Laptop အမ်ားစုထက္ၾကီးမားတဲ့ဘတ္ထရီပါ၀င္မယ့္ ဖုန္းအသစ္

0
2281

Zawgyi Version

ဘတ္ထရီၾကီးမားတဲ့ဖုန္းေတြထုတ္လုုပ္တယ္လို႕ ၾကားမိလိုက္တုိင္းမွာ ကၽြန္ေတာ္စိတ္၀င္စားသြားေလ့ရွိပါတယ္။ ကၽြန္ေတာ့အေတြ႕အၾကံဳအရ အဲဒီဖုန္းေတြက ဘတ္ထရီသက္တမ္းၾကာၾကာနဲ႕ သံုးလို႕ေကာင္းပါတယ္။

သင္မသိေလာက္တဲ့ တရုတ္လုပ္ငန္းတစ္ခုကေနျပီးေတာ့ 13,000 mAh ဘတ္ထရီနဲ႕ စမတ္ဖုန္းတစ္လံုးကို ထုတ္လုပ္လုိက္ပါတယ္။ သင္မေမးခင္ ေျပာလုိက္ပါဦးမယ္။ အဲဒီ 13,000 mAh ကို အျခားအီလက္ထေရာနစ္ပစၥည္းေတြ အားသြင္းဖို႕ သံုးႏုိင္ပါေသးတယ္။

ႏွစ္ေပါင္းအေတာ္ၾကာေအာင္ ကၽြန္ေတာ္ကေတာ့ ဘတ္ထရီအပိုနဲ႕ အသက္ဆက္ခဲ့ရပါတယ္။ ခရီးသြားတဲအခ်ိန္တုိင္းမွာ ကၽြန္ေတာ္အိတ္ထဲမွာ အပိုေလးထည့္ထားမွ အသက္ရွဳေခ်ာင္ရပါတယ္။ ကၽြန္ေတာ့ဖုန္းကို အေရးလိုလာခ်ိန္မွာ အားကုန္မေနေအာင္ ကာကြယ္ထားဖို႕လိုအပ္တယ္ေလ။ အိမ္မ်ာေနတုန္းဆိုရင္လည္း မၾကာခဏ အားသြင္းေနရတတ္ပါတယ္။ ေနာက္တစ္ခုက ဖုန္းအပိုတစ္လံုးေတာင္ ေဆာင္ထားျဖစ္ခဲ့တယ္။ ကၽြန္ေတာ္လိုအပ္မယ္ဆိုတာ ရွင္းျပဖို႕လိုမယ္မထင္ပါဘူး။

ဒါေၾကာင့္ Ulefone Power 5 ထြက္ေပၚလာျခင္း ျဖစ္ပါတယ္။ နာမည္ကိုၾကားလိုက္တာနဲ႕ ရင္းႏွီးမေနျခင္းကလည္း စိတ္၀င္စားမႈကို ျဖစ္သြားေစခဲ့တယ္။ ဘတ္ထရီသက္တမ္းေကာင္းမြန္ျခင္းကလည္း ၀ယ္ယူသူေတြကို ဆြဲေဆာင္ႏုိင္လိမ့္မယ္လို႕ ကၽြန္ေတာ္ထင္မိပါတယ္။

သူ႕ၾကည့္ရတာ အတံုးလိုက္အတစ္လိုက္ၾကီးျဖစ္ေနျပီးေတာ့ အၾကမ္းခံမယ့္ပံုပါပဲ။ ဒီဇိုင္းကေတာ့ ရွင္းလင္းေနေပမယ့္လည္း 13,000 mAh ကို စဥ္းစားရမွာပါ။

Power 5 ရဲ႕ ဘတ္ထရီ featureေတြကို မေျပာခင္မွာ အခ်က္အလက္ေလးေတြကို အရင္သြားလိုက္ၾကရေအာင္။ ၆လက္မ Full HD display ကို 2160 x 1080 resolution နဲ႕ တြဲဖက္ထားျပီးေတာ့ မ်က္ႏွာျပင္ျပည့္ဒီဇိုင္းျဖစ္ပါတယ္။ MediaTek MT6763 processor ကိုအသံုးျပဳထားျပီးေတာ့ 6GB RAM ၊ 64GB storage နဲ႕ အားျဖည့္ထားပါေသးတယ္။ မေလာက္ရင္လည္း စိတ္မပူပါနဲ႕၊ microSD support ေပးထားပါတယ္။ ကင္မရာပုိင္းမွာေတာ့ 21-megapixel and 5-megapixel shooters ႏွစ္လံုးပါ၀င္ျပီးေတာ့ optical image stabilization နဲ႕ ေတြ႕ျမင္ရမွာပါ။ အေရွ႕က္ငမရာကေတာ့ 8-megapixel နဲ႕ 13-megapixel တို႕ျဖစ္ျပီး fingerprint sensor (“Touch ID”) ၊ “Face ID” unlock ၊ ႏွစ္ကဒ္ထိုးစနစ္၊ USB 2.0 နဲ႕ USB-C ports မ်ား၊ Android 8.1 Oreo တို႕ကို ခံစားႏုိင္ဦးမွာပါ။ ဟုတ္ပါတယ္။ အခ်က္အလက္ေတြအရေတာ့ ဖုန္းေကာင္းတစ္လံုးအျဖစ္ ခံစားလို႕ရေနပါျပီ။

Notch ကို တုပမထားျခင္းကို ၾကိဳက္ေပမယ့္ Touch ID နဲ႕ Face ID ကေတာ့ Apple ဆီက ယူထားသလား မရွင္းပါဘူး။

13,000 mAh dual-cell ဘတ္ထရီကေတာ့ တစ္ပတ္ေလာက္ကို ခံႏုိင္ပါတယ္။ Super Fast Charge (5V/5A) နဲ႕ fast wireless charging support (10W) ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။ ၂.၅နာရီသြင္းလုိက္တာနဲ႕ အားျပည့္သြားမွာပါ။ ၾကိဳးမဲ့ဆိုရင္ေတာ့ ၉ နာရီသြင္းရမွာျဖစ္ပါတယ္။ ဟုတ္ပါတယ္။ အျခားပစၥည္းေတြကိုလည္း အားသြင္းေပးႏုိင္ပါေသးတယ္။

Power 5 ကို ဧျပီ၂၄ရက္ေန႕မွာ ရႏုိင္ေတာ့မွာပါ။ ေစ်းႏႈန္းကေတာ့ အတိအက်မသိရေသးပါဘူး။

Unicode Version

ဘတ်ထရီကြီးမားတဲ့ဖုန်းတွေထုတ်လုုပ်တယ်လို့ ကြားမိလိုက်တိုင်းမှာ ကျွန်တော်စိတ်ဝင်စားသွားလေ့ရှိပါတယ်။ ကျွန်တော့အတွေ့အကြုံအရ အဲဒီဖုန်းတွေက ဘတ်ထရီသက်တမ်းကြာကြာနဲ့ သုံးလို့ကောင်းပါတယ်။
သင်မသိလောက်တဲ့ တရုတ်လုပ်ငန်းတစ်ခုကနေပြီးတော့ 13,000 mAh ဘတ်ထရီနဲ့ စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်လိုက်ပါတယ်။ သင်မမေးခင် ပြောလိုက်ပါဦးမယ်။ အဲဒီ 13,000 mAh ကို အခြားအီလက်ထရောနစ်ပစ္စည်းတွေ အားသွင်းဖို့ သုံးနိုင်ပါသေးတယ်။
နှစ်ပေါင်းအတော်ကြာအောင် ကျွန်တော်ကတော့ ဘတ်ထရီအပိုနဲ့ အသက်ဆက်ခဲ့ရပါတယ်။ ခရီးသွားတဲအချိန်တိုင်းမှာ ကျွန်တော်အိတ်ထဲမှာ အပိုလေးထည့်ထားမှ အသက်ရှုချောင်ရပါတယ်။ ကျွန်တော့ဖုန်းကို အရေးလိုလာချိန်မှာ အားကုန်မနေအောင် ကာကွယ်ထားဖို့လိုအပ်တယ်လေ။ အိမ်မျာနေတုန်းဆိုရင်လည်း မကြာခဏ အားသွင်းနေရတတ်ပါတယ်။ နောက်တစ်ခုက ဖုန်းအပိုတစ်လုံးတောင် ဆောင်ထားဖြစ်ခဲ့တယ်။ ကျွန်တော်လိုအပ်မယ်ဆိုတာ ရှင်းပြဖို့လိုမယ်မထင်ပါဘူး။
ဒါကြောင့် Ulefone Power 5 ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ နာမည်ကိုကြားလိုက်တာနဲ့ ရင်းနှီးမနေခြင်းကလည်း စိတ်ဝင်စားမှုကို ဖြစ်သွားစေခဲ့တယ်။ ဘတ်ထရီသက်တမ်းကောင်းမွန်ခြင်းကလည်း ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်မိပါတယ်။
သူ့ကြည့်ရတာ အတုံးလိုက်အတစ်လိုက်ကြီးဖြစ်နေပြီးတော့ အကြမ်းခံမယ့်ပုံပါပဲ။ ဒီဇိုင်းကတော့ ရှင်းလင်းနေပေမယ့်လည်း 13,000 mAh ကို စဉ်းစားရမှာပါ။
Power 5 ရဲ့ ဘတ်ထရီ featureတွေကို မပြောခင်မှာ အချက်အလက်လေးတွေကို အရင်သွားလိုက်ကြရအောင်။ ၆လက်မ Full HD display ကို 2160 x 1080 resolution နဲ့ တွဲဖက်ထားပြီးတော့ မျက်နှာပြင်ပြည့်ဒီဇိုင်းဖြစ်ပါတယ်။ MediaTek MT6763 processor ကိုအသုံးပြုထားပြီးတော့ 6GB RAM ၊ 64GB storage နဲ့ အားဖြည့်ထားပါသေးတယ်။ မလောက်ရင်လည်း စိတ်မပူပါနဲ့၊ microSD support ပေးထားပါတယ်။ ကင်မရာပိုင်းမှာတော့ 21-megapixel and 5-megapixel shooters နှစ်လုံးပါဝင်ပြီးတော့ optical image stabilization နဲ့ တွေ့မြင်ရမှာပါ။ အရှေ့က်ငမရာကတော့ 8-megapixel နဲ့ 13-megapixel တို့ဖြစ်ပြီး fingerprint sensor (“Touch ID”) ၊ “Face ID” unlock ၊ နှစ်ကဒ်ထိုးစနစ်၊ USB 2.0 နဲ့ USB-C ports များ၊ Android 8.1 Oreo တို့ကို ခံစားနိုင်ဦးမှာပါ။ ဟုတ်ပါတယ်။ အချက်အလက်တွေအရတော့ ဖုန်းကောင်းတစ်လုံးအဖြစ် ခံစားလို့ရနေပါပြီ။
Notch ကို တုပမထားခြင်းကို ကြိုက်ပေမယ့် Touch ID နဲ့ Face ID ကတော့ Apple ဆီက ယူထားသလား မရှင်းပါဘူး။
13,000 mAh dual-cell ဘတ်ထရီကတော့ တစ်ပတ်လောက်ကို ခံနိုင်ပါတယ်။ Super Fast Charge (5V/5A) နဲ့ fast wireless charging support (10W) ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။ ၂.၅နာရီသွင်းလိုက်တာနဲ့ အားပြည့်သွားမှာပါ။ ကြိုးမဲ့ဆိုရင်တော့ ၉ နာရီသွင်းရမှာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ အခြားပစ္စည်းတွေကိုလည်း အားသွင်းပေးနိုင်ပါသေးတယ်။
Power 5 ကို ဧပြီ၂၄ရက်နေ့မှာ ရနိုင်တော့မှာပါ။ ဈေးနှုန်းကတော့ အတိအကျမသိရသေးပါဘူး။

Leave a Reply