Nokia 7 Plus စမတ္ဖုန္းရဲ႕သံုးသပ္ခ်က္

2
2505

Zawgyi Version

ထိခ်က္ျပင္းတဲ့ဒီဇုိင္း၊ ကင္မရာလန္းလန္း၊ Android One ေတြကိုၾကိဳက္ႏွစ္သက္ရင္ Nokia 7 Plus ကို စဥ္းစားသင့္တယ္။

Nokia ရဲ႕ comeback ရာဇ၀င္ကလည္း HMD Global ရဲ႕ ဘတ္ဂ်က္ေစ်းကြက္ကို ဦးတည္မႈနဲ႕အတူ ေအာင္ျမင္ေနခဲ့ပါတယ္။ မႏွစ္က Android ဖုန္းေျခာက္လံုးအထိ ထုတ္လုပ္ခဲ့ျပီးေတာ့ တရုတ္၊ အိႏၵိယတို႕လို ေစ်းကြက္ေတြကို ဦးတည္ခဲ့ပါတယ္။ အဲဒီႏုိင္ငံေတြမွာ Nokia ရဲ ႕အမည္ကထင္ရွားေနတုန္းျဖစ္ပါတယ္။

မႏွစ္ကထုတ္ခဲ့တဲ့ေျခာက္လံုးမွာ ေလးလံုးကေတာ့ ဘတ္ဂ်က္စမတ္ဖုန္းေတြ ျဖစ္ပါတယ္။ Nokia 8 နဲ႕ Nokia 7 တို႕ကေတာ့ ျခြင္းခ်က္ေပါ့ေလ။ Nokia 8 ကေတာ့ ကမာၻ႕ေစ်းကြက္မွာရႏုိင္တဲ့ဖုန္းျဖစ္ျပီးေတာ့ Nokia 7 Plus ကို ဒီႏွစ္မွာထပ္မံလုပ္ေဆာင္ထားပါေသးတယ္။

အဲဒီဖုန္းကေတာ့ HMD ရဲ႕ 18:9 form factor ကိုအသံုးျပဳထားတဲ့ ပထမဆံုးဖုန္းျဖစ္ပါတယ္။ Nokia 6 မွာ လစ္လပ္ေနတဲ့ feature ေတြပါ၀င္ေနျပီးေတာ့ Nokia 8 ဟာ စြမ္းေဆာင္ရည္ျမင့္အပိုင္းထိလည္း မေရာက္ခဲ့ပါဘူး။ ဒါေပမယ့္ ဒီတစ္ေခါက္မွာေတာ့ Nokia 7 Plus နဲ႕ ထိခ်က္ေကာင္းခဲ့တယ္လို႕ ေျပာရမွာပါ။

HMD ဟာ သူ႕ရဲ႕ေစ်းကြက္ဗ်ဴဟာကို အိႏၵိယမွာဦးတည္ျပီးေတာ့ ကစားခဲ့ပါတယ္။ Nokia 7 Plus ကေတာ့ ေအာ္ဒါေတြ လက္ခံေနျပီျဖစ္ပါတယ္။ ဧျပီ၃၀ရက္ေန႕မွာ ေဒၚလာ၃၉၀ နဲ႕ ေရာင္းခ်ေပးသြားမွာျဖစ္ပါတယ္။ အိႏၵိယမွာ ဘတ္ဂ်က္စမတ္ဖုန္းေတြက ျပိဳင္ဆုိင္မႈအားျပင္းထန္ေနျပီးေတာ့ ေဒၚလာ ၃၀၀-၄၀၀ ၀န္းက်င္ေလာက္အထိ ျပိဳင္ဆိုင္ေနၾကပါတယ္။

Redmi Note 5 Pro နဲ႕ Moto G5 ကေတာ့ ေဒၚလာ၃၀၀ ၀န္းက်င္ေလာက္ျဖစ္ျပီး OnePlus 5T ကေတာ့ ပရီမီယမ္အပိုင္းကို လႊမ္းမိုးထားပါတယ္။ ေစ်းကြက္ရွယ္ယာကို ၄၈%အထိ ယူထားပါတယ္။

Moto X4 ကေတာ့ Nokia 7 Plus ရဲ႕ တရား၀င္ျပိဳင္ဘက္ျဖစ္ပါတယ္။ ဒါေပမယ့္ software update ေၾကာင့္ X4 ကို ေရာင္းခ်မႈအပုိင္းမွာ ခက္ခဲေစခဲ့ပါတယ္။ ၾကည့္လိုက္ရင္ေတာ့ Nokia 7 Plus နဲ႕ဆင္တူျပီးေတာ့ ေဒၚလာ၄၀၀ တန္ စြမ္းေဆာင္ရည္သင့္စမတ္ဖုန္းတစ္လံုး ျဖစ္ပါတယ္။

သံုးသပ္ခ်က္အေၾကာင္း

ဒီသံုးသပ္ခ်က္ကို အိႏၵိယ Hyderabad မွာ Nokia 7 Plus ကို ႏွစ္ပတ္ေလာက္သံုးစြဲျပီးေတာ့ ေရးျဖစ္ခဲ့တာပါ။ အဲဒီဖုန္းဟာ Airtel ရဲ႕ 4G network နဲ႕ခ်ိတ္ဆက္ထားျပီးေတာ့ OTA update ကေတာ့ ၂၀၁၈ ဧျပီ ၁ ရက္ေန႕မွာ Android 8.1 Oreo ရႏုိင္မွာျဖစ္ပါတယ္။ 2018 security patch ၊ camera interface အသစ္၊ stability fix ေတြလည္း ပါ၀င္မွာျဖစ္ပါတယ္။

Nokia 7 Plus Design နဲ႕ display

Nokia 7 Plus ကေတာ့ Pixel 2 XL ကို ယွဥ္ျပိဳင္ထားတယ္လို႕ စဥ္းစားၾကည့္လုိက္ပါ။ သူတို႕ႏွစ္လံုးရဲ႕ အေရွ႕ပိုင္းအေကြးနဲ႕ ေထာင့္ေလးေတြက အတူတူေလာက္ပါပဲ။ ေၾကြလႊာေျခာက္ခု coate လုပ္ထားတဲ့ အေနာက္ဘက္ကလည္း Google လုပ္ထားသလိုမ်ိဳးပါပဲ။ Nokia 7 Plus ရဲ႕ အျဖဴေရာင္ေလးကေတာ့ ပန္ဒါ Pixel နဲ႕ တူေနပါတယ္။

ဒီလိုေျပာလိုက္လို႕ သူ႕ရဲ႕ကိုယ္ပုိင္ဒီဇုိင္းေတြ ထည့္မထားဘူးလားလို႕ေတာ့ မေမးပါနဲ႕။ Nokia 7 Plus ရဲ႕ ထူးျခားေနတဲ့ ဒီဇုိင္းကေတာ့ မ်က္ႏွာျပင္၊ ကင္မရာ၊ ပါ၀ါ၊ အသံခလုတ္နားမွာ ရစ္ပတ္ထားတဲ့ ေကာ့ပါးဒီဇုိင္းေလးပါ။ ဒီလိုေကာ့ပါးေလးနဲ႕ ထင္းထားလိုက္ျခင္းက ေနေရာင္ေအာက္မွာ ေတာက္ပလင္းလက္္ေနေစပါတယ္။

Nokia 7 Plus ကေတာ့ အလူမီနီယမ္ကိုယ္ထည္ဒီဇိုင္းထဲကေန ကြဲထြက္ေနပါတယ္။ Nokia logo ေလးကို အေနာက္ဘက္မွာျမင္ေနရျပီးေတာ့ ကင္မရာနဲ႕ ညာဘက္မွာတည္ရွိပါတယ္။ ေၾကြနဲ႕အုပ္ထားျခငး္က Nokia 7 Plus ကို ေခ်ာမြတ္ေနေစျပီးေတာ့ ကိုင္ရတာလည္း အခ်ိန္စီးသလိုပါပဲ။

ဖုန္းကိုေကာက္ကိုင္လိုက္ခ်ိန္မွာ ေပါေပါပဲပဲလုပ္ထားတယ္လို႕ ခံစားရမွာမဟုတ္ပါဘူး။ Nokia 7 Plus ရဲ႕ top-notch ေလးကလည္း မွန္းထားတဲ့အတုိင္း ထြက္ေပၚလာပါတယ္။

Android One ကို သူ႕ရဲ႕စမတ္ဖုန္းတုိင္းမွာ ထည့္ေပးမယ္ေျပာထားသလိုပဲ Nokia 7 Plus က သူနဲ႕အတူ ထြက္ေပၚလာပါတယ္။ ျပီးေတာ့ ေအာက္ဘက္မွာလည္း “Designed by HMD Global Oy” ဆိုတာေလးကို ေတြ႕ျမင္ရမွာပါ။ ႏွစ္ပတ္ေလာက္သံုးလိုက္တာနဲ႕ ပ်က္စျပဳလာပါတယ္။

ကင္မရာကေတာ့ ကို္ယ္ထည္ကေန ထိုးထြက္ေနျပီးေတာ့ ဘုေသးတဲ့အတြက္ သံုးရတာအဆင္မေျပတာမ်ိဳးေတာ့ မရွိိပါဘူး။ fingerprint sensor ကေတာ့ ကိုယ္ထည္ထက္ အနည္းငယ္ျမင့္တက္ေနျပီးေတာ့ လက္ညွိဳးရွိႏုိင္တာထက္ အေပၚကို ေရာက္ေနပါတယ္။ ဒါေပမယ့္ေထာက္ရတာ လြယ္ကူပါတယ္။

ဒီဇိုင္းပိုင္းျပီးေတာ့ USB-C charging port ေလးကို ေအာက္ဘက္မွာေတြ႕လိုက္ရတယ္။ mono speaker ေလးကိုလည္း သူ႕ရဲ႕ညာဘက္မွာ ထည့္သြင္းေပးထားတယ္။ ပါ၀ါနဲ႕ အသံခလုတ္ေတြကေတာ့ ညာဘက္မွာရွိေနျပီးေတာ့ tactile feedback ကို ခံစားရပါတယ္။ 3.5mm jack ကို အေပၚဘက္မွာ ရႏုိင္မွာျဖစ္ပါတယ္။

၆လက္မ IPS LCD panel မွာ 2160×1080 resolution ကို ထည့္သြင္းေပးထားျပီးေတာ့ Gorilla Glass 3 နဲ႕ အုပ္ေပးထားပါတယ္။ အေရာင္ေတြက မ်ိဳးစံုသလို viewing angle ေတြလည္း မိုက္ပါတယ္။ ေနေရာင္ေအာက္မွာ စာဖတ္ရင္ေတာင္ အခက္အခဲမရွိႏုိင္တာမ်ိဳးပါ။

ambient display mode ကလည္း screen မဖြင့္ဘဲ ႏိုတီေတြကို ျမင္ခြင့္ေပးထားပါတယ္။ display scaling option ၊ font size ေတြကိုလည္း ခ်ိန္ညွိႏုိင္ပါေသးတယ္။ blue light filter ထည့္ႏုိင္ေတာ့ စာဖတ္တဲ့အခ်ိန္ မ်က္လံုးကိုဂရုစိုက္ျပီေပါ့။ ႏွစ္ခ်က္ေတာက္လိုက္တာနဲ႕ ႏိုးလာႏုိင္တဲ့option ေလးကလည္း ခ်စ္စရာပါပဲ။

Nokia 7 Plus Hardware

Image result for nokia 7 plus

Nokia 7 Plus ုကေတာ့ Snapdragon 660 ကို အသံုးျပဳထားျပီး ကမာၻ႕ေစ်းကြက္ကို ျဖန္႕ျဖဴးမွာျဖစ္ပါတယ္။ အဲဒီ chipset ကို အိႏၵိယမွာ ပထမဆံုးမိတ္ဆက္တာျဖစ္ပါတယ္။ Qualcomm ကေတာ့ မႏွစ္ကထုတ္လုပ္ထားတာျဖစ္ေပမယ့္လည္း တရုတ္အျပင္ကိုပထမဆံုးထြက္လာတဲ့ဖုန္းလို႕ ဆိုရမွာပါ။

Snapdragon 660 ကေတာ့ 6xx series ထဲမွာ Qualcomm ရဲ႕ custom core ေတြကို အသံုးျပဳထားတဲ့ ပထမဆံုးchipset ျဖစ္ပါတယ္။ Snapdragon 630 ကို Moto X4 မွာ ထည့္သြင္းခဲ့ျပီးေတာ့ standard A53 core အသံုးျပဳထားလို႕ 2.2GHz အထိရႏုိင္ပါတယ္။ Snapdragon 660 ကို semi-custom Kryo 260 core နဲ႕ အသံုးျပဳထားလို႕ A73 နဲ႕ A53 ကို အေျခခံျပီးလုပ္ေဆာင္ထားတယ္လို႕ ယူဆႏုိင္ပါတယ္။

octa-core ဒီဇုိင္းေတြနဲ႕ ခပ္ဆင္ဆင္ပဲ Snapdragon 660 မွာ Cortex A73 ေပၚမွာ 2.2GHz နဲ႕ လုပ္ေဆာင္ေနတဲ့ performance core ေလးခု၊ 1.4GHz အထိလုပ္ေဆာင္ႏုိင္တဲ့ A53 ေပၚက energy-efficient core ေလးခုတို႕နဲ႕ လည္ပတ္ေနတာျဖစ္ပါတယ္။

CPU အရမ္းသံုးတဲ့ လုပ္ေဆာင္မႈေတြအတြက္ Snapdragon 660 ဟာ Snapdragon 821 နဲ႕ ညီမွ်ပါတယ္။ Adreno 512 GPU ကေတာ့ Snapdragon 821 မွာရွိတဲ့ Adreno 530 နဲ႕ အဆင့္အတူတူေလာက္ပါပဲ။

Nokia 7 Plus မွာ 4GB RAM ၊ 64GB internal storage ၊ hybrid SIM card slot တို႕ ပါ၀င္ပါတယ္။ ဒါေၾကာင့္ ဆင္းကဒ္ႏွစ္ကဒ္ထိုးခ်င္တယ္ဆိုရင္ေတာ့ microSD ကဒ္ကို သံုးလို႕မရႏုိင္ပါဘူး။ Bluetooth 5.0 ၊ Wi-Fi ac ၊ LTE Category 12 modem ၊ VoLTE ၊ NFC နဲ႕ FM radio tuner ေတြကိုလည္း ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ေန႕စဥ္အသံုးျပဳမႈအတြက္ဆိုရ္ငေတာ့ ေႏွးသြားတာမ်ိဳးကို မခံစားရပါဘူး။ Nokia 7 Plus ကေတာ့ Pixel 2 လိုမ်ိဳး သြက္လက္ေနတာပါ။ Android One ရဲ႕ ရိုးရွင္းမႈနဲ႕ hardware ေတြရဲ႕ေပါင္းစပ္မႈက ျမန္ဆန္တဲ့ဖုန္းတစ္လံုးျဖစ္သြားေစပါတယ္။

ကၽြန္ေတာ္က မ်ားေသာအားျဖင့္ ဖုန္းတစ္လံုးရဲ႕ haptics(ထိေတြ႕ခံစားမႈ) ကို အေလးမထားတတ္ပါဘူး။ ဒါေပမယ့္ Nokia 7 Plus ရဲ႕ vibration motor ကေတာ့ အားေကာင္းတာကို ခံစားမိပါတယ္။ ဖုန္းေခၚဆိုမႈအရည္အေသြးကလည္း ေကာင္းမြန္ပါတယ္။ ဒါေပမယ့္လည္း အျပင္ဘက္ေရာက္တဲ့အခါမွာ earpiece က ေကာင္းေကာင္းမၾကားရသလို ျဖစ္တဲ့အခါမ်ိဳးေတာ့ ရွိတတ္ပါတယ္။ built-in speaker ကလည္း အသံက်ယ္က်ယ္နဲ႕ေျပာခ်င္သူေတြအတြက္ေတာ့ အေကာင္းၾကီးမဟုတ္ပါဘူး။

mono speaker ကေတာ့ multimedia content ၾကည့္ဖို႕အတြက္ ေကာင္းမြန္ပါတယ္။ stereo setup ရွိမယ္ဆိုရင္ ပိုေကာင္းမယ္လို႕ျမင္မိတယ္။ ဒါေပမယ့္လည္း ေအာက္ေျခမွာက ေနရာမရွိေတာ့ပါဘူး။ 3.5mm jack ေလးျမင္ရတာကို စိတ္ေက်နပ္မိပါတယ္။ HMD က earbud ေလးကို ဘူးထဲမွာထည့္ေပးထားပါေသးတယ္။

Network connectivity ကေတာ့ အေတာ္ေလးေကာင္းပါတယ္။ Galaxy S9+ ေလာက္ အျမန္ႏႈန္းကို ေတြ႕ျမင္ရတာပါ။ home Wi-Fi network ေရာ cellular ပါ ေကာင္းမြန္ပါတယ္။

ဘဘ္ထရီသက္တမ္း

Image result for nokia 7 plus

အိႏၵိယသံုးစြဲသူေတြအဓိကၾကည့္တဲ့ေနရာႏွစ္ခုကေတာ့ ဖုန္းရဲ႕ဘတ္ထရီသက္တမ္းနဲ႕ ကင္မရာပါပဲ။ အေနာက္ေစ်းကြက္နဲ႕ မတူတာကေတာ့ အိႏၵိယသားအေတာ္မ်ားမ်ားက အင္တာနက္အသံုးျပဳမႈမ်ားပါတယ္။ ဒါေၾကာင့္လည္း အျခားႏုိင္ငံလိုခ်င္မႈေတြနဲ႕ ျခားနားေနတာျဖစ္ပါတယ္။

Jio ေရာက္လာခ်ိန္မွာေတာ့ ေျပာင္းလဲမႈေတြျဖစ္ေပၚလာပါတယ္။ မႏွစ္က launch လုပ္ခဲ့တဲ့ carrier ျဖစ္ျပီးေတာ့ 4G dataကို ပထမေျခာက္လအတြက္ အခမဲ့ေပးခဲ့တာျဖစ္ပါတယ္။ သူကေတာ့ ဗြီဒီယို streaming ေစ်းကြက္ကို တိုးေစခဲ့ျပီးေတာ့ YouTube နဲ႕ Hotstar တို႕ရဲ႕ ၾကည့္ရွဳမႈႏႈန္းကို ျမင့္တက္သြားေစပါတယ္။

ဒါေၾကာင့္ အရင္ႏွစ္ေတြကထက္ အိႏၵိယသားေတြရဲ႕ multimedia ၾကည့္ရွဳမႈႏႈန္းက ျမင့္တက္လာပါတယ္။ ဒါေၾကာင့္ cellular အေပၚမွာ အေတာ္ေလးမွီခိုလာၾကတယ္။ ဒါေၾကာင့္လည္း ဖုန္းရဲ႕ဘတ္ထရီက စကားေျပာလာရျခင္းျဖစ္ပါတယ္။ တစ္ရက္ေလာက္ေတာ့ အသံုးခံဖို႕ လိုလာၾကတယ္။

Motorola ကေတာ့ Moto Z2 Force နဲ႕ ၀င္ေရာက္ခဲ့ပါတယ္။ တစ္ရက္လံုးခံႏုိင္မယ့္ 2700mAh ကို အသံုးျပဳထားခဲ့တယ္။ Nokia 7 Plus မွာေတာ့ Xiaomi လမ္းေၾကာင္းကို လိုက္ျပီးေတာ့ 3800mAh ဘတ္ထရီကို အသံုးျပဳထားခဲ့ပါတယ္။

ဘတ္ထရီအသံုးျပဳမႈနဲ႕ ပတ္သတ္ျပီးေတာ့ HMD က ေကာင္းေကာင္းျပင္ဆင္ထားတဲ့အတြက္ေၾကာင့္ Nokia 7 Plus ဟာ ႏွစ္ရက္ေလာက္ေတာ့ အသံုးျပဳႏုိင္မွာပါ။

Nokia 7 Plus ဟာ တစ္ရက္မကုန္ခင္မွာပဲ အားျပတ္သြားတာက တစ္ခါႏွစ္ခါမကပါဘူး။ Nokia 7 Plus ကို ခရီးသြားေနခ်ိန္ ယူသံုးတဲ့အခါ နာရီ၂၀အၾကာမွာေတာ့ 20% ေလာက္သာက်န္ပါေတာ့တယ္။

ကၽြန္ေတာ္က မ်ားေသာအားျဖင့္ ခရီးသြားျပီဆုိရင္ ဖုန္းႏွစ္လံုးသယ္သြားတတ္ပါတယ္။ ကင္မရာေကာင္းေကာင္းတစ္လံုးနဲ႕ ဘတ္ထရီေကာင္းေကာင္းတစ္လံုးေပါ့။ ကင္မရာေကာင္းေကာင္းဆိုရင္ေတာ့ Pixel 2 ၊ Galaxy S9+ ျဖစ္ျပီးေတာ့ ေနာက္တစ္လံုးဆိုရင္ Xiaomi ကို အသံုးျပဳပါတယ္။

Nokia 7 Plus ရဲ႕ကင္ရာကေတာ့ အလင္းအားနည္းခ်ိန္ေတြမွာေတာင္ ေကာင္းေကာင္းအလုပ္ျဖစ္ပါတယ္။ ဘတ္ထရီသက္တမ္းကလည္း ေကာင္းမြန္ပါတယ္။ အားသြင္းမယ္ဆိုရင္လည္း fast charging (9V/2A) ကို အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။

Nokia 7 Plus Camera

Related image

Nokia 7 Plus ရဲ႕ ကင္မရာကေတာ့ Pixel 2 နဲ႕ sensor အတူတူေလာက္ပါပဲ။ 12MP primary camera ၊ f/1.75 lens ျဖစ္ျပီးေတာ့ 1.4-micron pixels နဲ႕ secondary 12MP telephoto shooter ၊ f/2.6 lens ၊ 1.0-micron pixels တို႕ကို တြဲဖက္အသံုးျပဳထားပါတယ္။

အဲဖုန္းမွာ Carl Zeiss optics ရွိျပီးေတာ့ Bothie feature ယူေဆာင္လာေပးတဲ့အတြက္ေၾကာင့္ ဓါတ္ပံုေတြကို အေရွ႕နဲ႕အေနာက္ကင္မရာေတြကို တစ္ျပိဳင္နက္တည္းမွာ ရိုက္ကူးေပးႏုိင္ပါတယ္။ pro mode ရွိျပီးေတာ့ မိုက္ခရိုဖုန္းသံုးလံုုးကို ေပါင္းစပ္ျပီး 360-degree audio ဖမ္းယူႏုိင္ေစပါတယ္။

Related image

camera interface ကလည္း ရွင္းလင္းေနျပီးေတာ့ HDR ၊ flas ၊ timer ၊ Bothie mode ၊ beautify filter ၊ optical zoom ေတြလည္း ရႏုိင္ပါတယ္။ photo နဲ႕ video mode ေတြကို ေျပာင္းလဲႏုိင္ျပီးေတာ့ Photo ၊ Panorama ၊ Pro ၊ Live Bokeh ေတြကိုလည္း ရႏုိင္ပါတယ္။

pro mode ကေတာ့ white balance ၊ ISO ၊ shutter speed ၊ manual focus ေတြကို ခ်ိန္ညွိျပင္ဆင္ခြင့္ ေပးထားပါတယ္။

ေန႕အလင္းေရာင္မွာရုိက္ကူးမယ္ဆိုရင္ေတာ့ ပံုရိပ္ေတြက detail အျပည့္ရႏုိင္ျပီးေတာ့ dynamic range က်ယ္က်ယ္၊ ကာလာတိက်မႈေတြကို ရႏုိင္မွာျဖစ္ပါတယ္။ Nokia 7 Plus ကေတာ့ focus ပိုင္းမွာ အခက္အခဲမရွိပါဘူး။ ပံုသိမ္းမယ့္အခ်ိ္န္မွာလည္း ေႏွာင့္ေႏွးေနတာမ်ိဳးေတြ မေတြ႕ရပါဘူး။ အလင္းအားနည္းခ်ိန္ရိုက္ကူးဖို႕လည္း ေကာင္းပါတယ္။ ဒါေပမယ့္ ပံုုရိပ္ေတြက အမ်ားစုကထက္ ေကာင္းတယ္ဆိုရံုေလာက္ပါပဲ။

ကင္မရာပိုင္းမွာ တစ္ခုၾကံဳရတာကေတာ့ portrait mode မွာ Live Bokeh shots ေတြက အေရာင္တုေတြပါေနသလို ခံစားရတာပါပဲ။ ဒါေလးျပီးရင္ေတာ့ Nokia 7 Plus က ေန႕အလင္းရခ်ိန္၊ အလင္းအားနည္းခ်ိန္ႏွစ္ခုစလံုးမွာ ေကာင္းမြန္တယ္လို႕ ေျပာႏုိ္င္ပါတယ္။

Nokia 7 Plus Software

Nokia 7 Plus ကေတာ့ Android 8.0 Oreo နဲ႕ ထြက္လာမွာပါ။ ဒါေပမယ့္ initial configuration လုပ္ေနခ်ိန္မွာ Android 8.1 Oreo ကို Update လုပ္ေနတာ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ Android 8.1 Oreo OTA မွာ April security patch ပါ၀င္မွာျဖစ္ပါတယ္။

Nokia 7 Plus ရဲ႕ software experience ကေတာ့ Pixel ေတြမွာခံစားရသလို ျမန္ဆန္သြက္လက္ျပီးေတာ့ လုပ္ေဆာင္ႏုိင္စြမ္းေတြ ရွိပါတယ္။ လြယ္ကူေခ်ာေမြ႕တာကို ခံစားရပါတယ္။ gesture ေလးေတြ ပါ၀င္ျပီးေတာ့ fingerprint sensor ကေနေအာက္ကိုပြတ္ဆြဲလိုက္ရင္ ႏိုတီေတြကို ေအာက္ကိုက်လာေစျခင္း၊ display ကိုႏိႈ္းႏုိင္ျခင္း၊ ပါ၀ါခလုတ္ကို ႏွစ္ခ်က္ႏွိပ္လိုက္ျခင္းက ကင္မရာဖြင့္ျခင္း စသျဖင့္ စံုပါတယ္။

Update ေတြကို သံုးႏွစ္အထိ ရႏုိင္မယ္လို႕ အာမခံခ်က္ရွိပါတယ္။ Android One ကို ေျပာင္းလဲထားတဲ့အတြက္ေၾကာင့္ Nokia 7 Plus ဟာ security patche နဲ႕ platform update အသစ္ေတြကို ပထမဆံုးရႏုိင္မယ့္အထဲမွာ ပါ၀င္ေနပါတယ္။ ျမန္ဆန္တဲ့ Update ကို စဥ္းစားတတ္တဲ့သူတစ္ေယာက္ဆုိရင္ေတာ့ Nokia 7 Plus က သင့္ေတာ္မွာက်ိန္းေသပါပဲ။

Software ကေန႕စဥ္သံုးအတြက္ ေကာင္းမြန္တယ္ဆိုေသာ္ျငား အခက္အခဲလံုး၀မရွိတာမ်ိဳး မဟုတ္ပါဘူး။ အေၾကာင္းရင္းမရွိ sound profile က vibrate mode ကုိ ေအာ္တိုေျပာင္းသြားတယ္။ preferred settings ကေန restart ျပန္လုပ္ရတာေတြေတာ့ ရွိပါတယ္။

YouTube မွာလည္း ဗြီဒီယိုေတြမပြင့္တာမ်ိဳး၊ မ်က္ႏွာျပင္က အနက္ၾကီးျဖစ္တာမ်ိဳး၊ အသံပဲၾကားရတာမ်ိဳးေတြေပါ့။ restart လုပ္လိုက္ရင္ေတာ့ ေကာင္းသြားပါတယ္။ ျပီးေတာ့ home Wi-Fi network နဲ႕ မခ်ိတ္ေတာ့တာမ်ိဳးေတြလည္း ျဖစ္တတ္လို႕ ျပန္ခ်ိတ္ေပးရပါတယ္။

ကၽြန္ေတာ္က non-final software ကိုမ်ားသံုးထားတာလားလို႕ သံသယျဖစ္မိပါတယ္။ ကၽြန္ေတာ့ကို review လုပ္လုိက္တဲ့အလံုးဆိုေတာ့ေလ။ update လုပ္ျပီးေတာ့ ျပန္ေျပာေပးမွာပါ။ ဖုန္းကိုေအာ္ဒါမွာထားတယ္ဆိုုရင္ေတာ့ day-one patch ေတြ သြင္းျပီးေလာက္ပါျပီ။

Nokia 7 Plus ကို စဥ္းစားသင့္တဲ့အခ်က္မ်ား

အိႏၵိယေစ်းကြက္ထဲကဖုန္းေတြက အျခားေနရာေတြမွာေရာင္းမယ္ဆိုရင္လည္း ေအာင္ျမင္ၾကတာကို ကၽြန္ေတာ္ေတြ႕ထားပါတယ္။ Nokia 7 Plus ကေတာ့ အဲဒီလိုပဲ ျဖစ္ပါလိမ့္မယ္။ ကင္မရာအရည္အေသြး၊ ဘတ္ထရီသက္တမ္းေတြက သူ႕ကိုတြန္းတင္ေပးပါလိမ့္မယ္။ HMD က မႏွစ္ကတုန္းက အိႏိၵယသံုးစြဲသူေတြထံကေန တံု႕ျပန္မႈအေတာ္မ်ားမ်ား ရထားပါတယ္။ Nokia 7 Plus နဲ႕လည္း ေအာင္ျမင္လိမ့္ဦးမယ္ ထင္မိိပါတယ္။

စိတ္၀င္စားစရာဒီဇုိင္းေလးေတြရွိေနပါတယ္။ vivid color ၊ ေနေရာင္ေအာက္မွာ ဖတ္ႏုိင္ျခင္း၊ ကင္မရာက ေဒၚလာ၄၀၀ တန္ေတြေလာက္ေကာင္းမြန္ျခင္းေတြက စဥ္းစားစရာပါ။ ႏွစ္ရက္တာေလာက္ခံမယ့္ ဘတ္ထရီ၊ ျမန္ဆန္တဲ့ update ၊ user interface ေကာင္းေကာင္းေတြကလည္း ဆြဲေဆာင္ႏုိင္ပါတယ္။

Nokia 7 Plus ကေတာ့ ဒီႏွစ္ရဲ႕ အေကာင္းဆံုးဖုန္းတစ္လံုးလို႕ ရဲရဲၾကီး ေျပာလို႕ရပါတယ္။

ကၽြန္ေတာ္တိို႕ ၀ယ္သင့္သလား။ ဒါေပါ့။

Nokia 7 Plus က အိႏၵိယကို အရင္ေရာက္မွာျဖစ္ပါတယ္။ ျပီးရင္ေတာ့ ယူေကကိုေရာက္မွာပါ။ ဧျပီ ၃၀ရက္ေန႕မွာ ေဒၚလာ၃၉၀ နဲ႕ ထြက္ရွိမွာပါ။ ယူေကကိုေတာ့ ေမ၂ရက္ေန႕မွာ ေရာက္လာမွာပါ။ Moto X4 ကေတာ့ ေဒၚလာ၃၅၀ ျဖစ္ပါတယ္။ ကင္မရာကေတာ့ Nokia 7 Plus ထက္ေကာင္းပါတယ္။

အားသာခ်က္

ဘတ္ထရီသက္တမ္းေကာင္းမြန္ျခင္း၊ ဒီဇုိင္းလန္းလန္း၊ software ေကာင္းေကာင္း၊ ကင္မရာေကာင္းေကာင္း၊ ျမန္ဆန္ေသာ update မ်ား

အားနည္းခ်က္

ရရွိႏုိင္မႈ၊ ေဆာ့၀ဲလ္ေၾကာင္ျခင္း

Unicode Version

ထိချက်ပြင်းတဲ့ဒီဇိုင်း၊ ကင်မရာလန်းလန်း၊ Android One တွေကိုကြိုက်နှစ်သက်ရင် Nokia 7 Plus ကို စဉ်းစားသင့်တယ်။
Nokia ရဲ့ comeback ရာဇဝင်ကလည်း HMD Global ရဲ့ ဘတ်ဂျက်ဈေးကွက်ကို ဦးတည်မှုနဲ့အတူ အောင်မြင်နေခဲ့ပါတယ်။ မနှစ်က Android ဖုန်းခြောက်လုံးအထိ ထုတ်လုပ်ခဲ့ပြီးတော့ တရုတ်၊ အိန္ဒိယတို့လို ဈေးကွက်တွေကို ဦးတည်ခဲ့ပါတယ်။ အဲဒီနိုင်ငံတွေမှာ Nokia ရဲ့အမည်ကထင်ရှားနေတုန်းဖြစ်ပါတယ်။
မနှစ်ကထုတ်ခဲ့တဲ့ခြောက်လုံးမှာ လေးလုံးကတော့ ဘတ်ဂျက်စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ Nokia 8 နဲ့ Nokia 7 တို့ကတော့ ခြွင်းချက်ပေါ့လေ။ Nokia 8 ကတော့ ကမ္ဘာ့ဈေးကွက်မှာရနိုင်တဲ့ဖုန်းဖြစ်ပြီးတော့ Nokia 7 Plus ကို ဒီနှစ်မှာထပ်မံလုပ်ဆောင်ထားပါသေးတယ်။
အဲဒီဖုန်းကတော့ HMD ရဲ့ 18:9 form factor ကိုအသုံးပြုထားတဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။ Nokia 6 မှာ လစ်လပ်နေတဲ့ feature တွေပါဝင်နေပြီးတော့ Nokia 8 ဟာ စွမ်းဆောင်ရည်မြင့်အပိုင်းထိလည်း မရောက်ခဲ့ပါဘူး။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ Nokia 7 Plus နဲ့ ထိချက်ကောင်းခဲ့တယ်လို့ ပြောရမှာပါ။
HMD ဟာ သူ့ရဲ့ဈေးကွက်ဗျူဟာကို အိန္ဒိယမှာဦးတည်ပြီးတော့ ကစားခဲ့ပါတယ်။ Nokia 7 Plus ကတော့ အော်ဒါတွေ လက်ခံနေပြီဖြစ်ပါတယ်။ ဧပြီ၃၀ရက်နေ့မှာ ဒေါ်လာ၃၉၀ နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အိန္ဒိယမှာ ဘတ်ဂျက်စမတ်ဖုန်းတွေက ပြိုင်ဆိုင်မှုအားပြင်းထန်နေပြီးတော့ ဒေါ်လာ ၃၀၀-၄၀၀ ဝန်းကျင်လောက်အထိ ပြိုင်ဆိုင်နေကြပါတယ်။
Redmi Note 5 Pro နဲ့ Moto G5 ကတော့ ဒေါ်လာ၃၀၀ ဝန်းကျင်လောက်ဖြစ်ပြီး OnePlus 5T ကတော့ ပရီမီယမ်အပိုင်းကို လွှမ်းမိုးထားပါတယ်။ ဈေးကွက်ရှယ်ယာကို ၄၈%အထိ ယူထားပါတယ်။
Moto X4 ကတော့ Nokia 7 Plus ရဲ့ တရားဝင်ပြိုင်ဘက်ဖြစ်ပါတယ်။ ဒါပေမယ့် software update ကြောင့် X4 ကို ရောင်းချမှုအပိုင်းမှာ ခက်ခဲစေခဲ့ပါတယ်။ ကြည့်လိုက်ရင်တော့ Nokia 7 Plus နဲ့ဆင်တူပြီးတော့ ဒေါ်လာ၄၀၀ တန် စွမ်းဆောင်ရည်သင့်စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
သုံးသပ်ချက်အကြောင်း
ဒီသုံးသပ်ချက်ကို အိန္ဒိယ Hyderabad မှာ Nokia 7 Plus ကို နှစ်ပတ်လောက်သုံးစွဲပြီးတော့ ရေးဖြစ်ခဲ့တာပါ။ အဲဒီဖုန်းဟာ Airtel ရဲ့ 4G network နဲ့ချိတ်ဆက်ထားပြီးတော့ OTA update ကတော့ ၂၀၁၈ ဧပြီ ၁ ရက်နေ့မှာ Android 8.1 Oreo ရနိုင်မှာဖြစ်ပါတယ်။ 2018 security patch ၊ camera interface အသစ်၊ stability fix တွေလည်း ပါဝင်မှာဖြစ်ပါတယ်။
Nokia 7 Plus Design နဲ့ display
Nokia 7 Plus ကတော့ Pixel 2 XL ကို ယှဉ်ပြိုင်ထားတယ်လို့ စဉ်းစားကြည့်လိုက်ပါ။ သူတို့နှစ်လုံးရဲ့ အရှေ့ပိုင်းအကွေးနဲ့ ထောင့်လေးတွေက အတူတူလောက်ပါပဲ။ ကြွေလွှာခြောက်ခု coate လုပ်ထားတဲ့ အနောက်ဘက်ကလည်း Google လုပ်ထားသလိုမျိုးပါပဲ။ Nokia 7 Plus ရဲ့ အဖြူရောင်လေးကတော့ ပန်ဒါ Pixel နဲ့ တူနေပါတယ်။
ဒီလိုပြောလိုက်လို့ သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေ ထည့်မထားဘူးလားလို့တော့ မမေးပါနဲ့။ Nokia 7 Plus ရဲ့ ထူးခြားနေတဲ့ ဒီဇိုင်းကတော့ မျက်နှာပြင်၊ ကင်မရာ၊ ပါဝါ၊ အသံခလုတ်နားမှာ ရစ်ပတ်ထားတဲ့ ကော့ပါးဒီဇိုင်းလေးပါ။ ဒီလိုကော့ပါးလေးနဲ့ ထင်းထားလိုက်ခြင်းက နေရောင်အောက်မှာ တောက်ပလင်းလက်နေစေပါတယ်။
Nokia 7 Plus ကတော့ အလူမီနီယမ်ကိုယ်ထည်ဒီဇိုင်းထဲကနေ ကွဲထွက်နေပါတယ်။ Nokia logo လေးကို အနောက်ဘက်မှာမြင်နေရပြီးတော့ ကင်မရာနဲ့ ညာဘက်မှာတည်ရှိပါတယ်။ ကြွေနဲ့အုပ်ထားခြင်းက Nokia 7 Plus ကို ချောမွတ်နေစေပြီးတော့ ကိုင်ရတာလည်း အချိန်စီးသလိုပါပဲ။
ဖုန်းကိုကောက်ကိုင်လိုက်ချိန်မှာ ပေါပေါပဲပဲလုပ်ထားတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ Nokia 7 Plus ရဲ့ top-notch လေးကလည်း မှန်းထားတဲ့အတိုင်း ထွက်ပေါ်လာပါတယ်။
Android One ကို သူ့ရဲ့စမတ်ဖုန်းတိုင်းမှာ ထည့်ပေးမယ်ပြောထားသလိုပဲ Nokia 7 Plus က သူနဲ့အတူ ထွက်ပေါ်လာပါတယ်။ ပြီးတော့ အောက်ဘက်မှာလည်း “Designed by HMD Global Oy” ဆိုတာလေးကို တွေ့မြင်ရမှာပါ။ နှစ်ပတ်လောက်သုံးလိုက်တာနဲ့ ပျက်စပြုလာပါတယ်။
ကင်မရာကတော့ ကိုယ်ထည်ကနေ ထိုးထွက်နေပြီးတော့ ဘုသေးတဲ့အတွက် သုံးရတာအဆင်မပြေတာမျိုးတော့ မရှိပါဘူး။ fingerprint sensor ကတော့ ကိုယ်ထည်ထက် အနည်းငယ်မြင့်တက်နေပြီးတော့ လက်ညှိုးရှိနိုင်တာထက် အပေါ်ကို ရောက်နေပါတယ်။ ဒါပေမယ့်ထောက်ရတာ လွယ်ကူပါတယ်။
ဒီဇိုင်းပိုင်းပြီးတော့ USB-C charging port လေးကို အောက်ဘက်မှာတွေ့လိုက်ရတယ်။ mono speaker လေးကိုလည်း သူ့ရဲ့ညာဘက်မှာ ထည့်သွင်းပေးထားတယ်။ ပါဝါနဲ့ အသံခလုတ်တွေကတော့ ညာဘက်မှာရှိနေပြီးတော့ tactile feedback ကို ခံစားရပါတယ်။ 3.5mm jack ကို အပေါ်ဘက်မှာ ရနိုင်မှာဖြစ်ပါတယ်။
၆လက်မ IPS LCD panel မှာ 2160×1080 resolution ကို ထည့်သွင်းပေးထားပြီးတော့ Gorilla Glass 3 နဲ့ အုပ်ပေးထားပါတယ်။ အရောင်တွေက မျိုးစုံသလို viewing angle တွေလည်း မိုက်ပါတယ်။ နေရောင်အောက်မှာ စာဖတ်ရင်တောင် အခက်အခဲမရှိနိုင်တာမျိုးပါ။
ambient display mode ကလည်း screen မဖွင့်ဘဲ နိုတီတွေကို မြင်ခွင့်ပေးထားပါတယ်။ display scaling option ၊ font size တွေကိုလည်း ချိန်ညှိနိုင်ပါသေးတယ်။ blue light filter ထည့်နိုင်တော့ စာဖတ်တဲ့အချိန် မျက်လုံးကိုဂရုစိုက်ပြီပေါ့။ နှစ်ချက်တောက်လိုက်တာနဲ့ နိုးလာနိုင်တဲ့option လေးကလည်း ချစ်စရာပါပဲ။
Nokia 7 Plus Hardware
Nokia 7 Plus ုကတော့ Snapdragon 660 ကို အသုံးပြုထားပြီး ကမ္ဘာ့ဈေးကွက်ကို ဖြန့်ဖြူးမှာဖြစ်ပါတယ်။ အဲဒီ chipset ကို အိန္ဒိယမှာ ပထမဆုံးမိတ်ဆက်တာဖြစ်ပါတယ်။ Qualcomm ကတော့ မနှစ်ကထုတ်လုပ်ထားတာဖြစ်ပေမယ့်လည်း တရုတ်အပြင်ကိုပထမဆုံးထွက်လာတဲ့ဖုန်းလို့ ဆိုရမှာပါ။
Snapdragon 660 ကတော့ 6xx series ထဲမှာ Qualcomm ရဲ့ custom core တွေကို အသုံးပြုထားတဲ့ ပထမဆုံးchipset ဖြစ်ပါတယ်။ Snapdragon 630 ကို Moto X4 မှာ ထည့်သွင်းခဲ့ပြီးတော့ standard A53 core အသုံးပြုထားလို့ 2.2GHz အထိရနိုင်ပါတယ်။ Snapdragon 660 ကို semi-custom Kryo 260 core နဲ့ အသုံးပြုထားလို့ A73 နဲ့ A53 ကို အခြေခံပြီးလုပ်ဆောင်ထားတယ်လို့ ယူဆနိုင်ပါတယ်။
octa-core ဒီဇိုင်းတွေနဲ့ ခပ်ဆင်ဆင်ပဲ Snapdragon 660 မှာ Cortex A73 ပေါ်မှာ 2.2GHz နဲ့ လုပ်ဆောင်နေတဲ့ performance core လေးခု၊ 1.4GHz အထိလုပ်ဆောင်နိုင်တဲ့ A53 ပေါ်က energy-efficient core လေးခုတို့နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။
CPU အရမ်းသုံးတဲ့ လုပ်ဆောင်မှုတွေအတွက် Snapdragon 660 ဟာ Snapdragon 821 နဲ့ ညီမျှပါတယ်။ Adreno 512 GPU ကတော့ Snapdragon 821 မှာရှိတဲ့ Adreno 530 နဲ့ အဆင့်အတူတူလောက်ပါပဲ။
Nokia 7 Plus မှာ 4GB RAM ၊ 64GB internal storage ၊ hybrid SIM card slot တို့ ပါဝင်ပါတယ်။ ဒါကြောင့် ဆင်းကဒ်နှစ်ကဒ်ထိုးချင်တယ်ဆိုရင်တော့ microSD ကဒ်ကို သုံးလို့မရနိုင်ပါဘူး။ Bluetooth 5.0 ၊ Wi-Fi ac ၊ LTE Category 12 modem ၊ VoLTE ၊ NFC နဲ့ FM radio tuner တွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
နေ့စဉ်အသုံးပြုမှုအတွက်ဆိုရ်ငတော့ နှေးသွားတာမျိုးကို မခံစားရပါဘူး။ Nokia 7 Plus ကတော့ Pixel 2 လိုမျိုး သွက်လက်နေတာပါ။ Android One ရဲ့ ရိုးရှင်းမှုနဲ့ hardware တွေရဲ့ပေါင်းစပ်မှုက မြန်ဆန်တဲ့ဖုန်းတစ်လုံးဖြစ်သွားစေပါတယ်။
ကျွန်တော်က များသောအားဖြင့် ဖုန်းတစ်လုံးရဲ့ haptics(ထိတွေ့ခံစားမှု) ကို အလေးမထားတတ်ပါဘူး။ ဒါပေမယ့် Nokia 7 Plus ရဲ့ vibration motor ကတော့ အားကောင်းတာကို ခံစားမိပါတယ်။ ဖုန်းခေါ်ဆိုမှုအရည်အသွေးကလည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း အပြင်ဘက်ရောက်တဲ့အခါမှာ earpiece က ကောင်းကောင်းမကြားရသလို ဖြစ်တဲ့အခါမျိုးတော့ ရှိတတ်ပါတယ်။ built-in speaker ကလည်း အသံကျယ်ကျယ်နဲ့ပြောချင်သူတွေအတွက်တော့ အကောင်းကြီးမဟုတ်ပါဘူး။
mono speaker ကတော့ multimedia content ကြည့်ဖို့အတွက် ကောင်းမွန်ပါတယ်။ stereo setup ရှိမယ်ဆိုရင် ပိုကောင်းမယ်လို့မြင်မိတယ်။ ဒါပေမယ့်လည်း အောက်ခြေမှာက နေရာမရှိတော့ပါဘူး။ 3.5mm jack လေးမြင်ရတာကို စိတ်ကျေနပ်မိပါတယ်။ HMD က earbud လေးကို ဘူးထဲမှာထည့်ပေးထားပါသေးတယ်။
Network connectivity ကတော့ အတော်လေးကောင်းပါတယ်။ Galaxy S9+ လောက် အမြန်နှုန်းကို တွေ့မြင်ရတာပါ။ home Wi-Fi network ရော cellular ပါ ကောင်းမွန်ပါတယ်။
ဘဘ်ထရီသက်တမ်း
အိန္ဒိယသုံးစွဲသူတွေအဓိကကြည့်တဲ့နေရာနှစ်ခုကတော့ ဖုန်းရဲ့ဘတ်ထရီသက်တမ်းနဲ့ ကင်မရာပါပဲ။ အနောက်ဈေးကွက်နဲ့ မတူတာကတော့ အိန္ဒိယသားအတော်များများက အင်တာနက်အသုံးပြုမှုများပါတယ်။ ဒါကြောင့်လည်း အခြားနိုင်ငံလိုချင်မှုတွေနဲ့ ခြားနားနေတာဖြစ်ပါတယ်။
Jio ရောက်လာချိန်မှာတော့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ မနှစ်က launch လုပ်ခဲ့တဲ့ carrier ဖြစ်ပြီးတော့ 4G dataကို ပထမခြောက်လအတွက် အခမဲ့ပေးခဲ့တာဖြစ်ပါတယ်။ သူကတော့ ဗွီဒီယို streaming ဈေးကွက်ကို တိုးစေခဲ့ပြီးတော့ YouTube နဲ့ Hotstar တို့ရဲ့ ကြည့်ရှုမှုနှုန်းကို မြင့်တက်သွားစေပါတယ်။
ဒါကြောင့် အရင်နှစ်တွေကထက် အိန္ဒိယသားတွေရဲ့ multimedia ကြည့်ရှုမှုနှုန်းက မြင့်တက်လာပါတယ်။ ဒါကြောင့် cellular အပေါ်မှာ အတော်လေးမှီခိုလာကြတယ်။ ဒါကြောင့်လည်း ဖုန်းရဲ့ဘတ်ထရီက စကားပြောလာရခြင်းဖြစ်ပါတယ်။ တစ်ရက်လောက်တော့ အသုံးခံဖို့ လိုလာကြတယ်။
Motorola ကတော့ Moto Z2 Force နဲ့ ဝင်ရောက်ခဲ့ပါတယ်။ တစ်ရက်လုံးခံနိုင်မယ့် 2700mAh ကို အသုံးပြုထားခဲ့တယ်။ Nokia 7 Plus မှာတော့ Xiaomi လမ်းကြောင်းကို လိုက်ပြီးတော့ 3800mAh ဘတ်ထရီကို အသုံးပြုထားခဲ့ပါတယ်။
ဘတ်ထရီအသုံးပြုမှုနဲ့ ပတ်သတ်ပြီးတော့ HMD က ကောင်းကောင်းပြင်ဆင်ထားတဲ့အတွက်ကြောင့် Nokia 7 Plus ဟာ နှစ်ရက်လောက်တော့ အသုံးပြုနိုင်မှာပါ။
Nokia 7 Plus ဟာ တစ်ရက်မကုန်ခင်မှာပဲ အားပြတ်သွားတာက တစ်ခါနှစ်ခါမကပါဘူး။ Nokia 7 Plus ကို ခရီးသွားနေချိန် ယူသုံးတဲ့အခါ နာရီ၂၀အကြာမှာတော့ 20% လောက်သာကျန်ပါတော့တယ်။
ကျွန်တော်က များသောအားဖြင့် ခရီးသွားပြီဆိုရင် ဖုန်းနှစ်လုံးသယ်သွားတတ်ပါတယ်။ ကင်မရာကောင်းကောင်းတစ်လုံးနဲ့ ဘတ်ထရီကောင်းကောင်းတစ်လုံးပေါ့။ ကင်မရာကောင်းကောင်းဆိုရင်တော့ Pixel 2 ၊ Galaxy S9+ ဖြစ်ပြီးတော့ နောက်တစ်လုံးဆိုရင် Xiaomi ကို အသုံးပြုပါတယ်။
Nokia 7 Plus ရဲ့ကင်ရာကတော့ အလင်းအားနည်းချိန်တွေမှာတောင် ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။ ဘတ်ထရီသက်တမ်းကလည်း ကောင်းမွန်ပါတယ်။ အားသွင်းမယ်ဆိုရင်လည်း fast charging (9V/2A) ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Nokia 7 Plus Camera
Nokia 7 Plus ရဲ့ ကင်မရာကတော့ Pixel 2 နဲ့ sensor အတူတူလောက်ပါပဲ။ 12MP primary camera ၊ f/1.75 lens ဖြစ်ပြီးတော့ 1.4-micron pixels နဲ့ secondary 12MP telephoto shooter ၊ f/2.6 lens ၊ 1.0-micron pixels တို့ကို တွဲဖက်အသုံးပြုထားပါတယ်။
အဲဖုန်းမှာ Carl Zeiss optics ရှိပြီးတော့ Bothie feature ယူဆောင်လာပေးတဲ့အတွက်ကြောင့် ဓါတ်ပုံတွေကို အရှေ့နဲ့အနောက်ကင်မရာတွေကို တစ်ပြိုင်နက်တည်းမှာ ရိုက်ကူးပေးနိုင်ပါတယ်။ pro mode ရှိပြီးတော့ မိုက်ခရိုဖုန်းသုံးလုံုးကို ပေါင်းစပ်ပြီး 360-degree audio ဖမ်းယူနိုင်စေပါတယ်။
camera interface ကလည်း ရှင်းလင်းနေပြီးတော့ HDR ၊ flas ၊ timer ၊ Bothie mode ၊ beautify filter ၊ optical zoom တွေလည်း ရနိုင်ပါတယ်။ photo နဲ့ video mode တွေကို ပြောင်းလဲနိုင်ပြီးတော့ Photo ၊ Panorama ၊ Pro ၊ Live Bokeh တွေကိုလည်း ရနိုင်ပါတယ်။
pro mode ကတော့ white balance ၊ ISO ၊ shutter speed ၊ manual focus တွေကို ချိန်ညှိပြင်ဆင်ခွင့် ပေးထားပါတယ်။
နေ့အလင်းရောင်မှာရိုက်ကူးမယ်ဆိုရင်တော့ ပုံရိပ်တွေက detail အပြည့်ရနိုင်ပြီးတော့ dynamic range ကျယ်ကျယ်၊ ကာလာတိကျမှုတွေကို ရနိုင်မှာဖြစ်ပါတယ်။ Nokia 7 Plus ကတော့ focus ပိုင်းမှာ အခက်အခဲမရှိပါဘူး။ ပုံသိမ်းမယ့်အချိန်မှာလည်း နှောင့်နှေးနေတာမျိုးတွေ မတွေ့ရပါဘူး။ အလင်းအားနည်းချိန်ရိုက်ကူးဖို့လည်း ကောင်းပါတယ်။ ဒါပေမယ့် ပုံုရိပ်တွေက အများစုကထက် ကောင်းတယ်ဆိုရုံလောက်ပါပဲ။
ကင်မရာပိုင်းမှာ တစ်ခုကြုံရတာကတော့ portrait mode မှာ Live Bokeh shots တွေက အရောင်တုတွေပါနေသလို ခံစားရတာပါပဲ။ ဒါလေးပြီးရင်တော့ Nokia 7 Plus က နေ့အလင်းရချိန်၊ အလင်းအားနည်းချိန်နှစ်ခုစလုံးမှာ ကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်။
Nokia 7 Plus Software
Nokia 7 Plus ကတော့ Android 8.0 Oreo နဲ့ ထွက်လာမှာပါ။ ဒါပေမယ့် initial configuration လုပ်နေချိန်မှာ Android 8.1 Oreo ကို Update လုပ်နေတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ Android 8.1 Oreo OTA မှာ April security patch ပါဝင်မှာဖြစ်ပါတယ်။
Nokia 7 Plus ရဲ့ software experience ကတော့ Pixel တွေမှာခံစားရသလို မြန်ဆန်သွက်လက်ပြီးတော့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိပါတယ်။ လွယ်ကူချောမွေ့တာကို ခံစားရပါတယ်။ gesture လေးတွေ ပါဝင်ပြီးတော့ fingerprint sensor ကနေအောက်ကိုပွတ်ဆွဲလိုက်ရင် နိုတီတွေကို အောက်ကိုကျလာစေခြင်း၊ display ကိုနှိုးနိုင်ခြင်း၊ ပါဝါခလုတ်ကို နှစ်ချက်နှိပ်လိုက်ခြင်းက ကင်မရာဖွင့်ခြင်း စသဖြင့် စုံပါတယ်။
Update တွေကို သုံးနှစ်အထိ ရနိုင်မယ်လို့ အာမခံချက်ရှိပါတယ်။ Android One ကို ပြောင်းလဲထားတဲ့အတွက်ကြောင့် Nokia 7 Plus ဟာ security patche နဲ့ platform update အသစ်တွေကို ပထမဆုံးရနိုင်မယ့်အထဲမှာ ပါဝင်နေပါတယ်။ မြန်ဆန်တဲ့ Update ကို စဉ်းစားတတ်တဲ့သူတစ်ယောက်ဆိုရင်တော့ Nokia 7 Plus က သင့်တော်မှာကျိန်းသေပါပဲ။
Software ကနေ့စဉ်သုံးအတွက် ကောင်းမွန်တယ်ဆိုသော်ငြား အခက်အခဲလုံးဝမရှိတာမျိုး မဟုတ်ပါဘူး။ အကြောင်းရင်းမရှိ sound profile က vibrate mode ကို အော်တိုပြောင်းသွားတယ်။ preferred settings ကနေ restart ပြန်လုပ်ရတာတွေတော့ ရှိပါတယ်။
YouTube မှာလည်း ဗွီဒီယိုတွေမပွင့်တာမျိုး၊ မျက်နှာပြင်က အနက်ကြီးဖြစ်တာမျိုး၊ အသံပဲကြားရတာမျိုးတွေပေါ့။ restart လုပ်လိုက်ရင်တော့ ကောင်းသွားပါတယ်။ ပြီးတော့ home Wi-Fi network နဲ့ မချိတ်တော့တာမျိုးတွေလည်း ဖြစ်တတ်လို့ ပြန်ချိတ်ပေးရပါတယ်။
ကျွန်တော်က non-final software ကိုများသုံးထားတာလားလို့ သံသယဖြစ်မိပါတယ်။ ကျွန်တော့ကို review လုပ်လိုက်တဲ့အလုံးဆိုတော့လေ။ update လုပ်ပြီးတော့ ပြန်ပြောပေးမှာပါ။ ဖုန်းကိုအော်ဒါမှာထားတယ်ဆိုုရင်တော့ day-one patch တွေ သွင်းပြီးလောက်ပါပြီ။
Nokia 7 Plus ကို စဉ်းစားသင့်တဲ့အချက်များ
အိန္ဒိယဈေးကွက်ထဲကဖုန်းတွေက အခြားနေရာတွေမှာရောင်းမယ်ဆိုရင်လည်း အောင်မြင်ကြတာကို ကျွန်တော်တွေ့ထားပါတယ်။ Nokia 7 Plus ကတော့ အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ကင်မရာအရည်အသွေး၊ ဘတ်ထရီသက်တမ်းတွေက သူ့ကိုတွန်းတင်ပေးပါလိမ့်မယ်။ HMD က မနှစ်ကတုန်းက အိန္ဒိယသုံးစွဲသူတွေထံကနေ တုံ့ပြန်မှုအတော်များများ ရထားပါတယ်။ Nokia 7 Plus နဲ့လည်း အောင်မြင်လိမ့်ဦးမယ် ထင်မိပါတယ်။
စိတ်ဝင်စားစရာဒီဇိုင်းလေးတွေရှိနေပါတယ်။ vivid color ၊ နေရောင်အောက်မှာ ဖတ်နိုင်ခြင်း၊ ကင်မရာက ဒေါ်လာ၄၀၀ တန်တွေလောက်ကောင်းမွန်ခြင်းတွေက စဉ်းစားစရာပါ။ နှစ်ရက်တာလောက်ခံမယ့် ဘတ်ထရီ၊ မြန်ဆန်တဲ့ update ၊ user interface ကောင်းကောင်းတွေကလည်း ဆွဲဆောင်နိုင်ပါတယ်။
Nokia 7 Plus ကတော့ ဒီနှစ်ရဲ့ အကောင်းဆုံးဖုန်းတစ်လုံးလို့ ရဲရဲကြီး ပြောလို့ရပါတယ်။
ကျွန်တော်တို့ ဝယ်သင့်သလား။ ဒါပေါ့။
Nokia 7 Plus က အိန္ဒိယကို အရင်ရောက်မှာဖြစ်ပါတယ်။ ပြီးရင်တော့ ယူကေကိုရောက်မှာပါ။ ဧပြီ ၃၀ရက်နေ့မှာ ဒေါ်လာ၃၉၀ နဲ့ ထွက်ရှိမှာပါ။ ယူကေကိုတော့ မေ၂ရက်နေ့မှာ ရောက်လာမှာပါ။ Moto X4 ကတော့ ဒေါ်လာ၃၅၀ ဖြစ်ပါတယ်။ ကင်မရာကတော့ Nokia 7 Plus ထက်ကောင်းပါတယ်။
အားသာချက်
ဘတ်ထရီသက်တမ်းကောင်းမွန်ခြင်း၊ ဒီဇိုင်းလန်းလန်း၊ software ကောင်းကောင်း၊ ကင်မရာကောင်းကောင်း၊ မြန်ဆန်သော update များ
အားနည်းချက်
ရရှိနိုင်မှု၊ ဆော့ဝဲလ်ကြောင်ခြင်း

2 COMMENTS

Leave a Reply