နာေရးအိမ္မွာ လူေသရဲ႕လက္နဲ႕ ဖုန္းကို unlock လုပ္ဖို႕ၾကိဳးစားခဲ့တဲ့ရဲမ်ား

0
2500

Zawgyi Version

ရဲေတြက စမတ္ဖုန္းေတြကို unlock လုပ္ဖို႕ ဘယ္လိုေတြၾကိဳးစားခဲ့ၾကသလဲ။ ဒီေန႕ေခတ္မွာ ရာဇ၀တ္ေကာင္ေတြကလည္း စမတ္ဖုန္းေတြကိုကိုင္ေဆာင္ထားၾကျပီးေတာ့ သူတို႕ရဲ႕စမတ္ဖုန္းအခ်က္အလက္ေတြကို ရဲေတြက စစ္ေဆးၾကည့္ခ်င္ၾကပါတယ္။ ဒါေပမယ့္ ဘယ္လိုေတြစစ္ေဆးသလဲဆိုတာကေတာ့ ကၽြန္ေတာ္တို႕ အေသးစိတ္မသိရပါဘူး။ အဲဒီအထဲမွာ လူေသရဲ႕လက္ေခ်ာင္းနဲ႕ ဖြင့္တယ္ဆိုတာကေတာ့ ပါေနပါတယ္။ ဖေလာ္ရီဒါမွာရွိတဲ့ စံုေထာက္ႏွစ္ဦးဟာ နာေရးအိမ္ကိုသြားျပီးေတာ့ ေသသူရဲ႕ဖုန္းကို ဖြင့္ဖို႕အတြက္ၾကိဳးစားခဲ့ၾကပါတယ္။ အဲဒီစံုေထာက္ေတြက တရားမ၀င္တာမ်ိဳးေတြ မလုပ္ခဲ့ပါဘူး။ ဒါေပမယ့္ က်င့္၀တ္မညီဘူးလို႕ေတာ့ ေျပာရမယ္ထင္ပါတယ္။

Linus Phillip အမည္ရွိ အသက္သံုးဆယ္လူတစ္ေယာက္ဟာ မတ္လ၂၃ရက္ေန႕မွာ ရဲအရာရွိေတြရွာေဖြဖို႕လုပ္ခ်ိန္မွာ ေျပးရင္းနဲ႕ ပစ္သတ္ခံလုိက္ရတာျဖစ္ပါတယ္။ စံုစမ္းမႈကေတာ့ ေဆး၀ါးနဲ႕ပတ္သတ္ဖို႕ မ်ားပါတယ္။ သဲလြန္စေတြကိုေတာ့ သူ႕ရဲ႕စမတ္ဖုန္းထဲမွာ ေတြ႕ရႏုိင္ေခ်ရွိေနပါတယ္။ ရဲေတြအတြက္ ကံမေကာင္းတာကေတာ့ သူ႕ရဲ႕ဖုန္းကိုရွာေတြ႕ခ်ိန္မွာ သူဟာေသဆံုးေနျပီးသားအေျခအေနကို ေရာက္သြားပါျပီ။

ဒါေၾကာင့္ နာေရးအိမ္ကိုေလွ်ာက္သြားဖို႕ ဆံုးျဖတ္လိုက္ၾကျပီးေတာ့ သူတို႕ကို သတင္းမေပးခဲ့ပါဘူး။ ရဲေတြလာမယ္ဆိုတာသိရင္ အေထာက္အထားေတြဖြက္တာမ်ိဳး၊ ေရွာင္ေျပးတာေတြ လုပ္မွာစိုးရိမ္တဲ့အတြက္ေၾကာင့္ပါ။ စံုေထာက္ေတြမွာ ေမးခြန္းေတြေမးျပီးေတာ့ ဖုန္းကိုမဖြင့္ႏုိင္ခဲ့ၾကပါဘူး။

တရား၀င္စကားေျပာဆိုမႈအပိုင္းမွာလည္း ရဲေတြမမွားခဲ့ပါဘူး။ လူတစ္ေယာက္ရဲ႕ေသဆံုးမႈမွာ privacy အတြက္ ရွာေဖြမႈ၀ရမ္းေတြ မလိုအပ္ပါဘူး။ ဒါေပမယ့္လည္း အဲဒီစည္းမ်ဥ္းေတြကို သတ္မွတ္ထားတာက စမတ္ဖုန္းေတြမေပၚခင္ကပါ။ ဖုန္းကို Unlock လုပ္ဖို႕အတြက္ ေသသူျဖစ္ျဖစ္၊ ရွင္သူျဖစ္ျဖစ္ ခက္ခဲမယ္ဆိုတာကို ေတြးမိၾကေလာက္ပါျပီ။

ဒီထက္ပိုေျပာရမယ္ဆိုရင္ တရားဥပေဒေတြက လက္ရွိနည္းပညာေတြနဲ႕ မကိုက္ညီေတာ့ပါဘူး။ စမတ္ဖုန္းေတြဟာ စံုစမ္းမႈေတြအတြက္ အေရးပါတဲ့ပစၥည္းေတြျဖစ္လာေနျပီးေတာ့ တရားရံုးနဲ႕ စစ္ေဆးသူေတြကလညး္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဥပေဒေတြ၊ စည္းမ်ဥ္းေတြကို တုိက္ဖ်က္ေနရတာျဖစ္ပါတယ္။ ဒီကိစၥဟာ တရား၀င္တယ္လို႕ သတ္မွတ္ရမယ္ဆိုရင္ေတာင္ ပိုင္ဆုိင္မႈနဲ႕ ေလးစားမႈကို ေမးခြန္းထုတ္ရပါလိမ့္မယ္။ ေသသြားသူနဲ႕ က်န္ရစ္သူမိသားစုကို ေလးစားသမႈမရွိေတာ့သလိုျဖစ္ေနလို႕ပါပဲ။ ဒီကိစၥကို ဘယ္လိုေတြေျဖရွင္းသြားၾကမလဲဆိုတာကေတာ့ စိတ္၀င္စားစရာပါပဲ။

Unicode Version

ရဲတွေက စမတ်ဖုန်းတွေကို unlock လုပ်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ကြသလဲ။ ဒီနေ့ခေတ်မှာ ရာဇဝတ်ကောင်တွေကလည်း စမတ်ဖုန်းတွေကိုကိုင်ဆောင်ထားကြပြီးတော့ သူတို့ရဲ့စမတ်ဖုန်းအချက်အလက်တွေကို ရဲတွေက စစ်ဆေးကြည့်ချင်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုတွေစစ်ဆေးသလဲဆိုတာကတော့ ကျွန်တော်တို့ အသေးစိတ်မသိရပါဘူး။ အဲဒီအထဲမှာ လူသေရဲ့လက်ချောင်းနဲ့ ဖွင့်တယ်ဆိုတာကတော့ ပါနေပါတယ်။ ဖလော်ရီဒါမှာရှိတဲ့ စုံထောက်နှစ်ဦးဟာ နာရေးအိမ်ကိုသွားပြီးတော့ သေသူရဲ့ဖုန်းကို ဖွင့်ဖို့အတွက်ကြိုးစားခဲ့ကြပါတယ်။ အဲဒီစုံထောက်တွေက တရားမဝင်တာမျိုးတွေ မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ကျင့်ဝတ်မညီဘူးလို့တော့ ပြောရမယ်ထင်ပါတယ်။
Linus Phillip အမည်ရှိ အသက်သုံးဆယ်လူတစ်ယောက်ဟာ မတ်လ၂၃ရက်နေ့မှာ ရဲအရာရှိတွေရှာဖွေဖို့လုပ်ချိန်မှာ ပြေးရင်းနဲ့ ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။ စုံစမ်းမှုကတော့ ဆေးဝါးနဲ့ပတ်သတ်ဖို့ များပါတယ်။ သဲလွန်စတွေကိုတော့ သူ့ရဲ့စမတ်ဖုန်းထဲမှာ တွေ့ရနိုင်ချေရှိနေပါတယ်။ ရဲတွေအတွက် ကံမကောင်းတာကတော့ သူ့ရဲ့ဖုန်းကိုရှာတွေ့ချိန်မှာ သူဟာသေဆုံးနေပြီးသားအခြေအနေကို ရောက်သွားပါပြီ။
ဒါကြောင့် နာရေးအိမ်ကိုလျှောက်သွားဖို့ ဆုံးဖြတ်လိုက်ကြပြီးတော့ သူတို့ကို သတင်းမပေးခဲ့ပါဘူး။ ရဲတွေလာမယ်ဆိုတာသိရင် အထောက်အထားတွေဖွက်တာမျိုး၊ ရှောင်ပြေးတာတွေ လုပ်မှာစိုးရိမ်တဲ့အတွက်ကြောင့်ပါ။ စုံထောက်တွေမှာ မေးခွန်းတွေမေးပြီးတော့ ဖုန်းကိုမဖွင့်နိုင်ခဲ့ကြပါဘူး။
တရားဝင်စကားပြောဆိုမှုအပိုင်းမှာလည်း ရဲတွေမမှားခဲ့ပါဘူး။ လူတစ်ယောက်ရဲ့သေဆုံးမှုမှာ privacy အတွက် ရှာဖွေမှုဝရမ်းတွေ မလိုအပ်ပါဘူး။ ဒါပေမယ့်လည်း အဲဒီစည်းမျဉ်းတွေကို သတ်မှတ်ထားတာက စမတ်ဖုန်းတွေမပေါ်ခင်ကပါ။ ဖုန်းကို Unlock လုပ်ဖို့အတွက် သေသူဖြစ်ဖြစ်၊ ရှင်သူဖြစ်ဖြစ် ခက်ခဲမယ်ဆိုတာကို တွေးမိကြလောက်ပါပြီ။
ဒီထက်ပိုပြောရမယ်ဆိုရင် တရားဥပဒေတွေက လက်ရှိနည်းပညာတွေနဲ့ မကိုက်ညီတော့ပါဘူး။ စမတ်ဖုန်းတွေဟာ စုံစမ်းမှုတွေအတွက် အရေးပါတဲ့ပစ္စည်းတွေဖြစ်လာနေပြီးတော့ တရားရုံးနဲ့ စစ်ဆေးသူတွေကလည်း နှစ်ပေါင်းများစွာကြာအောင် ဥပဒေတွေ၊ စည်းမျဉ်းတွေကို တိုက်ဖျက်နေရတာဖြစ်ပါတယ်။ ဒီကိစ္စဟာ တရားဝင်တယ်လို့ သတ်မှတ်ရမယ်ဆိုရင်တောင် ပိုင်ဆိုင်မှုနဲ့ လေးစားမှုကို မေးခွန်းထုတ်ရပါလိမ့်မယ်။ သေသွားသူနဲ့ ကျန်ရစ်သူမိသားစုကို လေးစားသမှုမရှိတော့သလိုဖြစ်နေလို့ပါပဲ။ ဒီကိစ္စကို ဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Leave a Reply