Posted on Leave a comment
လူမှုကွန်ရက်အသုံးပြုသူတွေကို အခွန်စတင်ကောက်တော့မယ့်ယူဂန်ဒါနိုင်ငံ
Zawgyi version
unicode Version
အာဖရိက အရှေ့ပိုင်းက ယူဂန်ဒါနိုင်ငံဟာ နိုင်ငံအတွင်းက လူမှုကွန်ယက်အသုံးပြုသူတွေကို စတင်အခွန်ကောက်ခံတော့မှာဖြစ်ပါတယ်။
ယူဂန်ဒါနိုင်ငံအနေနဲ့လူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့လွပ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုဦးဆောင်နေသူတွေကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ ယူဂန်ဒါရဲ့သမ္မတဖြစ်သူ Yoweri Museveni ကတော့
သူ့ရဲ့လက်ရှိချမှတ်လိုက်တဲ့ စည်းမျဉ်းအသစ်ဟာ မှန်ကန်မှုရှိတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်သွားတဲ့ အပြောင်းအလဲကြောင့် နိုင်ငံတွင်းမှာရှိတဲ့ ၄၀ရာခိုင်နှုန်းသောပြည်သူတွေဟာ
အင်တာနက်သုံးစွဲနိုင်ဖို့အတွက် အခွန်ငွေပေးချေရတော့မှာဖြစ်ပါတယ်။
လူမှုကွန်ရက်တွေဖြစ်တဲ့ WhatsApp, Twitter နဲ့ Facebook အသုံးပြုသူတွေဟာ တစ်ရက်ကို ၂၀၀ ရှီလင် (မြန်မာငွေ ၃၆ ကျပ်) အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး Matia Kasaija အနေနဲ့ ဒီကရရှိတဲ့ အခွန်ငွေတွေကို လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ ပြန်လည်အသုံးချသွားမယ်လို့ ဆိုပါတယ်။
ယူဂန်ဒါနိုင်ငံမှာရှိတဲ့ လူဦးရေ၄၁သန်းထဲက ၂၃.၆သန်းဟာမိုဘိုင်းဖုန်းအသုံးပြုသူတွေဖြစ်ပြီး ၁၇သန်းကတော့ အင်တာနက်အသုံးပြုတယ်လို့ဆိုပါတယ်။
ဒီအစီအစဉ်ကိုတော့ ယခုနှစ်ဂျူလိုင်လမှာစတင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ယူဂန်ဒါလိုမျိုးအခွန်ကောက်နေတဲ့ နောက်ထပ်နိုင်ငံတစ်ခုကတော့ တန်ဇန်နီးယားဖြစ်ပြီး
နိုင်ငံသားတိုင်းဟာ တန်ဇန်နီးယားမှာ blog သို့ website ကိုအသုံးပြုဖို့အတွက် လိုင်စင်ပြုလုပ်ထားရပြီး လိုင်စင်ကြေးကတော့ တစ်နှစ်တန်ဇန်းနီးယားငွေ ၁သန်း(ရှီလင်) ပေး
သွင်းရမှာဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေဟာ ဒီနည်းလမ်းနဲ့ အင်တာနက်အသုံးပြုမှုကို အစိုးရအနေနဲ့ ထိန်းချုပ်နေရတယ်လို့ဆိုပါတယ်။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.