Apple က သူ႔ျပိဳင္ဘက္ျဖစ္တဲ့ Samsung ရန္ကေန လြတ္ေျမာက္ဖို႔ အျပင္းအထန္ ၾကိဳးစားေန

0
2394

Zawgyi version

Apple က display အတြက္ Samsung ကိုမွီခိုခဲ့တာ ၾကာပါျပီ။ အခုေတာ့ Apple က သူရဲ့ ေနာက္ဆံုး model ျဖစ္တဲ့ 2018 iPhone ကိုေတာ့ LG ရဲ့ OLED screen နဲ႔ တြဲလုပ္သြားမွာျဖစ္ပါတယ္။ ဘာလို႔လို႔လဲဆုိေတာ့ OLED screen ေတြဟာ ပါးလႊာျပီးေတာ့ LCD display ေတြထက္ ပိုျပီး  flexible ျဖစ္လို႔ပါပဲ။ ဒါေပမဲ့ OLED screen ေတြက ထုတ္လုပ္မွုပိုင္းမွာ အေရအတြက္မေလာက္တဲ့ အခက္အခဲေတြရွိေနပါတယ္တဲ့။

တစ္ကယ္လို႔ Apple က LG ကိုသာ စြန္႔လႊတ္ခဲ့မယ္ဆိုရင္ သူ႔ရဲ့ ျပိဳင္ဘက္ျဖစ္တဲ့ Samsung ဆီကိုသာျပန္သြားရမွာ ျဖစ္ပါတယ္။ Apple ကေတာ့ ေနာက္အသစ္ထြက္မဲ့ iPhone ေတြအတြက္ OLED display ကိုပဲအသံုးျပဳမွာ ျဖစ္ပါတယ္။

Apple က iPhone 3 လံုးထြက္ရွိဖို႔အတြက္ ျပင္ဆင္ေနပါတယ္။ အဲ့ဒါေတြကေတာ့ OLED display နဲ႔ 6.5-inch phone ၊ OLED display နဲ႔ 5.8-inch phone ရယ္ LCD display နဲ႔ 6.1-inch phone တို႔ပဲ ျဖစ္ပါတယ္။

 

Unicode version

Apple က display အတွက် Samsung ကိုမှီခိုခဲ့တာ ကြာပါပြီ။ အခုတော့ Apple က သူရဲ့ နောက်ဆုံး model ဖြစ်တဲ့ 2018 iPhone ကိုတော့ LG ရဲ့ OLED screen နဲ့ တွဲလုပ်သွားမှာဖြစ်ပါတယ်။ ဘာလို့လို့လဲဆိုတော့
OLED screen တွေဟာ ပါးလွှာပြီးတော့ LCD display တွေထက် ပိုပြီး flexible ဖြစ်လို့ပါပဲ။ ဒါပေမဲ့ OLED screen တွေက ထုတ်လုပ်မှုပိုင်းမှာ အရေအတွက်မလောက်တဲ့ အခက်အခဲတွေရှိနေပါတယ်တဲ့။
တစ်ကယ်လို့ Apple က LG ကိုသာ စွန့်လွှတ်ခဲ့မယ်ဆိုရင် သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Samsung ဆီကိုသာပြန်သွားရမှာ ဖြစ်ပါတယ်။ Apple ကတော့ နောက်အသစ်ထွက်မဲ့ iPhone တွေအတွက် OLED display ကိုပဲအသုံးပြုမှာ ဖြစ်ပါတယ်။
Apple က iPhone 3 လုံးထွက်ရှိဖို့အတွက် ပြင်ဆင်နေပါတယ်။ အဲ့ဒါတွေကတော့ OLED display နဲ့ 6.5-inch phone ၊ OLED display နဲ့ 5.8-inch phone ရယ် LCD display နဲ့ 6.1-inch phone တို့ပဲ ဖြစ်ပါတယ်။

Leave a Reply