OnePlus 6 ဖြင့် ရိုက်ကူးထားတဲ့ ဓါတ်ပုံများကိုချပြပြီ

0
2381

OnePlus က နောက်ထွက်မယ့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းရဲ့ သတင်းအချက်အလက် အချို့ကို နေ့စဉ်နီးပါး အရိပ်အမြွက် ပြသနေတဲ့အတွက် OnePlus Fans များအတွက်တော့ ရင်ခုန်နေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဲဒီ ဖုန်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး ရေစိုခံတဲ့ဖုန်းဆိုတာ သိခဲ့ရပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Pete Lau က တရုတ် လူမှုကွန်ရက် ၀ီဘိုမှာ အဲဒီ ဖုန်းဖြင့် ရိုက်ကူးထားတဲ့ ပထမဆုံး ဓါတ်ပုံများကို ပြသလိုက်ပါတယ်။






ယခုဖော်ပြခဲ့တဲ့ ဓါတ်ပုံများမှာ OnePlus 6 ရဲ့ ကင်မရာ စွမ်းရည်များကို မြင်ရမှာ ဖြစ်ပါတယ်။ ဓါတ်ပုံများရဲ့ Metadata များက အဲဒီ ဖုန်းရဲ့ ပင်မ ကင်မရာဟာ 16MP ဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။ အဲဒီ ဓါတ်ပုံများကို Stanford မှာ ရိုက်ကူးထားတာ ဖြစ်ပြီး အလွန် အထင်ကြီးစရာ ကောင်းပါတယ်။

ကုမ္ပဏီရဲ့ Teasers များဟာ မကြာခဏ ထွက်ပေါ်လာနေတဲ့အတွက် လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အဲဒီ ဖုန်းကို မိတ်ဆက်တော့မယ်လို့ ထင်ရပါတယ်။ OnePlus 6 မှာ Qualcomm Snapdragon 845 Chipset, 8GB RAM , 256GB  Internal Storage များ ပါမှာ ဖြစ်ပါတယ်။

 

Leave a Reply