Dual ကင်မရာတပ်ဆင်ထားတဲ့ Sony ရဲ့ ပထမဆုံးဖုန်း XZ2 Premium
0
1683
Zawgyi Version
Unicode Version
Sony အနေနဲ့ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကကုမ္ပဏီရဲ့ ပထမဆုံးwireless charging စနစ်နဲ့အားသွင်းနိုင်တဲ့ Xperia XZ2 နဲ့ Xperia XZ2 Compact တို့ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ အခုတော့အဲ့ဒီဖုန်းတွေရဲ့မျိိုးဆက်သစ်ဖုန်းလို့ ဆိုနိုင်မယ့်  XZ2 Premium ကို မိတ်ဆက်လိုက်ပါပြီ။ သူမှာ XZ2 ထက် မျက်နှာပြင်၊ ကင်မရာ၊ ဘက်ထရီနဲ့ အခြား အစိတ်အပိုင်းများဟာ ပိုမို ကောင်းမွန်လာပေမယ့် ဒီဇိုင်းက တူညီပါတယ်။
XZ2 Premium မှာ ၅.၈ လက်မ 4K Display တပ်ဆင်ထားပြီး HDR Video များကို ထောက်ပံ့ပါတယ်။ သူဟာ အနောက်ကင်မရာ နှစ်လုံးတပ်ဆင်ထားတဲ ့ Sonyရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ 19MP Color Sensor နဲ့ 12MP Monochrome Sensor များဖြစ်ပါတယ်။ အလင်းရောင် အလွန်နည်းပါးတဲ့ အခြေအနေများမှာ ရိုက်ကူးတဲ့ ဓါတ်ပုံများရဲ့ အရည်အသွေးဟာ Lens ပြောင်းတပ်နိုင်တဲ့ ကင်မရာများကို မှီတယ်လို့ Sonyက ပြောပါတယ်။ နောက်ခံမှုန်ဝါးတဲ့ Bokeh Mode လိုစွမ်းဆောင်ချက်လည်း ထည့်သွင်းပေးထားတဲ့အပြင် 4K HDR Video များကို ရိုက်ကူးနိုင်ပါတယ်။ 1080p Resolution ဖြင့် 960fps Slow-Mo Video များ ဖမ်းယူပေးနိုင်ပါတယ်။။ အရှေ့ဘက်မှာတော့ 13MP ကင်မရာသာတပ်ဆင်ပေးထားပါတယ်။
XZ2 Premium မှာတပ်ဆင်ထားတဲ့ RAM နဲ့ ဘက်ထရီများဟာ XZ2 ထက် အဆင့်မြှင့်ထားပါတယ်။ RAM အပိုင်းမှာ 2GB ပိုများလာပြီး 6GB ဖြစ်လာပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Snapdragon 845 Chipset နဲ့အတူဆောဖ့်ဝဲပိုင်းမှာ Android 8.0 Oreo တို့ ထည့်သွင်းထားပါတယ်။ဘက်ထရီ အပိုင်းမှာတော့ 3180mAh အစား 3540mAh ကို သုံးထားပါတယ်။   စျေးနှုန်းကို မသိရသေးပေမယ့် ဒုတိယလေးလပတ်လောက်မှာ ဒေါ်လာ ၁၀၀၀ နီးပါးဖြင့် ရောင်းနိုင်ပါတယ်။
Leave a Reply