Nova 3e စမတ်ဖုန်းအကြောင်းသုံးသပ်ချက်
0
3367
Zawgyi Version
ထွက်ရှိခဲ့သောရက်
Spec နဲ့ feature များ
Display
ကင်မရာ
Software & apps
Huawei P20 Lite: Specs
  • 145 g
  • 71.2 x 7.5 x 148.6mm
  • Display 5.84”
  • LTPS TFT
  • Android 8.0 EMUI 8.0
  • 4 GB RAM
  • Front 16MP f2.0 + 2MP f2.4
  • Fingerprint scanner
  • Battery 3000 mAh
  • Single or Dual SIM
  • 4G/3G
  • WiFi 802.11
  • Bluetooth
  • NFC
  • USB-C
huawei p20 lite ကိုဝယ်သင့်သလား
Unicode
Nova 3e တစ်ဖြစ်လဲ P20 Lite ကတော့ Huawei ရဲ့ နောက်ဆုံးထွက် စွမ်းဆောင်ရည်သင့် စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းနဲ့ အချက်အလက်ခပ်မိုက်မိုက်တွေကြောင့် လူကြိုက်များနေတာဖြစ်ပါတယ်။
ဒီနှစ်နွေဦးလောက်မှာ Huawei က စမတ်ဖုန်းသုံးလုံးကို မိတ်ဆက်ခဲ့ပါတယ်။ ဈေးအသက်သာဆုံးကတော့ P20 Lite ဖြစ်ပါတယ်။ သူ့ရဲ့မျက်နှာပြင်ကိုယ်ထည်အချိုးကတော့ ၈၀% ဖြစ်ပြီး facial recognition feature ၊ ရိုးရှင်းတဲ့ဒီဇိုင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ notch လေးပါနေခြင်းကလည်း ဒီနေ့ခေတ်စမတ်ဖုန်းတစ်လုံးဆိုတာ ကိုယ်စားပြုနေသလိုပါပဲ။
ထွက်ရှိခဲ့သောရက်
Huawei P20 Lite ကတော့ မတ်လ၂၀၁၈ မှာ ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အတော်လေးယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်ဝင် စွမ်းဆောင်ရည်သင့်စမတ်ဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ Motorola Moto X4 ၊ HTC U11 Life ထက်တောင် ဈေးသက်သာနေတာကို တွေ့ရပါတယ်။
ဒီဇိုင်းနဲ့ တည်ဆောက်မှုပုံစံ
P20 Lite ကတော့ ခံစားလို့ကောင်းတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ပုံမှန်မဟုတ်ဘဲ ကျက်သရေရှိတဲ့ဒီဇိုင်းကို ထောင့်လုံး၊ notch အသေးလေးနဲ့ အလှဆင်ထားပါတယ်။ notch လေးထဲမှာတော့ အရှေ့ကင်မရာ၊ စပီကာ၊ light sensor တွေ ပါဝင်နေပါတယ်။ 71.2 x 7.4 x 148.6mm အရွယ်အစားရှိပြီးတော့ ကိုင်ရတာအဆင်ပြေပါတယ်။ သေးတယ်လို့တော့ မခံစားရပါဘူး။
အနောက်ပိုင်းကို ဖန်သားပြင်နဲ့ပြုလုပ်ထားလို့ လက်ဗွေရာလေးတွေကတော့ စွဲကျန်နေမှာပါ။ fingerprint scanner ၊ အနောက်ကင်မရာတွေကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။
အရောင်အားဖြင့် Midnight Black ၊ Klein Blue ၊ Sakura Pink နဲ့ Platinum Gold တို့ကို ဝယ်ယူနိုင်မှာပါ။ Pink နဲ့ Black မော်ဒယ်လ်ကို သုံးသပ်ကြည့်ရသလောက်တော့ ပရီမီယမ်ဆန်တဲ့သွင်ပြင်ရှိပါတယ်။
P20 Lite ကို ကိုင်လိုက်တဲ့အချိန်မှာ ခံစားမိလိုက်တာကတော့ ပေါ့ပါးခြင်းပါပဲ။ သူ့ရဲ့အလေးချိန်ဟာ ၁၄၅ဂရမ်သာ ရှိပါတယ်။
နောက်တစ်ခုကတော့ P20 Lite ကို သုံးနေတဲ့အချိန်မှာ စာရိုက်လိုက်တော့ တုန်ခါမှုလေးတွေကို ခံစားရဦးမှာပါ။ ဒါဟာ ဈေးသက်သာတဲ့ဖုန်းတွေမှာ ခံစားနိုင်တဲ့အရသာမျိုးပါ။ ကီးဘုတ်setting ထဲမှာ ဒီလိုခံစားမှုကို မကြိုက်သူတွေအတွက် ပိတ်ထားလို့တော့ရပါတယ်။
P20 Lite မှာ headphone jack ပါဝင်ပါတယ်။ အသိအမှတ်ပြုရမယ့်ကိစ္စပါ။ ဖုန်းရဲ့အောက်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲဒီနောက်ဘက်မှာတော့ USB-C port နဲ့ စပီကာရှိပါတယ်။ အသံကတော့ သိပ်မကောင်းပါဘူး။Huawei ကတော့ ရေစိုခံသလားမပြောထားတာမို့ သေချာပါတယ်။ ရေစိုမခံပါဘူး။
Spec နဲ့ feature များ
Display
P20 Lite မှာ ၅.၈၄လက်မ IPS LCD ၊ resolution ကတော့ 2280×1080 pixels ဖြစ်ပါတယ်။ အရောင်ကောင်းကောင်းတွေ၊ စွမ်းအင်ခြွေတာမှုတွေလည်း ကောင်းမွန်စွာလုပ်ဆောင်နိုင်ပါတယ်။
ဒါ့အပြင် ambient light sensor ပါဝင်တဲ့အတွက်ကြောင့် brightness ကို အလိုအလျောက်ချိန်ညှိနိုင်ပါတယ်။ နေရောင်အောက်မှာထွက်မယ်ဆိုရင်လည်း အေးဆေးပါပဲ။
Instagram သုံးချိန်၊ ဗွီဒီယိုတွေကြည့်ချိန်မှာ full screen မြင်ချင်လားဆိုပြီးတော့ pop up message လေးတက်လာမှာပါ။ စစချင်းမှာ အဆင်ပြေမယ်ထင်ရပေမယ့် နောက်ပိုင်းမှာ စိတ်ပျက်လာပါတယ်။ ဒါကြောင့် ပိတ်ချင်ရင်တော့ settings မှာ ပိတ်လို့ရပါတယ်။
Processor ၊ RAM နဲ့ storage
P20 Lite မှာ Kirin 659 processor အသုံးပြုထားပါတယ်။ အဲဒီ processor ကို Honor 9 Lite ၊ Huawei Nova 2 တို့မှာ တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ Qualcomm Snapdragon 625 နဲ့ သိပ်မခြားနားပါဘူး။
64GB storage ၊ 4GB RAM ကို တွေ့မြင်နိုင်မှာပါ။ မလုံလောက်သေးဘူးလို့ခံစားရရင်လည်း microSD card ကို 256GB အထိ စိုက်နိုင်ပါတယ်။
ကျွန်တော်တို့ စမ်းသပ်နေချိန်မှာ နှေးသွားတာမျိုး မရှိပါဘူး။ multitasking လုပ်တာတွေ၊ လေးပင်တဲ့ app တွေလုပ်တာမျိုးတွေလည်း အဆင်ပြေပါတယ်။
အဲဒီဖုန်းဟာ သုံးစွဲသူအများစုနဲ့ ဂိမ်းဆော့သူတွေအတွက်တောင်မှ အဆင်ပြေနိုင်ပါတယ်။ ဂိမ်းအဆော့များမယ်ဆိုုရင်တော့ Kirin 970 processor အသုံးပြုထားတဲ့ Huawei P20 ကို သုံးသင့်ပါတယ်။
ကင်မရာ
Huawei P20 Lite ကတော့ အနောက်ဘက်မှာ ကင်မရာနှစ်လုံးဖြစ်တဲ့ 16Mp sensor (aperture of f/2.2) နဲ့ 2MP (aperture of f/2.4) တို့ကို တပ်ဆင်ထားပါတယ်။ portrait mode အတွက်သာ အသုံးဝင်ပေမယ့်လည်း ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။
နေ့အချိန်မှာ ရိုက်ချက်ကောင်းကောင်းတွေရနိုင်ပါတယ်။ detail တွေကိုတော့ သိပ်မြင်ရမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကောင်းတယ်လို့တော့ဆိုရမှာပါ။
မှောင်ရင်တော့ ကင်မရာက details တွေ၊ ကာလာပိုင်းတွေမှာ ရုန်းကန်နေရပါတယ်။
အရှေ့ကင်မရာကတော့ 16Mp sensor ဖြစ်ပြီး ဆယ်လ်ဖီကောင်းကောင်းတွေ ရိုက်ကူးနိုင်ပါတယ်။ နောက်ခံတွေက overexpose ဖြစ်နေပါတယ်။ ဒါပေမယ့် ဆယ်လ်ဖီရိုက်တယ်ဆိုမှတော့ နောက်ခံကို ဂရုစိုက်ကြမှာတဲ့လား။
အရှေ့ကင်မရာကို face unlock feature အတွက် အသုံးပြုထထားပါတယ်။ အခုအချိန်ထိတော့ ဒီနည်းပညာက ပရီမီယမ်စမတ်ဖုန်းမှာသာ ရနိုင်ပါတယ်။ ဒီတော့ ပျော်ပြီလေ။ အသုံးပြုရတာကလည်း အရမ်းလွယ်ကူပါတယ်။
Software & apps
Huawei ဖုန်းတွေမှာ pure Android မဟုတ်တာသိလောက်ပြီး ဖြစ်မှာပါ။ EMUI ကိုအသုံးပြုထားပါတယ်။ Android 8.0 အပေါ်မှာ အခြေခံထားတဲ့ EMUI 8.0 skin ကို အသုံးပြုထားတာကို တွေ့မြင်ရမှာပါ။ stock Android သုံးနေကျဆိုရင်တော့ အဆင်ပြေမှာပါ။ စိတ်ကြိုက်ချိန်လို့ရတဲ့ settings တွေလည်းရှိနေပါတယ်။ အချိန်ယူပြီး ကစားကြည့်ပါ။ အချိန်ပေးထိုက်တဲ့အရာလေးတွေဖြစ်ပါတယ်။ EMUI ကတော့ သုံးဖူးသမျှထဲမှာ ပိုကောင်းလာတယ်လို့ ပြောနိုင်ပါတယ်။
ကြိုသွင်းပေးထားတဲ့ app အများစုကတော့ ဖျက်လို့မရပါဘူး။ ဒါပေမယ့်လည်း မသုံးချင်ရင် ဖိုဒါဆောက်ပြီးတော့ ဝှက်ထားလို့ရပါတယ်။
Huawei P20 Lite: Specs
• 145 g
• 71.2 x 7.5 x 148.6mm
• Display 5.84”
• Resolution 2280x1080px
• LTPS TFT
• Processor Huawei Kirin 659 – 4×2.36GHz (cortex A53), 4×1.7Ghz (Cortes A53)
• Android 8.0 EMUI 8.0
• 4 GB RAM
• MicroSDTM card up to 256GB
• Rear camera 16MP f2.2 + 2MP f2.4
• Front 16MP f2.0 + 2MP f2.4
• Fingerprint scanner
• Battery 3000 mAh
• Single or Dual SIM
• 4G/3G
• WiFi 802.11
• Bluetooth
• NFC
• USB-C
Huawei P20 Lite ကတော့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ပေါ့ပါးပြီး ကျက်သရေရှိတဲ့ဒီဇိုင်းလေးကို ကျွန်တော်ကတော့ သဘောကျမိပါတယ်။ ဈေးကြီးတဲ့ အခြား P20 တွေလိုပဲ ပရီမီယမ်သွင်ပြင်ကို ခံစားနိုင်မှာပါ။ facial recognition feature ကတော့ ဖုန်းကိုဝယ်သင့်တဲ့အကြောင်းတစ်ခု ဖြစ်ပါတယ်။
Nova 3e စမတ်ဖုန်းကို ကျွန်တော်တို့ Myanmar Mobile App Store (MMAS) မှာလည်းဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
Myanmar Mobile App Store (MMAS) တွင် မိုဘိုင်းဖုန်းအမျိုးမျိုး ၊ ဖုန်း Accessories အမျိုးမျိုး ၊ ဖုန်းပြုပြင်ရေးလုပ်ငန်းသုံးစက်ကရိယာများနှင့် ဖုန်းပြုပြင်အစိတ်အပိုင်းမျိုးစုံကိုလက်လီလက်ကားရောင်းချပေးလျက်ရှိပါသည်။ တခြားမြို့အသီးသီးမှ မှာယူမှုများအတွက် ကားဂိတ်မှတဆင့် ပို့ဆောင်ပေးနေပါပြီ။
MMAS Mobile Phone, Spareparts & Gadgets
၈၄ လမ်း ၊ ၃၃x၃၄ လမ်းကြား ၊ မန္တလေးမြို့
09794555888 , 09974555888
Leave a Reply