18:9 မ်က္ႏွာျပင္အခ်ိဳး 4000mAh ဘက္ထရီစြမ္းအားနဲ႔ Panasonic Eluga L7

0
1894

Zawgyi Version

အီလက္ထေရာနစ္ပစၥည္း ထုတ္လုပ္သူ Panasonic က အိႏၵိယမွာ Eulga L7 ကို မိတ္ဆက္လိုက္ပါတယ္။ သူ႔မွာ ၅.၄၅ လက္မ Big View Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္အခ်ိဳးမွာ ရွည္လ်ားတဲ့ 18:9 ျဖစ္ပါတယ္။ အရြယ္အစား ႀကီးမားတဲ့ 4000mAh Battery တပ္ဆင္ထားပါတယ္။

မ်က္ႏွာျပင္ အရည္အေသြးမွာ 1440x720px ျဖစ္ၿပီး HD+ လို႔ ေျပာႏုိင္ပါတယ္။ 1.3GHz Quad-Core MediaTek MT6737H Chipset ေမာင္းႏွင္ထားပါတယ္။ 2GB RAM , 16GB Internal Storage မ်ား ထည့္သြင္းထားပါတယ္။ 128GB အထိ ၀င္ဆန္႔တဲ့ microSD Card စုိက္ႏုိင္ပါတယ္။ SIM Slot ႏွစ္ခုလည္း သီးျခား ပါရွိပါတယ္။ Android 7.0 Nougat ထည့္သြင္းထားပါတယ္။

သူ႔ရဲ႕ အေနာက္ဘက္မွာ Autofocus ပါတဲ့ 8MP Camera တစ္လံုးနဲ႔ အေရွ႕ဘက္မွာ Fixed-Focus ပါတဲ့ 8MP Camera တစ္လံုး တပ္ဆင္ထားပါတယ္။ အေနာက္ဘက္ ကင္မရာက Full HD Video မ်ားကို ရိုက္ကူးေပးႏုိင္ပါတယ္။ အိႏၵိယမွာ ရူပီး ၆၄၉၉ ( ယူရို ၈၀) သတ္မွတ္ထားပါတယ္။ ဧၿပီလ ၂၄ ရက္ေန႔မွာ Flipkart ကေနသာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Unicode Version

အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သူ Panasonic က အိန္ဒိယမှာ Eulga L7 ကို မိတ်ဆက်လိုက်ပါတယ်။ သူ့မှာ ၅.၄၅ လက်မ Big View Display တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးမှာ ရှည်လျားတဲ့ 18:9 ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ 4000mAh Battery တပ်ဆင်ထားပါတယ်။

မျက်နှာပြင် အရည်အသွေးမှာ 1440x720px ဖြစ်ပြီး HD+ လို့ ပြောနိုင်ပါတယ်။ 1.3GHz Quad-Core MediaTek MT6737H Chipset မောင်းနှင်ထားပါတယ်။ 2GB RAM , 16GB Internal Storage များ ထည့်သွင်းထားပါတယ်။ 128GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ SIM Slot နှစ်ခုလည်း သီးခြား ပါရှိပါတယ်။ Android 7.0 Nougat ထည့်သွင်းထားပါတယ်။

သူ့ရဲ့ အနောက်ဘက်မှာ Autofocus ပါတဲ့ 8MP Camera တစ်လုံးနဲ့ အရှေ့ဘက်မှာ Fixed-Focus ပါတဲ့ 8MP Camera တစ်လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက် ကင်မရာက Full HD Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ အိန္ဒိယမှာ ရူပီး ၆၄၉၉ ( ယူရို ၈၀) သတ်မှတ်ထားပါတယ်။ ဧပြီလ ၂၄ ရက်နေ့မှာ Flipkart ကနေသာ ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply