Dual ကင္မရာ၊ Full-View တပ္ဆင္ထားမယ့္ တန္ဖိုးနည္း Xiaomi Redmi S2

0
2666

Zawgyi Version

Xiaomi အေနနဲ႔ 18:9 Screen ပါၿပီး Dual ကင္မရာတပ္ဆင္ထားမယ့္ တန္ဖိုးနည္း ဖုန္း အသစ္တစ္လံုးကို ထုတ္လုပ္ဖို႔ ျပင္ဆင္ေနပါတယ္။ သူ႔ကိို Xiaomi Redmi S2 လို႔ အမည္ေပးထားၿပီး  သတင္းအခ်က္အလက္မ်ားကို @FunkyHuawei က ေဖာ္ထုတ္ထားပါတယ္။ Redmi S2 ကိုအရင္ဆံုး အိႏၵိယနဲ႔ တရုတ္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Redmi S2 မ်က္ႏွာျပင္ အရည္အေသြးမွာ 720x1440px ျဖစ္ၿပီး LCD Screen အမ်ိဳးအစား ျဖစ္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ အရြယ္အစားကိုေတာ့ မသိရေသးပါဘူး။ သူ႔ကို Redmi Note 5 မွာ သံုးထားတဲ့ Qualcomm Snapdragon 625 Chipset ေမာင္းႏွင္မွာ ျဖစ္ပါတယ္။ Xiaomi Redmi S2 မွာ Android 8.1 Oreo ထည့္သြင္းထားမွာပါ။ 16GB Internal Storage သာပါေပမယ့္ Storage ကို ျမွင့္တင္ဖို႔အတြက္ microSD Card Slot ပါပါတယ္။

Xiaomi Redmi S2 မွာ အေနာက္ကင္မရာ ႏွစ္လံုး တပ္ဆင္ထားၿပီး 12MP+5MP မ်ား ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 5MP Selfie ကင္မရာ တစ္လံုး ပါပါတယ္။ ေနာက္ေက်ာဘက္ကင္မရာဟာ Redmi Note 5 Pro နဲ႔ တူညီမယ္လို႔ ထင္ရပါတယ္။ ေနာက္ခံမႈန္၀ါးတဲ့ Portrait Mode နဲ႔ EIS မ်ား ပါပါတယ္။ အေရွ႕ဘက္ ကင္မရာမွာ Face Unlock စြမ္းရည္ပါပါတယ္။ Face Unlock ထည့္သြင္းေပးလိုက္တာေၾကာင့္ လက္ေဗြရာ ဆင္ဆာစနစ္ေတာ့ မပါႏုိင္ေလာက္ေတာ့ပါဘူး။ သူ႔မွာ 3080mAh Battery ထည့္ေပးထားပါတယ္။ ယခုလ ၂၅ ရက္ေန႔မွာ သူ႔ကို Mi 6X နဲ႔အတူ မိတ္ဆက္သြားမွာျဖစ္ပါတယ္။ Redmi S2 ကိုအရင္ဆံုး အိႏၵိယနဲ႔ တရုတ္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Unicode Version

Xiaomi အနေနဲ့ 18:9 Screen ပါပြီး Dual ကင်မရာတပ်ဆင်ထားမယ့် တန်ဖိုးနည်း ဖုန်း အသစ်တစ်လုံးကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ သူ့ကိို Xiaomi Redmi S2 လို့ အမည်ပေးထားပြီး  သတင်းအချက်အလက်များကို @FunkyHuawei က ဖော်ထုတ်ထားပါတယ်။ Redmi S2 ကိုအရင်ဆုံး အိန္ဒိယနဲ့ တရုတ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Redmi S2 မျက်နှာပြင် အရည်အသွေးမှာ 720x1440px ဖြစ်ပြီး LCD Screen အမျိုးအစား ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အရွယ်အစားကိုတော့ မသိရသေးပါဘူး။ သူ့ကို Redmi Note 5 မှာ သုံးထားတဲ့ Qualcomm Snapdragon 625 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ Xiaomi Redmi S2 မှာ Android 8.1 Oreo ထည့်သွင်းထားမှာပါ။ 16GB Internal Storage သာပါပေမယ့် Storage ကို မြှင့်တင်ဖို့အတွက် microSD Card Slot ပါပါတယ်။

Xiaomi Redmi S2 မှာ အနောက်ကင်မရာ နှစ်လုံး တပ်ဆင်ထားပြီး 12MP+5MP များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 5MP Selfie ကင်မရာ တစ်လုံး ပါပါတယ်။ နောက်ကျောဘက်ကင်မရာဟာ Redmi Note 5 Pro နဲ့ တူညီမယ်လို့ ထင်ရပါတယ်။ နောက်ခံမှုန်ဝါးတဲ့ Portrait Mode နဲ့ EIS များ ပါပါတယ်။ အရှေ့ဘက် ကင်မရာမှာ Face Unlock စွမ်းရည်ပါပါတယ်။ Face Unlock ထည့်သွင်းပေးလိုက်တာကြောင့် လက်ဗွေရာ ဆင်ဆာစနစ်တော့ မပါနိုင်လောက်တော့ပါဘူး။ သူ့မှာ 3080mAh Battery ထည့်ပေးထားပါတယ်။ ယခုလ ၂၅ ရက်နေ့မှာ သူ့ကို Mi 6X နဲ့အတူ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Redmi S2 ကိုအရင်ဆုံး အိန္ဒိယနဲ့ တရုတ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply