macOS နဲ႕ iOS ေပါင္းစပ္မႈကို သံုးစြဲသူေတြ မလိုလားဟု တင္ကြတ္ခ္ေျပာၾကား

0
2039

Zawgyi Version

ဒီေနာက္ပိုင္းမွာ platform ၾကီးတခ်ိဳ႕က unification လို႕ေခၚတဲ့ေပါင္းစပ္မႈလမ္းေၾကာင္းကို လုိက္ေနၾကျပီ။ Microsoft ကလည္း Windows 10 ကို ေပါင္းဖို႕လုပ္ေနတယ္။  Google ကလည္း Chrome OS ကို Android မွာသာမက အျခား OS ေတြမွာေပါင္းဖုိ႕လုပ္ေဆာင္္ေနတယ္။ Fuchsia OS လည္း ၾကံရြယ္ေနတယ္လို႕ သိထားတယ္။ ဒါေပမယ့္္ Apple ရဲ႕ macOS နဲ႕ iOS ကေတာ့ အမွီခိုကင္းကင္းရွိေနတုန္းပါပဲ။ ဒီအေၾကာင္းနဲ႕ပတ္သတ္ျပီး CEO Tim Cook ကို ေမးၾကည့္ေတာ့ ဒါဟာ သံုးစြဲသူေတြလို္ခ်င္တဲ့အရာမဟုတ္လို႕ပါတဲ့။

ေမးတဲ့သူအေပၚမွာလည္း မူတည္ႏုိင္ေနေသးတာပဲမလား။ ေကာလဟာလေတြထြက္ေနတုန္းက Apple က ေပါင္းမယ္လို႕ေျပာခဲ့တာမဟုတ္လား။ ခြဲျခားထားတာကို ၾကိဳက္တဲ့သူဘယ္ေလာက္ရွိေနလို႕မ်ား ဒီလိုတြန္႕ဆုတ္ေနရတာမ်ားလဲ။

Cook ရဲ႕ ေျပာပံုအရ Macs နဲ႕ iPads ေတြအကုန္လံုးက ေကာင္းမြန္စြာ လုပ္ေဆာင္လ်က္ရွိပါတယ္။ ဒါေမယ့္ သူတို႕ႏွစ္ခုကိုေပါင္းစပ္လိုက္ျခင္းက ေကာင္းမြန္တဲ့အရာေတြခ်ည္း ျဖစ္လာႏုိင္မွာမဟုတ္ဘူး။ တခါတရံမွာ အဆိုးဆံုးေတြ ေတြ႕လာႏုိင္ပါတယ္။

Microsoft က Windows 10 ကို လုပ္ေဆာင္ေနမႈနဲ႕ပတ္သတ္ျပီး ေမးျမန္းတဲ့အခါမွာေတာ့ တစ္ခုနဲ႕တစ္ခုေပါင္းလိုက္လို႕ ခံစားမႈအေတြ႕အၾကံဳေတြ ပိုေကာင္းသြားမယ္ဆိုတာမ်ိဳးကို Apple က ယံုၾကည္လက္ခံထားျခင္း မရွိပါဘူး။ တကယ္လို႕ Windows 10 နဲ႕ Windows 10 Mobile ကသာ တခုခုျပသႏုိင္ခဲ့မယ္ဆိုရင္ေတာ့ တမ်ိဳးေပါ့။

တခ်ိဳ႕ကေတာ့ macOS နဲ႕ iOS ေပါင္းစပ္မႈလုပ္ေစခ်င္ေနေပမယ့္လည္း အျပည့္အ၀ေပါင္းစပ္ဖို႕ဆိုတာကေတာ့ မျဖစ္ႏုိင္ပါဘူး။ touch နဲ႕ Pencil capabilities ေတြကို Mac မွာရႏဳိင္တာမ်ိဳး လိုခ်င္သူေတြလည္း ရွိေနပါတယ္။ တခ်ိဳ႕ကေတာ့ သူတို႕ရဲ႕ကိုင္ရလြယ္တဲ့ iPads ေပၚမွာ macOS software ကို သံုးခ်င္ေနၾကတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေပါင္းစပ္မႈကေတာ့ ျဖစ္လာႏုိင္မွာ မဟုတ္ေသးပါဘူး။

Unicode Version

ဒီနောက်ပိုင်းမှာ platform ကြီးတချို့က unification လို့ခေါ်တဲ့ပေါင်းစပ်မှုလမ်းကြောင်းကို လိုက်နေကြပြီ။ Microsoft ကလည်း Windows 10 ကို ပေါင်းဖို့လုပ်နေတယ်။ Google ကလည်း Chrome OS ကို Android မှာသာမက အခြား OS တွေမှာပေါင်းဖို့လုပ်ဆောင်နေတယ်။ Fuchsia OS လည်း ကြံရွယ်နေတယ်လို့ သိထားတယ်။ ဒါပေမယ့် Apple ရဲ့ macOS နဲ့ iOS ကတော့ အမှီခိုကင်းကင်းရှိနေတုန်းပါပဲ။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး CEO Tim Cook ကို မေးကြည့်တော့ ဒါဟာ သုံးစွဲသူတွေလိုချင်တဲ့အရာမဟုတ်လို့ပါတဲ့။
မေးတဲ့သူအပေါ်မှာလည်း မူတည်နိုင်နေသေးတာပဲမလား။ ကောလဟာလတွေထွက်နေတုန်းက Apple က ပေါင်းမယ်လို့ပြောခဲ့တာမဟုတ်လား။ ခွဲခြားထားတာကို ကြိုက်တဲ့သူဘယ်လောက်ရှိနေလို့များ ဒီလိုတွန့်ဆုတ်နေရတာများလဲ။
Cook ရဲ့ ပြောပုံအရ Macs နဲ့ iPads တွေအကုန်လုံးက ကောင်းမွန်စွာ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါမေယ့် သူတို့နှစ်ခုကိုပေါင်းစပ်လိုက်ခြင်းက ကောင်းမွန်တဲ့အရာတွေချည်း ဖြစ်လာနိုင်မှာမဟုတ်ဘူး။ တခါတရံမှာ အဆိုးဆုံးတွေ တွေ့လာနိုင်ပါတယ်။
Microsoft က Windows 10 ကို လုပ်ဆောင်နေမှုနဲ့ပတ်သတ်ပြီး မေးမြန်းတဲ့အခါမှာတော့ တစ်ခုနဲ့တစ်ခုပေါင်းလိုက်လို့ ခံစားမှုအတွေ့အကြုံတွေ ပိုကောင်းသွားမယ်ဆိုတာမျိုးကို Apple က ယုံကြည်လက်ခံထားခြင်း မရှိပါဘူး။ တကယ်လို့ Windows 10 နဲ့ Windows 10 Mobile ကသာ တခုခုပြသနိုင်ခဲ့မယ်ဆိုရင်တော့ တမျိုးပေါ့။
တချို့ကတော့ macOS နဲ့ iOS ပေါင်းစပ်မှုလုပ်စေချင်နေပေမယ့်လည်း အပြည့်အဝပေါင်းစပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ touch နဲ့ Pencil capabilities တွေကို Mac မှာရနိုင်တာမျိုး လိုချင်သူတွေလည်း ရှိနေပါတယ်။ တချို့ကတော့ သူတို့ရဲ့ကိုင်ရလွယ်တဲ့ iPads ပေါ်မှာ macOS software ကို သုံးချင်နေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေါင်းစပ်မှုကတော့ ဖြစ်လာနိုင်မှာ မဟုတ်သေးပါဘူး။

Leave a Reply