ရေချိုးခန်းထဲမှာ ကိုယ်ကြိုက်တဲ့သီချင်းတွေကို စပီကာ လန်းလန်းလေးတွေနဲ့ တူတူလိုက်ဆိုရအောင်

0
1878

Zawgyi version

မင်းဟာရေချိုးရင်းတဲ့ သီချင်းတွေအော်ဆိုတတ်တဲ့သူဆိုရင်တော့ ဒီ စပီကာလေးတွေက တကယ့်ကို အသုံးဝင်မှာပါ။ ရေချိုးခန်းထဲကို သုံးမှာဆိုတော့ အကုန်လုံးက ရေစိုခံတွေပဲနော်။ ဒီဇိုင်းလေးတွေကလဲ အလန်းတွေချည်းပဲ။

UE Wonderboom

Image result for UE Wonderboom

UE ရဲ့ နောက်ဆုံးပေါ် ရေစိုခံ Bluetooth speaker လေးကတော့ အသံကျယ်ကျယ်ကြားရပြီး ဒီဇိုင်းလေးကလဲ သေးသေးလေးနဲ့ ချစ်စရာပုံစံလေးပဲ ဖြစ်ပါတယ်။ သူက ရေထဲ 1 meter အနက်ထိစိမ်ထားရင်တောင် နာရီဝက်ထိ ရေစိမ်ခံပါတယ်တဲ့။ အဲ့ဒါကြောင့် ရေချိုးခန်းထဲမှာ အသုံးပြုဖို့ တော်တော်လေးကို အဆင်ပြေပါတယ်။ သူကတော့ အရောင်လှလှလေးတွေ 6 မျိုးလာတာဖြစ်ပြီး ဈေးကတော့ $70 ရှိပါတယ်။

Polk Audio BOOM Swimmer

Image result for Polk Audio BOOM Swimmer

ဒီစပီကာပုံစံလေးကတော့ အဆန်းလေးပါပဲ။ သူက ဖားလောင်းကောင် ပုံစံလေး ဖြစ်ပါတယ်။ အဲ့အကောင်ပုံစံလေးရဲ့ အမြှီးပိုင်းနားလေးမှာမှ စပီကာ ပါရှိတာ ဖြစ်ပါတယ်။ သူကတော့ ကွေးလို့ဆန့်လို့ရတဲ့အတွက် တော်တော်လေးကို အဆင်ပြေပါတယ်။ သူက ကွေးလို့ရတဲ့အတွက် ရေချိုးခန်းထဲမှာရှိတဲ့ လိုက်ကာတန်းပေါ်မှာလဲ အလွယ်တကူ ချိတ်ထား လို့ရပါတယ်။ သေးသေးလေးဆိုတော့ ဘယ်နေရာထားထား အဆင်ပြေပါတယ်။ သူက ရေစိမ်ခံ စပီကာလေးလဲဖြစ်ပါတယ်။ သူ့ဈေးနှုန်း ကတော့ $20 ပဲဖြစ်ပါတယ်။

Photive Hydra

Image result for Photive Hydra

သူ့ဒီဇိုင်းလေးကတော့ တစ်ခြားစပီကာတွေနဲ့ယှဉ်ရင် ရိုးရှင်းလေးပါပဲ။ Photive Hydra ကလဲ quality တော်တော်လေးကောင်းပါတယ်။ သူကလဲ အသံတွေကိုရှင်းလင်းပြတ်သားစွာကြားရပြီး အသံအားလဲ ကောင်းပါတယ်။ သူကတော့ $35 ပါတဲ့။

SoundBot SB510

Image result for SoundBot SB510

သူ့ဒီဇိုင်းလေးကလဲ ရိုးရှင်းပြီး အလယ်မှာ ခလုတ်လေးတွေပါရှိပါတယ်။ အသံတွေကို ထိန်းညှိဖို့ ခလုတ်ရယ် သီချင်းတွေကို ပြောင်းချင်ရင်လဲ ဖုန်းကိုကိုင်စရာမလိုအောင်လို့ next, previous ခလုတ်တွေလဲ ပါရှိပါတယ်။ ဒါ့အပြင် ဖုန်းနဲ့ ချိတ်ဆက်ထားတာဆိုတော့ ဖုန်းလာရင်လဲ ဖြေလို့ရအောင် ဖုန်းဖြေတဲ့ ခလုတ်လေးလဲ ပါရှိပါတယ်။ ဒါဆို အရေးကြီးတဲ့ ဖုန်း call တွေကိုလဲ မလွတ်တော့ဘူးလေ။ သူကတော့ $15 ပါတဲ့။

UE Roll 2

Image result for UE Roll 2

ဒီ Ultimate Ears Roll 2 ကတော့ ရေထဲ 3 ပေအနက်ထဲကို တစ်နာရီခွဲထိ ရေစိမ်ခံပါတယ်တဲ့။ သူကလဲ ချိတ်လို့ရတဲ့ပစ္စည်းလေးပါတဲ့ အတွက် လိုက်ကာတန်းလေးမှာ ချိတ်ထားလိုက်ရုံပါပဲ။ ဒီပစ္စည်းလေးကတော့ quality လဲကောင်းတဲ့အတွက်ကြောင့် လူကြိုက်လဲများပါတယ်တဲ့။ ဈေးကတော့ $99 ဖြစ်ပါတယ်။

Fugoo Sport

Image result for Fugoo Sport

သူ့ဒီဇိုင်းလေးကတော့ ကျောင်းသားတွေသုံးတဲ့ ဘောပင်ထည့်တဲ့ အိတ်လေးနဲ့ တူပါတယ်။ သူ့ဘက်ထရီကတော့ နာရီ 40 ထိတောင် အသုံးခံပါတယ်တဲ့။ အားက အကြာကြီးခံတဲ့အတွက် ခရီးတွေဘာတွေသွားရင် ယူသွားဖို့အဆင်ပြေပါတယ်။ သူကလဲ ရေထဲ 3 ပေ အနက်ထိစိမ်ထားရင် နာရီဝက်ထိ ရေစိမ်ခံပါတယ်တဲ့။ ဒါ့အပြင် သူက ဖုန်တွေဘာတွေ အပေတေလဲခံပါတယ်တဲ့။ ဈေးကတော့ $89 ပါ။

UE Boom 2

Image result for UE Boom 2

သူကတော့ ရေစိမ်တော်တော်ခံပါတယ်တဲ့။ ရေထဲ 3 ပေအနက်ကို နာရီဝကိထိ ရေစိမ်ခံပါတယ်တဲ့။ သူက ဖုန်တွေ ရွှံ့တွေလဲ အပေတေ ခံပါတယ်တဲ့။ သူ့ဘက်ထရီကလဲ 15 နာရီထိ အားခံပါတယ်။ သူရဲ့ Bluetooth က ပေ 100 အကွာအဝေးထိရတဲ့ အတွက် ဖုန်းတွေ tablet တွေကိုလဲ လုံလုံခြုံခြုံထားထားလို့ရပါတယ်။ သူကတော့ $100 ပါ။

Sbode Bluetooth Speaker

Image result for Sbode Bluetooth Speaker

သူက ရေသိပ်ထိလို့မရပါဘူး။ ဒါကြောင့် ရေချိုးခန်းထဲသုံးတဲ့အချိန် နဲနဲရေလွတ်တဲ့နေရာလေးမှာ ထားမှ အဆင်ပြေမှာပါ။ ဘတ္ထရီကတော့ 8 နာရီထိ ခံပါတယ်။ သူ့မှာက FM radio ရောထည့်ပေးထားပါတယ်။ ဒါကြောင့် ရေချိုးရင်းနဲ့ သတင်းတွေဘာတွေလဲ နားထောင်နိုင်ပါတယ်။ သူက တစ်ခုကောင်းတာက မင်းက ရေချိုးပြီးတော့ စပီကာကို မေ့ပြီး မပိတ်မိခဲ့ဘူးဆိုရင်လဲ 10 မိနစ်နေရင် auto ပိတ်သွားတဲ့ system ထည့်ပေးထားပါတယ်။ သူကတော့ $50 ပဲဖြစ်ပါတယ်။

 

Leave a Reply