Samsung ရဲ့ AR Emoji ဟာ Apple ရဲ့ Animoji ကိုမယှဉ်နိုင်သေးတဲ့အချက်

0
2040

Samsung က Galaxy S9  မှာ Animated Emoji Character များ ပါမယ်လို့ ကြေညာခဲ့တဲ့ အချိန်မှာ Apple မကြာခင်က  iPhone X မှာ မိတ်ဆက်ခဲ့တဲ့ Animoji ကို တိုက်ရိုက် ယှဉ်ပြိုင်ထားတာကို သိခဲ့ကြပါတယ်။ လူတွေရဲ့ မျက်နှာ သွင်ပြင်ကို Emoji များနဲ့ ပေါင်းစပ်၍ သက်ဝင်လှုပ်ရှားတဲ့ အရုပ်များဖြစ်အောင် ဖန်တီးထားတဲ့ နည်းပညာ ဖြစ်ပါတယ်။

ဒါပေမယ့် Samsung Galaxy S9 ရဲ့ AR Emoji ကို လက်တွေ့ အသုံးပြုကြည့်တဲ့ အခါမှာတော့ စိတ်ပျက်စရာများ တွေ့ခဲ့ကြရပါတယ်။ Samsung ရဲ့ AR Emoji ဟာ Apple ရဲ့ Animojis လောက်  ဘာကြောင့် မကောင်းတာလဲ ?

အဖြေကတော့ အပိုင်း နှစ်ခု ရှိပါတယ်။ တစ်ခုက Galaxy S9 ရဲ့ စွမ်းရည်နိမ့်တဲ့ Selfie Camera နဲ့ နောက်တစ်ခုက AR Emoji ကို ဖန်တီးရတဲ့ အချိန် တိုတောင်းတဲ့အတွက် ဖြစ်ပါတယ်။

 

AR Emoji ဖြစ်တည်လာတဲ့ Hollywood

CNET ရဲ့ ဆောင်းပါးအရ Samsung ဟာ AR Emoji ကို ဖန်တီးဖို့အတွက် နှစ်နှစ် သက်တမ်းရှိတဲ့ Loom.ai အမည်ရ တည်ထောင်ခါစ ကုမ္ပဏီငယ်လေးရဲ့ နည်းပညာကို ရယူခဲ့ရပါတယ်။ အဲဒီ ကုမ္ပဏီဟာ Lucasfilm , DreamWorks, Disney တို့လို ဖောက်သည်များ ရရှိထားတဲ့ သမိုင်းမှတ်တမ်းကောင်း ရှိပါတယ်။ ကုမ္ပဏီရဲ့ CTO နဲ့ အင်ဂျင်နီယာ ဖြစ်သူဟာ နည်းပညာ ကဏ္ဍမှာ အော်စကာများတောင် ရရှိထားဖူးပါတယ်။

ဒီလို ဟောလီးဝုဒ်မှာ မှတ်တမ်းကောင်းများ ရရှိထားတဲ့အတွက် Samsung ဟာ Animoji အတွက် ပြိုင်ဖက်များကို လိုက်ရှာတဲ့အခါမှာ Loom.ai ဟာ ရွေးချယ်စရာ ဖြစ်လာပါတယ်။ ဒါပေမယ့် တကယ်ကတော့ AR Emoji ရဲ့ အလုပ်လုပ်ပုံဟာ နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင်များမှ Animation Character များနဲ့ ကွဲပြားပါတယ်။ အဆင့်နိမ့်တယ်လို့ ပြောနိုင်ပါတယ်။

ဟောလီးဝုဒ် ရုပ်ရှင်များမှာ Animated Character များကို ဒေါ်လာသန်းချီတန်တဲ့ ကိရိယာများဖြင့် ဖန်တီးကြပါတယ်။ ဒါ့အပြင် အထူးပြုလုပ်ထားတဲ့ မိတ်ကပ်များနဲ့ အ၀တ်အစားများကို အသုံးပြု၍ သဘာဝကျအောင် ဖန်တီးထားကြပါတယ်။ AR Emoji နဲ့ Animoji တို့ဟာ အဲဒီနည်းလမ်းများကို အပျော်တမ်း အဆင့်လောက်သာ သုံးထားကြပါတယ်။

Samsung AR Emoji နဲ့ Apple Animoji တို့ဟာလည်း  အရည်အသွေး အပိုင်းမှာ ကွာခြားချက်များ ရှိနေတာက Hardware ကြောင့်  ဖြစ်ပါတယ်။ iPhone X ရဲ့ အရှေ့ ကင်မရာများဟာ Galaxy S9 ထက် အဖက်ဖက်မှာ သာလွန်နေပါတယ်။

iPhone X ရဲ့ မျက်နှာ အာရုံခံ နည်းပညာများဟာ သင့် မျက်နှာရဲ့ 3D ကို ဖန်တီးနိုင်ပါတယ်။ အဲဒီအတွက် Animoji များဟာ သင့်မျက်နှာနဲ့ တကယ်ကို တူပါတယ်။

Galaxy S9 ရဲ့ ကင်မရာများကတော့ သင့် မျက်နှာရဲ့ 2D Image များကိုသာ ဖမ်းယူပေးနိုင်ပါတယ်။ အဲဒီအတွက် AR Emoji ဟာ သဘာဝ မကျပါဘူး။

AR Emoji ကို ဖန်တီးဖို့ အချိန်အနည်းငယ်သာ ယူရမှု

ဟောလီးဝုဒ် ရုပ်ရှင်များမှာ အခြေခံ မျက်နှာ သွင်ပြင်များကို ဖန်တီးဖို့အတွက် နာရီပေါင်းများစွာ ရိုက်ကူးကြရပါတယ်။ ဒါပေမယ့် AR Emoji ကိုတော့ စက္ကန့်ပိုင်းအတွင်းမှာ ဖန်တီးကြရပါတယ်။

ဆမ်ဆောင်းက AR Emoji ကို ဖန်တီးဖို့ မိနစ်အနည်းငယ်လောက် သင့်ကို ထိုင်မစောင့်စေချင်လို့ ဖြစ်ပါတယ်။ ဆမ်ဆောင်းကသာ ဒီနည်းစနစ်ကို တစ်မူကွဲပြားအောင် လုပ်ခဲ့မယ်ဆိုရင် AR Emoji များဟာ တကယ်ကို သဘာဝနေမှာပါ။ စက္ကန့်ပိုင်းထက် မိနစ်အနည်းငယ်လောက် အချိန်ယူရမှာပါ။ ဆမ်ဆောင်းက မိနစ် အနည်းငယ်စောင့်ပြီး ရလာတဲ့ ကောင်းမွန်တဲ့ AR Emoji ထက် စက္ကန့်ပိုင်းလောက်သာ စောင့်ပြီး ရလာတဲ့ AR Emoji ကို ရွေးချယ်ခဲ့တာပါ။

သက်ဝင်လှုပ်ရှားနေတဲ့ ဇာတ်ကောင်များမှာ သင့်ရဲ့ မျက်နှာ သွင်ပြင်များကို ထည့်သွင်းတဲ့ အိုင်ဒီယာဟာ ဆန်းသစ်ပါတယ်။ အနာဂတ်မှာ အခြား ပြိုင်ဖက်များရဲ့ မျက်နှာသွင်ပြင် ဖတ်ရှုတဲ့ နည်းပညာများနဲ့ AR Emoji , Anomoji တို့ဟာ လက်ရှိထက်တော့ ပိုကောင်းလာမှာပါ။

Leave a Reply