Nubia ရဲ႕ ဂိမ္းအသားေပး Red Magic စမတ္ဖုန္း

0
1973

Nubia အေနနဲ႔ ဂိမ္းသမားမ်ားအတြက္ ရည္ရြယ္ ထုတ္လုပ္ထားတဲ့ Red Magic ကုိ ေၾကညာလာခဲ့ပါတယ္။ ဒီဖုန္းကလည္း Xiaomi ရဲ႕  Black Shark ဂိမ္းစမတ္ဖုန္းလုိပဲ ဂိမ္းသမားေတြ အႀကိဳက္ေတြ႕မယ့္ ဒီဇုိင္းမ်ဳိးနဲ႔ ဖန္တီးထားတာကိုေတြ႕ရပါတယ္။ ဖုန္းရဲ႕ေထာင့္ပိုင္းေတြကို စစ္သေဘၤာစတိုင္ျဖင့္ ဖန္တီးထားၿပီး ေက်ာဘက္မွာ RGB LED မီးမ်ား ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ ဂိမ္းေတြအခ်ိန္အၾကာႀကီး ကစားတဲ့အခါ ဖုန္းပူမႈကို အလွ်င္အျမန္အကာအကြယ္ေပးႏုိင္ဖို႔ ေလ၀င္ေလထြက္ေပါက္သံုးခု ထည့္သြင္းထားတဲ့အျပင္ graphite layer မ်ားလည္း ထည့္သြင္းထားပါေသးတယ္။

Nubia Red Magic က မ်က္ႏွာျပင္ ၆ လက္မရွိၿပီး LCD 2160×1080 px ႐ုပ္ထြက္ႏွင့္ ေထာက္ပံ့ထားပါတယ္။ NEG Dinore T2X-1 မွန္သံုးထားပါတယ္။ ဒီဇုိင္းပုိင္းက ဒီဖုန္းရဲ႕အားသာခ်က္လုိ႔ ေျပာႏုိင္ေပမယ့္လည္း ပါ၀ါေထာက္ပံ့ပုိင္းကုိလည္း အေကာင္းဆံုး လုပ္ေဆာင္ထားပါေသးတယ္။ ဒီဖုန္းကုိ Snapdragon 835 ႏွင့္ ပါ၀ါေထာက္ပံ့ထားၿပိး RAM6GB ၊ RAM8GB ဗားရွင္းဆိုၿပီး ေရြးခ်ယ္ႏုိင္ပါမယ္။ ဖုန္းတြင္းအခ်က္အလက္သိုေလွာင္မႈ 64GB (သုိ႔) 128GB အသီးသီး ပါ၀င္ပါမယ္။ Chipset က ပါ၀ါအျမင့္ဆံုး Snapdragon Chipset ေတာ့ မဟုတ္ပါဘူး။ Xiaomi ရဲ႕ Black Shark မွာေတာ့ Snapdragon 845 သံုးထားပါတယ္။ ဒါေပမယ့္ ႐ုပ္ထြက္ေဖာ္ျပမႈအပိုင္းမွာ 1080p screen ပဲ သံုးထားပါတယ္။

Red Magic မွာ ေက်ာဘက္ကင္မရာ 24MPနဲ႔အတူ  f/1.7 Lens သံုးထားပါတယ္။ ေရွ႕ကင္မရာက 8MP နဲ႔ wide-angle lens f/2.0 ျဖစ္ပါတယ္။ဒါေၾကာင့္ ေရွ႕ကင္မရာနဲ႔ ျမင္ကြင္းက်ယ္ ႐ုိက္ကူးႏုိင္ပါမယ္။

Nubia Red Magic မွာ ဘက္ထရီ 3800 mAh ပါ၀င္ၿပီး အလွ်င္အျမန္အားသြင္းစနစ္ ေထာက္ပံ့ေပးထားပါတယ္။ လက္ေဗြရာစနစ္ကုိ ေက်ာဘက္မွာ ထည့္သြင္းထားပါတယ္။ ဂိမ္းဖုန္းလို႔ဆိုေပမယ့္ စပီကာတစ္လံုးတည္းပဲ တပ္ဆင္ေပးထားပါတယ္။ ဒါေပမယ့္ DTS အသံစနစ္ေထာက္ပံ့ေပးထားပါတယ္။

ဒီဖုန္းကုိ Android 8.1 Oreo အေျခခံ Red Magic Launcher သံုးထားပါတယ္။ Red Magic ရဲ႕ 64GB ဗားရွင္းေစ်းႏႈန္းက ေဒၚလာ ၃၉၉ ျဖစ္ၿပီး 128GB ဗားရွင္းေစ်းႏႈန္းက ေဒၚလာ ၄၇၉ ျဖစ္ပါတယ္။ ယခုလ26ရက္ေနကစၿပီး IndieGogo မွာ $399 နဲ႔စတင္မွာယူႏိုင္ပါၿပီ။

Unicode Version

Nubia အနေနဲ့ ဂိမ်းသမားများအတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ Red Magic ကို ကြေညာလာခဲ့ပါတယ်။ ဒီဖုန်းကလည်း Xiaomi ရဲ့ Black Shark ဂိမ်းစမတ်ဖုန်းလိုပဲ ဂိမ်းသမားတွေ အကြိုက်တွေ့မယ့် ဒီဇိုင်းမျိုးနဲ့ ဖန်တီးထားတာကိုတွေ့ရပါတယ်။ ဖုန်းရဲ့ထောင့်ပိုင်းတွေကို စစ်သင်္ဘောစတိုင်ဖြင့် ဖန်တီးထားပြီး ကျောဘက်မှာ RGB LED မီးများ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဂိမ်းတွေအချိန်အကြာကြီး ကစားတဲ့အခါ ဖုန်းပူမှုကို အလျှင်အမြန်အကာအကွယ်ပေးနိုင်ဖို့ လေဝင်လေထွက်ပေါက်သုံးခု ထည့်သွင်းထားတဲ့အပြင် graphite layer များလည်း ထည့်သွင်းထားပါသေးတယ်။
Nubia Red Magic က မျက်နှာပြင် ၆ လက်မရှိပြီး LCD 2160×1080 px ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ NEG Dinore T2X-1 မှန်သုံးထားပါတယ်။ ဒီဇိုင်းပိုင်းက ဒီဖုန်းရဲ့အားသာချက်လို့ ပြောနိုင်ပေမယ့်လည်း ပါ၀ါထောက်ပံ့ပိုင်းကိုလည်း အကောင်းဆုံး လုပ်ဆောင်ထားပါသေးတယ်။ ဒီဖုန်းကို Snapdragon 835 နှင့် ပါ၀ါထောက်ပံ့ထားပြိး RAM6GB ၊ RAM8GB ဗားရှင်းဆိုပြီး ရွေးချယ်နိုင်ပါမယ်။ ဖုန်းတွင်းအချက်အလက်သိုလှောင်မှု 64GB (သို့) 128GB အသီးသီး ပါ၀င်ပါမယ်။ Chipset က ပါ၀ါအမြင့်ဆုံး Snapdragon Chipset တော့ မဟုတ်ပါဘူး။ Xiaomi ရဲ့ Black Shark မှာတော့ Snapdragon 845 သုံးထားပါတယ်။ ဒါပေမယ့် ရုပ်ထွက်ဖော်ပြမှုအပိုင်းမှာ 1080p screen ပဲ သုံးထားပါတယ်။
Red Magic မှာ ကျောဘက်ကင်မရာ 24MPနဲ့အတူ f/1.7 Lens သုံးထားပါတယ်။ ရှေ့ကင်မရာက 8MP နဲ့ wide-angle lens f/2.0 ဖြစ်ပါတယ်။ဒါကြောင့် ရှေ့ကင်မရာနဲ့ မြင်ကွင်းကျယ် ရိုက်ကူးနိုင်ပါမယ်။
Nubia Red Magic မှာ ဘက်ထရီ 3800 mAh ပါ၀င်ပြီး အလျှင်အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ဂိမ်းဖုန်းလို့ဆိုပေမယ့် စပီကာတစ်လုံးတည်းပဲ တပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် DTS အသံစနစ်ထောက်ပံ့ပေးထားပါတယ်။
ဒီဖုန်းကို Android 8.1 Oreo အခြေခံ Red Magic Launcher သုံးထားပါတယ်။ Red Magic ရဲ့ 64GB ဗားရှင်းစျေးနှုန်းက ဒေါ်လာ ၃၉၉ ဖြစ်ပြီး 128GB ဗားရှင်းစျေးနှုန်းက ဒေါ်လာ ၄၇၉ ဖြစ်ပါတယ်။ ယခုလ26ရက်နေကစပြီး IndieGogo မှာ $399 နဲ့စတင်မှာယူနိုင်ပါပြီ။

Leave a Reply