စမတ္ဖုန္းမ်ားဟာ ဂိမ္းကစားဖို႔ ျဖစ္လာမယ္ဆိုတာ သက္ေသျပလိုက္တဲ့ Xiaomi Black Shark

0
1747

Zawgyi Verison

စမတ္ဖုန္း ဒီဇိုင္းမ်ားဟာ ဒီႏွစ္နွစ္အတြင္းမွာ သိသိသာသာ မေျပာင္းလဲခဲ့ပါဘူး။ ဒီေန႔ ေစ်းကြက္ထဲမွာ Galaxy S9+ နဲ႔ Huawei P20 တို႔လို အေနာက္ ဖန္ကိုယ္ထည္ ပါတဲ့ ဖုန္းမ်ား၊ Redmi  Note 5 Pro နဲ႔ Honor 7X တို႔လို သတၱဳကိုယ္ထည္ ပါတဲ့ ဖုန္းမ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။ Mi Mix 2S နဲ႔ Essential Phone မ်ားကေတာ့ ေတာက္ေျပာင္တဲ့ ဒီဇိုင္းနဲ႔ တိုက္ေတနီယမ္ အတြဲအစပ္ေၾကာင့္ လူသိမ်ားပါတယ္။ Pixel 2 Series  မ်ားနဲ႔ Nokia 7 Plus တို႔မွာ အေနာက္ဘက္ သတၱဳ ကိုယ္ထည္ကို ေတာက္ေျပာင္တဲ့ အလႊာျဖင့္ ဖံုးအုပ္ထားပါတယ္။

ဒီလို ဖုန္းအမ်ိဳးအစားမ်ားစြာ ရွိေပမယ့္ ဒီဇိုင္း အပိ္ုင္းမွာေတာ့ ကြာျခားမႈ သိပ္ မရွိၾကပါဘူး။ ဒါေပမယ့္ အခုေတာ့  Gaming Phone မ်ားဟာ ေနာက္မ်ိဳးဆက္ စမတ္ဖုန္းမ်ားရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈကို  ေမာင္းနွင္ေပးေတာ့မွာပါ။ ယခင္ႏွစ္မွာ ေရာင္းခ်ခဲ့တဲ့  Razer Phone မွာ 120Hz Display ၊ ေစ်းကြက္ထဲမွ ဖုန္းအားလံုးထဲမွာ အေကာင္းဆံုး စပီကာမ်ားနဲ႔ စြမ္းရည္ျမင့္ Specs မ်ား ပါပါတယ္။

ေရွာင္မီကလည္း မၾကာခင္က Black Shark ျဖင့္ Gaming Phone နယ္ပယ္ထဲကို ၀င္ေရာက္လာပါတယ္။ သူ ႔မွာလည္း စြမ္းရည္ျမင့္ ဟာ့ဒ္၀ဲမ်ား ပါၿပီး ဖုန္းနဲ႔ ခ်ိတ္ဆက္ ကစားႏိုင္တဲ့ Controller  တစ္ခုေတာင္ ပါပါတယ္။

Xiaomi's Black Shark gaming phone

ေရွာင္မီက မိုဘိုင္း ဂိမ္း ကစားမႈမ်ားတဲ့ တရုတ္အတြက္ ရည္ရြယ္ထားပါတယ္။

မိုဘိုင္း ဂိမ္း ကစားမႈဟာ အေနာက္ႏုိ္င္ငံမ်ားမွာ  သိပ္မမ်ားေပမယ့္ တရုတ္လို အာရွ ႏုိင္ငံမ်ားမွာ အလြန္ ေရပန္းစားေနပါတယ္။ Tencent ရဲ႕  MOBA Game ျဖစ္တဲ့ Honor of Kings ဟာ ကမာၻ႕ လူ အမ်ားဆံုး ကစားတဲ့ မိုဘိုင္း ဂိမ္း  ျဖစ္ပါတယ္။ တရုတ္မွာ သူ႔ကို ေန႔တိုင္း ကစားသူေပါင္း သန္း ၇၀ ေက်ာ္ရွိပါတယ္။ သူ႔ကို အေနာက္ႏုိင္ငံမ်ားမွာ Arena of Valor  အမည္ျဖင့္ ျဖန္႔ခ်ီေပးထားပါတယ္။

အဲဒီ ဂိမ္းကို အလြန္ ကစားၾကတဲ့ အေၾကာင္းတစ္ခ်က္က သူဟာ  မိုဘိုင္း ကိရိယာမ်ားအတြက္ ဒီဇိုင္းထုတ္ထားလို႔ပါ။ သူ႔မွာ ရိုးရွင္းတဲ့ ထိန္းခ်ဳပ္စနစ္မ်ားနဲ႔ အခ်ိန္တိုတဲ့ တိုက္ပြဲမ်ား ပါပါတယ္။ ၅ ေယာက္တစ္ဖြဲ႔ တိုက္ခိုက္ရတဲ့ ၿပိဳင္ပြဲကလည္း လူငယ္မ်ားကို စြဲေဆာင္ေနပါတယ္။ ေရွာင္မီက Black Shark Gaming Phone ျဖင့္ ဂိမ္မာမ်ားကို စြဲေဆာင္လိုက္ပါၿပီ။

နာမည္ႀကီး ဂိမ္းမ်ားကို ကစားဖို႔ Gaming Phone တစ္လံုး မလိုပါဘူး။ Galaxy S9 Plus မွာ Black Shark မွာလိုပဲ တူညီတဲ့ Chipset ပါၿပီး ဘယ္လို စြမ္းအင္မ်ားစြာလိုတဲ့ ဂိမ္းကို  မဆို ကစားႏုိင္ပါတယ္။ ဒါေပမယ့္ Gaming Phone  မ်ားက သင့္ရဲ႕ ဂိမ္းကစားတဲ့ အေတြ႕အၾကံဳကို ျမင့္မားေအာင္ နည္းပ့ညာ အသစ္မ်ားကို အသုံးျပဳထားပါတယ္။  ဥပမာအားျဖင့္ Black Shark မွာ အပူခ်ိန္ကို ၈ ဒီဂရီ ဆယ္လ္ဆီးယပ္စ္ အထိ ေလွ်ာ့ခ်ေပးႏိုင္တဲ့ Liquid Cooling နည္းပညာပါပါတယ္။ နာရီေပါင္းမ်ားစြာ ဂိမ္းကစားတဲ့ လူမ်ားအတြက္ ဒါက အလြန္ တန္ဖိုးရွိပါတယ္။ Razer Phone မွာဆိုရင္လည္း ရုပ္ထြက္မ်ားကို အလြန္ ေခ်ာမြတ္ေစတဲ့ 120Hz Display  ထည့္ေပးထားပါတယ္။

ဂိမ္းကစားေနစဥ္မွာ ဖုန္းရဲ႕ စြမ္းရည္ကို ျမင့္တင္ေပးဖို႔ ဒီဇိုင္းထုတ္ထားတဲ့ ခလုတ္တစ္ခုကို Black Shark မွာ တပ္ဆင္ေပးထားပါတယ္။ X-Style Antenna Design ကလည္း ၀ိုင္ဖိုင္ ဆက္သြယ္မႈကို ပိုမို ျမန္ေစသလို အၾကာႀကီး ဖုန္းကို ကိုင္တြယ္ ကစားလို႔လည္း ေကာင္းမြန္ပါတယ္။

ဒီဇိုင္းအပိုင္းမွာလည္း Gaming Phone မ်ားဟာ ထူးျခားပါတယ္။ Razer Phone ရဲ႕ အေနာက္မွာ သူ႔ရဲ႕ နာမည္ေက်ာ္ ေျမြ လိုဂိုပါပါတယ္။ Black Shark ရဲ႕ အေနာက္ဘက္မွ အစိမ္းေရာင္ S စာလံုးက စြဲေဆာင္မႈ ရွိပါတယ္။

ဒီႏွစ္ထဲမွာ Gaming Phone မ်ား အၿပိဳင္အဆိုင္ ထြက္လာ ႏုိင္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ZTE က Nubia Red  Magic Gaming Phone ကို ျပသခဲ့ပါတယ္။ Asus ကလည္း Gaming Phone တစ္လံုးကို မိတ္ဆက္မယ္လို႔ သတင္းထြက္ေနပါတယ္။

Unicode Version

စမတ်ဖုန်း ဒီဇိုင်းများဟာ ဒီနှစ်နှစ်အတွင်းမှာ သိသိသာသာ မပြောင်းလဲခဲ့ပါဘူး။ ဒီနေ့ ဈေးကွက်ထဲမှာ Galaxy S9+ နဲ့ Huawei P20 တို့လို အနောက် ဖန်ကိုယ်ထည် ပါတဲ့ ဖုန်းများ၊ Redmi Note 5 Pro နဲ့ Honor 7X တို့လို သတ္တုကိုယ်ထည် ပါတဲ့ ဖုန်းများကို ရွေးချယ်နိုင်ပါတယ်။ Mi Mix 2S နဲ့ Essential Phone များကတော့ တောက်ပြောင်တဲ့ ဒီဇိုင်းနဲ့ တိုက်တေနီယမ် အတွဲအစပ်ကြောင့် လူသိများပါတယ်။ Pixel 2 Series များနဲ့ Nokia 7 Plus တို့မှာ အနောက်ဘက် သတ္တု ကိုယ်ထည်ကို တောက်ပြောင်တဲ့ အလွှာဖြင့် ဖုံးအုပ်ထားပါတယ်။
ဒီလို ဖုန်းအမျိုးအစားများစွာ ရှိပေမယ့် ဒီဇိုင်း အပိုင်းမှာတော့ ကွာခြားမှု သိပ် မရှိကြပါဘူး။ ဒါပေမယ့် အခုတော့ Gaming Phone များဟာ နောက်မျိုးဆက် စမတ်ဖုန်းများရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးတော့မှာပါ။ ယခင်နှစ်မှာ ရောင်းချခဲ့တဲ့ Razer Phone မှာ 120Hz Display ၊ ဈေးကွက်ထဲမှ ဖုန်းအားလုံးထဲမှာ အကောင်းဆုံး စပီကာများနဲ့ စွမ်းရည်မြင့် Specs များ ပါပါတယ်။
ရှောင်မီကလည်း မကြာခင်က Black Shark ဖြင့် Gaming Phone နယ်ပယ်ထဲကို ဝင်ရောက်လာပါတယ်။ သူ့မှာလည်း စွမ်းရည်မြင့် ဟာ့ဒ်ဝဲများ ပါပြီး ဖုန်းနဲ့ ချိတ်ဆက် ကစားနိုင်တဲ့ Controller တစ်ခုတောင် ပါပါတယ်။
ရှောင်မီက မိုဘိုင်း ဂိမ်း ကစားမှုများတဲ့ တရုတ်အတွက် ရည်ရွယ်ထားပါတယ်။
မိုဘိုင်း ဂိမ်း ကစားမှုဟာ အနောက်နိုင်ငံများမှာ သိပ်မများပေမယ့် တရုတ်လို အာရှ နိုင်ငံများမှာ အလွန် ရေပန်းစားနေပါတယ်။ Tencent ရဲ့ MOBA Game ဖြစ်တဲ့ Honor of Kings ဟာ ကမ္ဘာ့ လူ အများဆုံး ကစားတဲ့ မိုဘိုင်း ဂိမ်း ဖြစ်ပါတယ်။ တရုတ်မှာ သူ့ကို နေ့တိုင်း ကစားသူပေါင်း သန်း ၇၀ ကျော်ရှိပါတယ်။ သူ့ကို အနောက်နိုင်ငံများမှာ Arena of Valor အမည်ဖြင့် ဖြန့်ချီပေးထားပါတယ်။
အဲဒီ ဂိမ်းကို အလွန် ကစားကြတဲ့ အကြောင်းတစ်ချက်က သူဟာ မိုဘိုင်း ကိရိယာများအတွက် ဒီဇိုင်းထုတ်ထားလို့ပါ။ သူ့မှာ ရိုးရှင်းတဲ့ ထိန်းချုပ်စနစ်များနဲ့ အချိန်တိုတဲ့ တိုက်ပွဲများ ပါပါတယ်။ ၅ ယောက်တစ်ဖွဲ့ တိုက်ခိုက်ရတဲ့ ပြိုင်ပွဲကလည်း လူငယ်များကို စွဲဆောင်နေပါတယ်။ ရှောင်မီက Black Shark Gaming Phone ဖြင့် ဂိမ်မာများကို စွဲဆောင်လိုက်ပါပြီ။
နာမည်ကြီး ဂိမ်းများကို ကစားဖို့ Gaming Phone တစ်လုံး မလိုပါဘူး။ Galaxy S9 Plus မှာ Black Shark မှာလိုပဲ တူညီတဲ့ Chipset ပါပြီး ဘယ်လို စွမ်းအင်များစွာလိုတဲ့ ဂိမ်းကို မဆို ကစားနိုင်ပါတယ်။ ဒါပေမယ့် Gaming Phone များက သင့်ရဲ့ ဂိမ်းကစားတဲ့ အတွေ့အကြုံကို မြင့်မားအောင် နည်းပ့ညာ အသစ်များကို အသုံးပြုထားပါတယ်။ ဥပမာအားဖြင့် Black Shark မှာ အပူချိန်ကို ၈ ဒီဂရီ ဆယ်လ်ဆီးယပ်စ် အထိ လျှော့ချပေးနိုင်တဲ့ Liquid Cooling နည်းပညာပါပါတယ်။ နာရီပေါင်းများစွာ ဂိမ်းကစားတဲ့ လူများအတွက် ဒါက အလွန် တန်ဖိုးရှိပါတယ်။ Razer Phone မှာဆိုရင်လည်း ရုပ်ထွက်များကို အလွန် ချောမွတ်စေတဲ့ 120Hz Display ထည့်ပေးထားပါတယ်။
ဂိမ်းကစားနေစဉ်မှာ ဖုန်းရဲ့ စွမ်းရည်ကို မြင့်တင်ပေးဖို့ ဒီဇိုင်းထုတ်ထားတဲ့ ခလုတ်တစ်ခုကို Black Shark မှာ တပ်ဆင်ပေးထားပါတယ်။ X-Style Antenna Design ကလည်း ဝိုင်ဖိုင် ဆက်သွယ်မှုကို ပိုမို မြန်စေသလို အကြာကြီး ဖုန်းကို ကိုင်တွယ် ကစားလို့လည်း ကောင်းမွန်ပါတယ်။
ဒီဇိုင်းအပိုင်းမှာလည်း Gaming Phone များဟာ ထူးခြားပါတယ်။ Razer Phone ရဲ့ အနောက်မှာ သူ့ရဲ့ နာမည်ကျော် မြွေ လိုဂိုပါပါတယ်။ Black Shark ရဲ့ အနောက်ဘက်မှ အစိမ်းရောင် S စာလုံးက စွဲဆောင်မှု ရှိပါတယ်။
ဒီနှစ်ထဲမှာ Gaming Phone များ အပြိုင်အဆိုင် ထွက်လာ နိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ZTE က Nubia Red Magic Gaming Phone ကို ပြသခဲ့ပါတယ်။ Asus ကလည်း Gaming Phone တစ်လုံးကို မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

Leave a Reply