HTC U12+ ကုိ ေမလအကုန္တြင္ စတင္ေရာင္းခ်သြားမည္

0
1852

Zawgyi Version

HTC ဟာ ၂၀၁၇ ခုႏွစ္တုန္းက HTC U11 ႏွင့္ HTC U11+ အမည္ႏွင့္ အဆင့္ျမင့္ စမတ္ဖုန္းႏွစ္လံုး ေရာင္းခ်ခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္မွာေတာ့ HTC ဟာ အဆင့္ျမင့္ စမတ္ဖုန္း တစ္လံုးတည္းကုိပဲ ထုတ္လုပ္ ေရာင္းခ်သြားမွာ ျဖစ္တယ္လို႔သိရပါတယ္။ ယေန႔ထြက္ေပၚလာတဲ့ ထုိင္၀မ္ကုမၸဏီဟာ HTC Desire 12, Desire 12+ နဲ႔ HTC U12+ ကုိ ေမလအကုန္ေလာက္မွာ ျဖန္႔ခ်ိၿပီး ဇြန္လအေစာပုိင္းမွာ စတင္ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။

HTC U12+ ကုိ Qualcomm Snapdragon 845 ႏွင့္ ပါ၀ါေထာက္ပံ့လာမွာ ျဖစ္ၿပီး 64GB ႏွင့္ 128GB ဆုိၿပီး ထြက္လာပါမယ္။ မ်က္ႏွာျပင္ ၆ လက္မျဖစ္လာမွာ ျဖစ္ၿပီး 18:9 သံုးလာပါမယ္။ ဒီဖုန္းမွာ ေက်ာဘက္ကင္မရာႏွစ္လံုးႏွင့္ ေရွ႕ကင္မရာႏွစ္လံုး ပါ၀င္ပါမယ္။

HTC ဟာ U11 တုန္းက ေမလ ၂၀ ရက္ေန႔မွာ ထုိင္၀မ္ေစ်းကြက္မွာ စတင္ေရာင္းခ်ခဲ့ပါတယ္။ ေစ်းႏႈန္းက ေဒၚလာ ၇၄၄ ျဖင့္ ေရာင္းခ်ခဲ့ပါတယ္။ HTC U11+ ကုိ ၂၀၁၇ ခုႏွစ္ ေႏွာင္းပိုင္းမွာ ေၾကညာခဲ့တာ ျဖစ္ၿပီး ေစ်းႏႈန္းက ေဒၚလာ ၇၄၄ ျဖစ္ပါတယ္။

အသစ္ထြက္ေပၚလာတဲ့သတင္းအရ HTC U12+ ကုိ ေမလေႏွာင္းပုိင္း (သုိ႔မဟုတ္) ဇြန္လအေစာပိုင္းမွာ စတင္ေရာင္းခ်သြားပါမယ္။ 64GB ဗားရွင္းေစ်းႏႈန္းက ဘယ္ေလာက္ ျဖစ္လာမယ္ဆိုတာ မသိရေသးေပမယ့္ 128GB ဗားရွင္းေစ်းႏႈန္းက ေဒၚလာ ၈၄၆ ျဖစ္လာမယ္လုိ႔ သိရပါတယ္။ တကယ္လုိ႔မ်ား ယခုလေႏွာင္းပုိင္းမွာ ေရာင္းခ်မယ္ဆိုရင္ေတာ့ HTC U12+ ကုိ ေမလ ဒုတိယအပတ္(သုိ႔မဟုတ္) တတိယအပတ္မွာ မိတ္ဆက္လာဖို႔ ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ Samsung Galaxy S9 ၊ Sony Xperia XZ2 တို႔ကုိ ေရာင္းခ်ေနၿပီျဖစ္သလုိ Huawei P20 ႏွင့္ P20 Pro တို႔ကိုလည္း ေမလ၁ရက္ေန႕ကစၿပီးထိုင္ဝမ္မွာ စတင္ေရာင္းခ်မွာ ျဖစ္တာေၾကာင့္HTC အေနျဖင့္ U12+ ေရာင္းခ်တဲ့အခါ ႀကီးမားတဲ့ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ရဖုိ႔ ေသခ်ာေနပါတယ္။ ဒါ့အျပင္ ထုိင္၀မ္ေစ်းကြက္မွာ HTC U12+ ဟာ Snapdragon 845 သံုးထားတဲ့ Asus Zenfone 5Z ကုိလည္း ရင္ဆိုင္ရဦးမွာ ျဖစ္ပါတယ္။

Unicode Version

HTC ဟာ ၂၀၁၇ ခုနှစ်တုန်းက HTC U11 နှင့် HTC U11+ အမည်နှင့် အဆင့်မြင့် စမတ်ဖုန်းနှစ်လုံး ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ HTC ဟာ အဆင့်မြင့် စမတ်ဖုန်း တစ်လုံးတည်းကိုပဲ ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ယနေ့ထွက်ပေါ်လာတဲ့ ထိုင်ဝမ်ကုမ္ပဏီဟာ HTC Desire 12, Desire 12+ နဲ့ HTC U12+ ကို မေလအကုန်လောက်မှာ ဖြန့်ချိပြီး ဇွန်လအစောပိုင်းမှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

HTC U12+ ကို Qualcomm Snapdragon 845 နှင့် ပါ၀ါထောက်ပံ့လာမှာ ဖြစ်ပြီး 64GB နှင့် 128GB ဆိုပြီး ထွက်လာပါမယ်။ မျက်နှာပြင် ၆ လက်မဖြစ်လာမှာ ဖြစ်ပြီး 18:9 သုံးလာပါမယ်။ ဒီဖုန်းမှာ ကျောဘက်ကင်မရာနှစ်လုံးနှင့် ရှေ့ကင်မရာနှစ်လုံး ပါ၀င်ပါမယ်။

HTC ဟာ U11 တုန်းက မေလ ၂၀ ရက်နေ့မှာ ထိုင်ဝမ်စျေးကွက်မှာ စတင်ရောင်းချခဲ့ပါတယ်။ စျေးနှုန်းက ဒေါ်လာ ရ၄၄ ဖြင့် ရောင်းချခဲ့ပါတယ်။ HTC U11+ ကို ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာ ကြေညာခဲ့တာ ဖြစ်ပြီး စျေးနှုန်းက ဒေါ်လာ ရ၄၄ ဖြစ်ပါတယ်။

အသစ်ထွက်ပေါ်လာတဲ့သတင်းအရ HTC U12+ ကို မေလနှောင်းပိုင်း (သို့မဟုတ်) ဇွန်လအစောပိုင်းမှာ စတင်ရောင်းချသွားပါမယ်။ 64GB ဗားရှင်းစျေးနှုန်းက ဘယ်လောက် ဖြစ်လာမယ်ဆိုတာ မသိရသေးပေမယ့် 128GB ဗားရှင်းစျေးနှုန်းက ဒေါ်လာ ၈၄၆ ဖြစ်လာမယ်လို့ သိရပါတယ်။ တကယ်လို့များ ယခုလနှောင်းပိုင်းမှာ ရောင်းချမယ်ဆိုရင်တော့ HTC U12+ ကို မေလ ဒုတိယအပတ်(သို့မဟုတ်) တတိယအပတ်မှာ မိတ်ဆက်လာဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာ Samsung Galaxy S9 ၊ Sony Xperia XZ2 တို့ကို ရောင်းချနေပြီဖြစ်သလို Huawei P20 နှင့် P20 Pro တို့ကိုလည်း မေလ၁ရက်နေ့ကစပြီးထိုင်ဝမ်မှာ စတင်ရောင်းချမှာ ဖြစ်တာကြောင့်HTC အနေဖြင့် U12+ ရောင်းချတဲ့အခါ ကြီးမားတဲ့ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖို့ သေချာနေပါတယ်။ ဒါ့အပြင် ထိုင်ဝမ်စျေးကွက်မှာ HTC U12+ ဟာ Snapdragon 845 သုံးထားတဲ့ Asus Zenfone 5Z ကိုလည်း ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

Leave a Reply