက အေရးမပါဘူးလို႕ထင္ရေပမယ့္လည္း Sony ကေတာ့ သူ႕ရဲ႕ “AUBE fusion image signal processor” က sensor ေတြရဲ႕အခ်က္အလက္ေတြကို ေပါင္းစပ္ေပးျပီးေတာ့ အလင္းအားနည္းခ်ိန္မွာ noise ေတြကို ေလွ်ာ့ခ်ေပးႏုိင္တာမို႕ ပိုမိုေကာင္းမြန္တဲ့ရလဒ္ေတြ ရႏုိင္မွာျဖစ္ပါတယ္။ လက္ေတြ႕အသံုးျပဳခ်ိန္မွာ ဘယ္လိုေတြျဖစ္မလဲဆိုတာ ကၽြန္ေတာ္တို႕မသိေသးပါဘူး။ Sony ကေတာ့ အလင္းအားအလြန္နည္းတဲ့အခ်ိန္မွာေတာင္ ရိုက္ကူးႏုိင္လိမ့္မယ္လို႕ ေၾကြးေၾကာ္ထားပါတယ္။

ကင္မရာႏွစ္လံုးတပ္ဆင္ထားတာျဖစ္လို႕ portrait feature ကို အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။ monochrome sensor ပါ၀င္တဲ့အတြက္ေၾကာင့္ ျဖဴမည္းရိုက္ခ်က္ေတြကို အလန္းစားရိုက္ကူးႏုိင္ဦးမွာျဖစ္ပါတယ္။ ထူးဆန္းတာကေတာ့ အဲဒီ feature ႏွစ္ခုစလံုးဟာ XZ2 Premium ကို launch လုပ္ခ်ိန္မွာ တစ္ပါတည္းေတြ႕ျမင္ရမွာမဟုတ္ဘဲ software update နဲ႕မွ ရရွိမွာျဖစ္ပါတယ္။ XZ2 မွာလိုပဲ Premium ကလည္း 960fps slow-mo video ကို 1080p resolution နဲ႕ ရိုက္ကူးႏုိင္မွာျဖစ္ျပီးေတာ့ Samsung ရဲ႕ Galaxy S9 မွာေတာ့ 720p သာ ရုိက္ကူးႏုိင္တာျဖစ္ပါတယ္။

XZ2 Premium မွာ တုိးတက္လာတာကေတာ့ RAM ဟာ 6GB အထိေရာက္သြားျပီး 3,540mAh ဘတ္ထရီကို အသံုးျပဳထားပါတယ္။ ျပီးေတာ့ အေရွ႕ကင္မရာကလည္း ပိုျပီးျပတ္သားလာပါတယ္။

XZ2 PREMIUM က ဘာေတြပိုေကာင္းသလဲ

Display: Premium မွာ ၅.၈လက္မ 4K HDR screen ေလးရွိျပီးေတာ့ XZ2 မွာက ၅.၇လက္မ Full HD+ HDR panel ပဲရွိပါတယ္။

RAM: XZ2 Premium မွာ 6GB RAM ရွိျပီးေတာ့ standard XZ2 မွာေတာ့ 4GB ပဲရွိပါတယ္။

အေနာက္ကင္မရာမ်ား : Sony က XZ2 Premium မွာ ကင္မရာႏွစ္လံုးစနစ္ထည့္သြင္းလိုက္ျပီးေတာ့ ISO ခပ္ျမင့္ျမင့္နဲ႕ ဓါတ္ပံု၊ ဗြီဒီယိုေတြကို ရိုက္ကူးႏုိင္ပါတယ္။ color sensor က 19MP ျဖစ္ျပီးေတာ့ monochrome ကေတာ့ 12MP ျဖစ္ပါတယ္။ Portrait နဲ႕ black and white shooting mode ေတြကိုလည္း software update နဲ႕ ရႏုိင္ပါတယ္။ XZ2 မွာကေတာ့ 19-megapixel sensor ကိုသာ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

အေရွ႕ကင္မရာ : XZ2 Premium မွာ 13-megapixel ပါ၀င္ျပီးေတာ့ XZ2 ကေတာ့ 5MP ပဲရွိပါတယ္။

ဘတ္ထရီ :  ဘတ္ထရီကေတာ့ Premium မွာ 3540mAh ကို အသံုးျပဳထားျပီးေတာ့ XZ2 မွာ 3180mAh ဘတ္ထရီကို အသံုးျပဳထားပါတယ္။ ဘတ္ထရီသက္တမ္း အရမ္းကြာျခားသြားတယ္လို႕ မေျပာလိုပါဘူး။ အေၾကာင္းရင္းကေတာ့ resolution ပိုမ်ားေနလို႕ပါပဲ။

အျခား အခ်က္အလက္ေတြကေတာ့ XZ2 နဲ႕ အတူတူေလာက္ပါပဲ။ ဖုန္းႏွစ္လံုးစလံုးဟာ Android 8.0 Oreo နဲ႕ ထြက္ရွိလာမွာျဖစ္ျပီးေတာ့ Snapdragon 845 processor ကိုလည္းအသံုးျပဳထားပါတယ္။

Unicode Version

ISO 51200 sensitivity ပါဝင်တယ်ဆိုပဲ။
Xperia XZ2 ကို Mobile World Congress မှာ ပြသပြီးနှစ်လမကြာသေးခင်မှာပဲ Xperia XZ2 Premium နဲ့ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ XZ2 ရဲ့ဒီဇိုင်းနဲ့ဆင်ပြီးတော့ display ၊ ကင်မရာ၊ ဘတ်ထရီနဲ့ အခြားသောအချက်အလက်တွေကို မြှင့်တင်ထားတာဖြစ်ပါတယ်။ headphone jack ကတော့ မပါဝင်သေးပါဘူး။ XZ2 Premium ကိုတော့ ဒီနှစ်နွေမှာရနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ မကြေညာသေးပါဘူး။ ဒါပေမယ့် ဈေးသက်သာမယ်လို့ မထင်လိုက်ပါနဲ့။ XZ2 ကဒေါ်လာ၈၀၀ ဆိုတော့ ၉၀၀ နဲ့ ၁၀၀၀ လောက်ဖြစ်နိုင်ပါတယ်။
Sony က ၅.၈လက်မ 4K display ကို XZ2 Premium မှာ ထည့်သွင်းပေးထားပြီးတော့ ၅.၇လက်မ Full HD+ (1080 x 2160) screen ထက် သာလွန်အောင်လုပ်ဆောင်ထားတာဖြစ်ပါတယ်။ HDR video တွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ ဗွီဒီယိုကြည့်ရင်၊ သီချင်းနားထောင်ရင်၊ ဂိမ်းကစားရင် vibration စနစ်အသစ်လေးကို သတိထားမိမှာပါ။ ဒါဟာ screen ပေါ်မှာ ဘာပဲဖြစ်နေနေ feedback ပြန်ပေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အတင်းလုပ်ထားတယ်လို့ မြင်မိပါတယ်။
Upgrade အကြီးမားဆုံးတစ်ခုကိုပြပါဆိုရင်တော့ ကင်မရာပါပဲ။ XZ2 Premium မှာ အနောက်ဘက်မှာ နှစ်လုံးတပ်ဆင်ထားပြီး သူတို့အတွက် ပထမဆုံးဖြစ်ပါတယ်။ telephoto / zoom lens ကို Apple ၊ Samsung နဲ့ OnePlus တို့လိုထည့်မယ့်အစား 19-megapixel color sensor နဲ့ 12-megapixel monochrome တို့ကို ခွဲထားပါတယ်။
ဒီနည်းပညာကတော့ Huawei တို့လိုဖုန်းထုတ်လုုပ်သူတွေတောင် လုပ်ဆောင်နေတဲ့နည်းလမ်းဖြစ်ပါတယ်။ Sony ကတော့ ISO performance ပိုင်းမှာ ထူးခြားနေအောင် လုုပ်ဆောင်ထားပါတယ်။ ရုပ်ငြိမ်တွေရိုက်တဲ့အခါမှာ ISO အမြင့်ဆုံး 51,200 အထိ ရောက်နိုင်ပါတယ်။ ဗွီဒီယိုဆိုရင်တော့ 12,800 အထိ ဖြစ်ပါတယ်။ ပုံမှန်အရတော့ အဲဒီလိုအရေအတွက်တွေက အရေးမပါဘူးလို့ထင်ရပေမယ့်လည်း Sony ကတော့ သူ့ရဲ့ “AUBE fusion image signal processor” က sensor တွေရဲ့အချက်အလက်တွေကို ပေါင်းစပ်ပေးပြီးတော့ အလင်းအားနည်းချိန်မှာ noise တွေကို လျှော့ချပေးနိုင်တာမို့ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရနိုင်မှာဖြစ်ပါတယ်။ လက်တွေ့အသုံးပြုချိန်မှာ ဘယ်လိုတွေဖြစ်မလဲဆိုတာ ကျွန်တော်တို့မသိသေးပါဘူး။ Sony ကတော့ အလင်းအားအလွန်နည်းတဲ့အချိန်မှာတောင် ရိုက်ကူးနိုင်လိမ့်မယ်လို့ ကြွေးကြော်ထားပါတယ်။
ကင်မရာနှစ်လုံးတပ်ဆင်ထားတာဖြစ်လို့ portrait feature ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ monochrome sensor ပါဝင်တဲ့အတွက်ကြောင့် ဖြူမည်းရိုက်ချက်တွေကို အလန်းစားရိုက်ကူးနိုင်ဦးမှာဖြစ်ပါတယ်။ ထူးဆန်းတာကတော့ အဲဒီ feature နှစ်ခုစလုံးဟာ XZ2 Premium ကို launch လုပ်ချိန်မှာ တစ်ပါတည်းတွေ့မြင်ရမှာမဟုတ်ဘဲ software update နဲ့မှ ရရှိမှာဖြစ်ပါတယ်။ XZ2 မှာလိုပဲ Premium ကလည်း 960fps slow-mo video ကို 1080p resolution နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီးတော့ Samsung ရဲ့ Galaxy S9 မှာတော့ 720p သာ ရိုက်ကူးနိုင်တာဖြစ်ပါတယ်။
XZ2 Premium မှာ တိုးတက်လာတာကတော့ RAM ဟာ 6GB အထိရောက်သွားပြီး 3,540mAh ဘတ်ထရီကို အသုံးပြုထားပါတယ်။ ပြီးတော့ အရှေ့ကင်မရာကလည်း ပိုပြီးပြတ်သားလာပါတယ်။
XZ2 PREMIUM က ဘာတွေပိုကောင်းသလဲ
Display: Premium မှာ ၅.၈လက်မ 4K HDR screen လေးရှိပြီးတော့ XZ2 မှာက ၅.၇လက်မ Full HD+ HDR panel ပဲရှိပါတယ်။
RAM: XZ2 Premium မှာ 6GB RAM ရှိပြီးတော့ standard XZ2 မှာတော့ 4GB ပဲရှိပါတယ်။
အနောက်ကင်မရာများ : Sony က XZ2 Premium မှာ ကင်မရာနှစ်လုံးစနစ်ထည့်သွင်းလိုက်ပြီးတော့ ISO ခပ်မြင့်မြင့်နဲ့ ဓါတ်ပုံ၊ ဗွီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ color sensor က 19MP ဖြစ်ပြီးတော့ monochrome ကတော့ 12MP ဖြစ်ပါတယ်။ Portrait နဲ့ black and white shooting mode တွေကိုလည်း software update နဲ့ ရနိုင်ပါတယ်။ XZ2 မှာကတော့ 19-megapixel sensor ကိုသာ တွေ့မြင်ရမှာဖြစ်ပါတယ်။
အရှေ့ကင်မရာ : XZ2 Premium မှာ 13-megapixel ပါဝင်ပြီးတော့ XZ2 ကတော့ 5MP ပဲရှိပါတယ်။
ဘတ်ထရီ : ဘတ်ထရီကတော့ Premium မှာ 3540mAh ကို အသုံးပြုထားပြီးတော့ XZ2 မှာ 3180mAh ဘတ်ထရီကို အသုံးပြုထားပါတယ်။ ဘတ်ထရီသက်တမ်း အရမ်းကွာခြားသွားတယ်လို့ မပြောလိုပါဘူး။ အကြောင်းရင်းကတော့ resolution ပိုများနေလို့ပါပဲ။
အခြား အချက်အလက်တွေကတော့ XZ2 နဲ့ အတူတူလောက်ပါပဲ။ ဖုန်းနှစ်လုံးစလုံးဟာ Android 8.0 Oreo နဲ့ ထွက်ရှိလာမှာဖြစ်ပြီးတော့ Snapdragon 845 processor ကိုလည်းအသုံးပြုထားပါတယ်။

Leave a Reply