Notch ဒီဇိုင္းနဲ႔အေနာက္ ကင္မရာ ႏွစ္လံုးပါတဲ့ V9 Youth ကိုVivo ေရာင္းခ်

0
1959

Zawgyi Version

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Vivo အေနနဲ႔ ယခင္ထြက္ရွိထားတဲ့ V9 ရဲ႕ ေစ်းႏႈန္းသက္သာတဲ့ ေမာ္ဒယ္ကို အိႏၵိယမွာ ေရာင္းခ်ေပးလိုက္ပါတယ္။ Vivo V9 Youth လို႔ အမည္ေပးထားၿပီး ရူပီး ၁၈၉၉၀ ( ၂၃၀ ယူရို)သာ က်သင့္ပါတယ္။ V9 ကိုေတာ့ ၂၈၀ ယူရိုျဖင့္ ေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။

Vivo V9 Youth မွာ V9 မွာလိုပ ဲ 19:9 Aspect Ratio ပါတဲ့ ၆.၃ လက္မ 1080x2280p IPS LCD Display တပ္ဆင္ထားပါတယ္။ Notch မွာ အေရွ႕ ကင္မရာကို ျမွပ္ႏွံထားပါတယ္။ Vivo အေနနဲ႔ V9 Youth မွာေတာ့V9 ရဲ႕ Snapdragon 626 အစား Snapdragon 450 ကို အစားထိုးထားပါတယ္။ 16MP+5MP ေနာက္ေက်ာဘက္ကင္မရာ၂လုံးအစား 16MP+2MP Dual ကင္မရာ မ်ားျဖင့္ ေျပာင္းလဲထားပါတယ္။

သုိ႔ေပမယ့္ကင္မရာမ်ားဟာ 4K Video မ်ားကိုေတာ့ မဖမ္းယူေပးႏုိင္ပါဘူး။ အေရွ႕ဘက္မွာ V9 တြင္ 24MP Camera တပ္ဆင္ထားၿပီး V9 Youth မွာေတာ့ 16MP Camera သာ ထည့္ေပးထားပါတယ္။4GB RAM, 3260mAh Battery မ်ား ထည့္ေပးထားပါတယ္။ Android 8.1 Oreo အေျချပဳ Funtouch OS 4.0 ပါပါတယ္။ ဒါေပမယ့္ အေရွ႕ ကင္မရာမွာ Face Unlock စြမ္းရည္ပါပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ထည့္ေပးထားပါတယ္။

Unicode Version

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Vivo အနေနဲ့ ယခင်ထွက်ရှိထားတဲ့ V9 ရဲ့ စျေးနှုန်းသက်သာတဲ့ မော်ဒယ်ကို အိန္ဒိယမှာ ရောင်းချပေးလိုက်ပါတယ်။ Vivo V9 Youth လို့ အမည်ပေးထားပြီး ရူပီး ၁၈၉၉၀ ( ၂၃၀ ယူရို)သာ ကျသင့်ပါတယ်။ V9 ကိုတော့ ၂၈၀ ယူရိုဖြင့် ရောင်းချပေးနေတာ ဖြစ်ပါတယ်။

Vivo V9 Youth မှာ V9 မှာလိုပ ဲ 19:9 Aspect Ratio ပါတဲ့ ၆.၃ လက်မ 1080x2280p IPS LCD Display တပ်ဆင်ထားပါတယ်။ Notch မှာ အရှေ့ ကင်မရာကို မြှပ်နှံထားပါတယ်။ Vivo အနေနဲ့ V9 Youth မှာတော့V9 ရဲ့ Snapdragon 626 အစား Snapdragon 450 ကို အစားထိုးထားပါတယ်။ 16MP+5MP နောက်ကျောဘက်ကင်မရာ၂လုံးအစား 16MP+2MP Dual ကင်မရာ များဖြင့် ပြောင်းလဲထားပါတယ်။

သို့ပေမယ့်ကင်မရာများဟာ 4K Video များကိုတော့ မဖမ်းယူပေးနိုင်ပါဘူး။ အရှေ့ဘက်မှာ V9 တွင် 24MP Camera တပ်ဆင်ထားပြီး V9 Youth မှာတော့ 16MP Camera သာ ထည့်ပေးထားပါတယ်။4GB RAM, 3260mAh Battery များ ထည့်ပေးထားပါတယ်။ Android 8.1 Oreo အခြေပြု Funtouch OS 4.0 ပါပါတယ်။ ဒါပေမယ့် အရှေ့ ကင်မရာမှာ Face Unlock စွမ်းရည်ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်ပေးထားပါတယ်။

Leave a Reply