iPhone မော်ဒယ်အသစ်တစ်ခုကို ဇွန်လမှာ မိတ်ဆက်ဖွယ်ရှိ

0
1964

Eurasian Economic Commission (EEC) မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များအရ ခန့်မှန်းထားတာထက် စောစီးစွာ iPhone   အသစ်များကို မြင်ရတော့မှာ ဖြစ်ပါတယ်။ ပြင်သစ် ၀က်ဆိုက်တစ်ခုဖြစ်တဲ့ Consomac က A1920, A1921, A1984, A2097, A2098, A2099, A2101, A2103, A2104, A2105,  A2106 စတဲ့ မော်ဒယ် နံပါတ်များကို မှတ်ပုံတင်ထားတာကို အရင်ဆုံး တွေ့ရှိခဲ့ကြပါတယ်။ အဲဒီမော်ဒယ်များဟာ အရင်ကတော့ စာရင်းဇယားများထဲမှာ မတွေ့မိခဲ့ကြပါဘူး။

Apple က စက်တင်ဘာလမှာ ပွဲတစ်ခု ကျင်းပ၍ ပုံမှန်အတိုင်းပဲ ဖုန်းအသစ်များကို မိတ်ဆက်မယ်လို့ ထင်ထားကြပါတယ်။ ဒီနှစ်မှာဖုန်း အသစ်သုံးလုံးကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဖုန်းတွေကတော့ OLED Model နှစ်လုံးနဲ့ တန်ဖိုးနည်း LCD Model တစ်လုံး  ဖြစ်ပါတယ်။ KGI Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က ဇန်န၀ါရီလမှာ iPhone X Plus လို့ ခေါ် မယ်ထင်တဲ့ ၆.၅  လက်မ မော်ဒယ်ကို ဒီနှစ်မှာ ရောင်းချမယ်လို့ သတင်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီ ဖုန်းရဲ့ မျက်နှာပြင်ဟာ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ တကယ်ဖြစ်မလားဆိုတာကတော့ မသေချာပါဘူး။

အိုင်ဖုန်း အသစ်များကို မြင်ရဖို့ စက်တင်ဘာလအထိ စောင့်ဆိုင်းရမှာပါ။ မေးစရာ ရှိတာက Apple ဟာ iPhone SE အသစ်ကို မိတ်ဆက် မလား ဆိုတာပဲ ဖြစ်ပါတယ်။ Kuo ကတော့ အဲဒီ  ဖုန်းအသစ်ဟာ ထွက်လာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါပေမယ့် ထွက်လာခဲ့ရင်လည်း Specs  များကို အသေးစားသာ မြှင့်တင်ထားမှာပါ။ EEC က Apple ရဲ့ ထုတ်ကုန် အသစ်များကိုတော့ ခွင့်ပြုထားပြီးပေမယ့် သူတို့ရဲ့ သတင်းအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

MacRumors က ဖေဖော်ဝါရီလမှာ Apple iPad အသစ်ကို မှတ်ပုံတင်ထားတယ်လို့ ပြောခဲ့ပါတယ်။ နောက်တစ်လအကြာ မတ်လမှာ သူ့ကို ကြေညာခဲ့ပါတယ်။ Database ရဲ့ အချိန်ဇယားအရ အိုင်ဖုန်း အသစ်များကို ဇွန်လမှာ ကျင်းပမယ့် WWDC မှာ ကြေညာနိုင်ပါတယ်။ ဒါဟာ Apple အတွက်တော့ အိုင်ဖုန်း အသစ်များ မိတ်ဆက်တဲ့ ပုံမှန် အချိန် မဟုတ်ပါဘူး။

Leave a Reply