macOS 10.14 မှာ Dark Mode ထည့်သွင်းသွားမည်

    0
    2348

    Zawgyi version



     

    Unicode version

    လူတော်တော်များများက ဖုန်းကိုကြည့်တဲ့အခါ ရှင်းရှင်းလင်းလင်းမြင်ရအောင်လို့ brightness ကိုမြှင့်ပြီး ကြည့်ကြတာများပါတယ်။ အဲ့လိုလုပ်ခြင်းက မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ မျက်လုံးမထိခိုက်အောင်လို့ brightness ကိုလျှော့ပြီးသုံးမယ်ဆိုတော့လဲ အမြဲတမ်းအတွက် အဆင်မပြေနိုင်ပါဘူး။ တစ်ချို့က eBook နဲ့စာ တွေဘာတွေဖတ်ရင် မျက်လုံးထိခိုက်မှာစိုးတဲ့အတွက် မျက်လုံးအေးအောင် night mode လုပ်ပြီး ဖတ်ကြတာများပါတယ်။

    အဲ့ဒါကြောင့် Apple ကလဲ သူ့ရဲ့ iOS app ဖြစ်တဲ့ iBooks မှာ night mode feature ကိုထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ macOS 10.14 မှာ dark mode ကိုထည့်မယ်ဆိုတာကတော့ ကြေငြာပြီးဖြစ်ပါတယ်။ ခုချိန်မှာ စမ်းသပ်နေဆဲကာလမလို့ developer တွေပဲ သုံးလို့ရသေးတာဖြစ်ပါတယ်။ user တွေအနေနဲ့တော့ သုံးလို့မရသေးပါဘူး။ ဘယ်နေ့မှာ စသုံးလို့ရပြီ ဆိုတာကလဲ မသေချာသေးပါဘူးတဲ့။

    Leave a Reply

    This site uses Akismet to reduce spam. Learn how your comment data is processed.