Huawei P20 + P20 Pro review (Unicode Version)

0
2265

Huawei ရဲ့ နောက်ဆုံး flagship တွေကတော့ အကောင်းဆုံး Android ဖုန်းတွေဖြစ်ပါတယ်။

စမတ်ဖုန်းတွေဆိုတာ တောက်ပ၊ ဈေးကြီးတဲ့ အသုံးအဆောင်ပစ္စည်းတွေဖြစ်ပါတယ်။ ပြီးတော့ ဘာတွေကများအာရုံစိုက်မှုကို ရစေနိုင်သလဲဆိုတာ သတ်မှတ်ဖို့လည်း ခက်ခဲသွားပါပြီ။ ငွေကြေးကလည်း စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပါတယ်။ ဒါပေမယ့် Huawei P20 နဲ့ P20 Pro တို့ကတော့ တန်ဖိုးကို ရိုးရိုးလေး ပေးထားပါတယ်။ ခံ့ညားပြီး တင့်တယ်တဲ့ဖန်သားပြင်တည်ဆောက်မှုနဲ့ ကင်မရာတွေပဲဖြစ်ပါတယ်။

ဒီဖုန်းကို Android ဖန်တွေတမ်းတမ်းစွဲဖြစ်နေရခြင်းက ကင်မရာနဲ့ ဒီဇိုင်းကိုဖယ်ထားလိုက်မယ်ဆိုရင် သူ့ရဲ့ software ကြောင့်ပါ။ EMUI က အလွန်ကြီးကောင်းမွန်အောင်လုပ်ဆောင်ထားတာမျိုးမဟုတ်ပေမယ့်လည်း တည်ငြိမ်လာတယ်လို့ပြောရမယ်။ ဒါကြောင့် ဒီဖုန်းကိုဆွဲဆောင်နိုင်တဲ့၊ ဝယ်သင့်တဲ့အချက်ကြီးတစ်ခုဖြစ်ပါတယ်။

ကျွန်တော်တို့ review လုပ်သွားမယ့်ဖုန်းကတော့ နှစ်ကဒ်ထိုးဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေမှာတော့ တစ်ကဒ်ထိုးရောင်းတာများလို့ပါ။

ပထမဆုံးအနေနဲ့ Hardware ကို ပြောလိုက်ရအောင်

မျက်နှာပြင်ပိုင်းမှာ P20 က ၅.၈လက်မဖြစ်ပြီး Pro ကတော့ ၆.၁ လက်မဖြစ်ပါတယ်။ aspect ratio ကတော့ 18.7:9 ဆိုတော့ ဆန်းတော့ဆန်းသား။ အပေါ်ပိုင်းမှာက ထင်းနေတဲ့ iPhone X-style notch လေးရှိနေပါတယ်။ iPhone ထက်သေးငယ်တာကိုလည်း သတိပြုမိကြမှာပါ။ iPhone ကတော့ earpiece ၊ အရှေ့ကင်မရာနဲ့ sensor အတော်များများကို ထည့်ထားရတယ်လေ။ notch ကြီးကရှုပ်တယ်လို့မြင်နေရင်တော့ software ထဲမှာဖျောက်ထားလို့ရပါတယ်။ ဒါဆိုရင်တော့ နောက်ခံအနက်နဲ့ status bar icon လေးတွေကို မြင်ရမှာဖြစ်ပါတယ်။

Notch လေးဟာ Instagram တို့လို app အတော်များများနဲ့အဆင်ပြေအောင် လုပ်ဆောင်ပေးထားပါတယ်။ bug လေးတွေရှိနေပေမယ့်လည်း သုံးရတာအဆင်ပြေပါတယ်။ ကောင်းခြင်း၊ ဆိုးခြင်းထက် မျက်နှာပြင်ပိုကျယ်သွားတာလေးကိုပဲ ခံစားဖြစ်ခဲ့ပါတယ်။

P20 ရဲ့ အရှေ့ပိုင်းက 2018 flagship တွေမှာပါရမယ့်အရာတွေပဲဆိုရင်တော့ အနောက်ပိုင်းက တမူထူးခြားမှုကို ပေးစွမ်းနိုင်ပါတယ်။ P20 ဟာ အတော်လေးကို တောက်ပပြောင်လက်ပါတယ်။

P20 Pro မှာတော့ သတ္ထုဘောင်ထဲကို ရှင်းရှင်းလေးကွေးဝင်နေတဲ့ မှန်သားပြင်ရှိပါတယ်။ အပြာနဲ့ အနက်ဆိုပြီးတော့ ရွေးချယ်နိုင်ပါတယ်။ ကျွန်တော်အသုံးပြုခဲ့တာကတော့ “twilight” ရောင်ပြေးလေးပါ။ ကျွန်တော်ထင်ပါတယ်။ အတော်များများကိုင်ချင်မယ့်အရောင်လေးပေါ့။ fingerprint ရောပါ တောက်ပနေတာကို တွေ့မြင်ရမှာပါ။ ခရမ်းရောင်နဲ့စတင်ထားပြီးတော့ အပြာအဖြစ်ကို ကူးသွားတယ်။ အဆုံးသတ်မှာကတော့ အပြာစိမ်းလေးနဲ့ အနားသတ်ထားတာဖြစ်ပါတယ်။ အရောင်တွေပြောင်းတဲ့အချိန်မှာ သိသာထင်ရှားနေပါတယ်။ ဒီလိုဒီဇိုင်းက အရင် Huaweiရဲ့ဒီဇိုင်းတွေနဲ့ မတူထူးခြားနေပါတယ်။ Huawei ရဲ့ စမတ်ဖြစ်ရုံ၊ ကောင်းမွန်စွာတည်ဆောက်ရုံမက တကယ်လှပတဲ့ ပထမဆုံးသော စမတ်ဖုန်းတစ်လုံးဖြစ်လာပါတယ်။

standard P20 ကိုတော့ “pink gold” လေးကိုင်ခဲ့ပါတယ်။ ရောင်ပြေးလေးဖြစ်ပေမယ့်လည်း P20 Pro လောက်တော့ ထင်းမနေပါဘူး။ ဒါပေမယ့် အတော်လေးကြည့်ရတာမိုက်နေပါတယ်။ regular P20 မှာတော့ အနောက်ဘက်မှန်သားပြင်မရှိပါဘူး။ ပလတ်စတစ်နဲ့ဆက်ထားတာကို သိသိသာသာမြင်နေရပါတယ်။ Pro လောက်ပရီမီယမ်မဆန်တော့တာပေါ့။ ကိုင်ရတဲ့ခံစားမှုကတော့ အတူတူလောက်ပါပဲ။

အနောက်ဘက်မှာကတော့ ကင်မရာဘုကြီးတွေရှိပါတယ်။ အိတ်ကပ်ထဲကထုတ်လိုက်ချိန်မှာ ဖုန်တွေအဝင်နိုင်ဆုံးလို့ ခံစားမိရတာကတော့ တော်တော်ဆိုးပါတယ်။

အတွင်းပိုင်းမှာ ခြားနားချက်လေးတွေတော့ရှိပါတယ်။ နှစ်ခုစလုံးမှာ Huawei ရဲ့ high-end Kirin 970 processor ကို အသုံးပြုထားပါတယ်။ ပြီးတော့ Full HD+ display ပါဝင်မှာပါ။ standard P20 မှာတော့ LCD panel ကို အသုံးပြုထားပြီး Pro မှာတော့ OLED ကိုအသုံးပြုထားလို့ နေ့အလင်းအောက်မှာကြည့်တဲ့အရသာကတော့ ကွဲသွားနိုင်ပါတယ်။ Galaxy S9 ရဲ့ SuperAMOLED လောက်တော့မကောင်းပေမယ့်လည်း စမတ်ဖုန်း display ပိုင်းမှာ ကောင်းမွန်နေဆဲလို့ဆိုရမှာပါ။

P20 Proမှာတော့ RAM 6GB ၊ IP67 ပါဝင်ပြီး standard P20 မှာတော့ IP53 ပဲဆိုတော့ ရေစင်ခံပဲရမှာပါ။ ဒါကြောင့်လည်း ဈေးကကွာနေတာပေါ့။ ကင်မရာကလည်း နှစ်လုံးနဲ့ သုံးလုံးကွာနေသေးတာကိုး။

P20 မော်ဒယ်တွေမှာ နားကြပ်ပေါက်မပါဝင်တော့ပါဘူး။ type-C dongle  လေးပါဝင်တယ်ဆိုတော့ ကြိုးနားကြပ်တွေအတွက် အဆင်ပြေနိုင်မှာပါ။ Type-C buds တွေရှိနေမယ်ဆိုရင်တော့ မိုက်ပြီပေါ့။ ကျွန်တော့အတွက်ကတော့ အဆင်မပြေခဲ့ပါဘူး။

built-in စပီကာကလည်း အရမ်းမိုက်ပါတယ်။ Dolby-tuned audio ကို ဖုန်းနှစ်လုံးမှာ တွေ့မြင်နိုင်မှာပါ။ Pro ကတော့ Galaxy S9 ရဲ့ dual-speaker combo လောက်နီးနီးကောင်းမွန်ပါတယ်။ iPhone X ရဲ့ Face ID နည်းပညာကို ပုံစံတစ်မျိုးနဲ့ ပြသထားပါတယ်။ 24-megapixel အရှေ့ကင်မရာကိုအသုံးပြုထားတဲ့ face unlock ဖြစ်ပါတယ်။ မြန်ဆန်ပြီးတော့ စိတ်ချရပါတယ်။ ဓါတ်ပုံနဲ့လှည့်စားလို့မရခဲ့သလို အလင်းအားနည်းချိန်မှာလည်း မြန်ဆန်သွက်လက်တာကို တွေ့ရပါတယ်။

နောက်ထပ် unlock နည်းလမ်းတစ်ခုကတော့ fingerprint scanner ဖြစ်ပါတယ်။ အမှားအယွင်းမရှိ လုပ်ဆောင်နိုင်ပါတယ်။ မျက်နှာပြင်ပိုကျယ်သွားစေချင်တယ်ဆိုရင်တော့ standard Android software key တွေကို gesture နဲ့ ဖျောက်လို့ရပါတယ်။ back အတွက် တစ်ချက်ထောက်၊ home အတွက် ကြာကြာဖိ၊ recent app အတွက် ပွတ်ဆွဲလိုက်ပါ။ ကျွန်တော်ကတော့ နေသားကျနေလို့ ဒါတွေမမှတ်တော့ဘူး။

ဆော့ဖ်ဝဲလ်ပိုင်းကို လေ့လာကြမယ်

Bug တွေပြင်ဆင်ထားသလို UI တွေလည်းကောင်းမွန်လာပါတယ်။ lock screen မှာ နိုတီတွေကို ချဲ့နိုင်လာပါပြီ။ Mate 10 Pro နဲ့ယှဉ်လိုက်ချိန်မှာ ၆၀% responsive ပိုဖြစ်၊ ၅၀% ချောမွေ့လာပါတယ်။ Android 8.1 ပေါ်မှာ EMUI အသစ်ကိုတည်ဆောက်ထားပြီးတော့ bug တွေပြင်ဆင်ထားတော့ သုံးရတာအဆင်ပြေပါတယ်။ Netflix picture-in-picture ကို အသုံးပြုနိုင်ခြင်းကလည်း ဆွဲဆောင်မှုတစ်ခုဖြစ်မယ်ထင်ပါတယ်။ Android 8.1 ကြောင့် Android’s neural networking API တွေကို အသုံးပြုပြီး AI app တွေကို အသုံးပြုနိုင်ပါတယ်။

Huawei ရဲ့ ကိုယ်ပိုင် app storeမှာ NPU-enabled demo version ဖြစ်တဲ့ Prisma ကို တင်ထားပါတယ်။ ဒီapp အကြောင်းကိုတော့ ပြောစရာလိုမယ်မထင်ပါဘူး။ EMUI ဟာ အတော်လေးကို customizeလုပ်ထားပါတယ်။

ကင်မရာပိုင်းကရော မိုက်မလား

ကင်မရာကတော့ P20 နဲ့ P20 Pro တို့မှာ အသစ်အဆန်းအဖြစ်နဲ့ ထွက်ပေါ်လာတာပါ။ standard P20 ကတော့ Mate 10 ရဲ့ ကင်မရာနှစ်လုံးကိုအဆင့်မြှင့်ထားပေးပါတယ်။ 20-megapixel monochrome sensor ၊ f/1.6 lens တို့ပါဝင်ပြီးတော့ detail ပိုဆန်အောင်၊ 2X hybrid zoom တွေရနိုင်အောင် ပြင်ဆင်ထားပေးပါတယ်။

P20 ရဲ့ အနောက်ကင်မရာကတော့ 12-megapixel ဓါတ်ပုံတွေကို ample dynamic range နဲ့ ထုတ်လုပ်ပေးနိုင်သလို အလင်းအားနည်းချိန်မှာတောင် color detail တွေ ရှင်းနေပါတယ်။ OIS မပါခြင်းကြောင့် အမှောင်နည်းချိန်တွေမှာ ပျော့ပျောင်းအောင်လုပ်ဆောင်ပေးပါတယ်။ Huawei ရဲ့ AI stabilization စနစ်ကို Neural Processing Unit chip နဲ့ တွဲဖက်လုပ်ဆောင်ထားပြီးတော့ Google Pixel 2 လောက်နီးနီးကောင်းမွန်လာပါတယ်။

ကင်မရာမှာ feature တွေစုံလင်ပါတယ်။ အချို့ကမြင်ဖူးနေကျ depth-sensing aperture နဲ့ portrait mode လိုမျိုးတွေလည်း ပါဝင်ပါတယ်။ night photography mode ကတော့ အသစ်အဆန်းတစ်ခုပါပဲ။

P20 ကင်မရာကတော့ သိပ်မပြောရပါဘူး။ Mate 10 ထက် နည်းနည်းလေးသာမယ်လို့ပြောလိုက်ရင် ပြည့်စုံပါပြီ။ 40-megapixel main sensor ( 1/1.7 inches) ကိုသူ့ရဲ့ကိုယ်ပိုင် 20-megapixel black-and-white ကင်မရာ ၊ 8-megapixel ၊ optically stabilized 3X telephoto ကင်မရာတို့ကိုပေါင်းစပ်ထားတဲ့ Pro အကြောင်းဆက်ပြောရအောင်။

main camera ဟာ f/1.8 lens နောက်မှာတည်ရှိပြီးတော့ 10-megapixel ပုံရိပ်တွေကို default ရိုက်ကူးပေးပါတယ်။ 40-megapixel sensor ပေါ်မှာရှိတဲ့ AI magic လေးက P20 Pro ကို အလင်းအားနည်းရိုက်ချက်တွေရိုက်ကူးတဲ့နေရာမှာ Pixel 2 လောက်နီးနီးရှိအောင် ကူညီပေးနိုင်ပါတယ်။

f/1.6 lens နောက်မှာရှိတဲ့ monochrome sensor ကတော့ detail ကောင်းကောင်းရအောင်လုပ်နိုင်ပါတယ်။ 3X telephoto ကင်မရာနဲ့ပေါင်းစပ်လိုက်တော့ 5X hybrid zoom အထိ ရသွားပါတယ်။ ကင်မရာအကြောင်းကိုတော့ ပို့စ်တစ်ခုတင်ထားပြီးသားဖြစ်တာမို့ အသေးစိတ်ကို အဲဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

Artificial Intelligence ကတော့ P20 ရဲ့အလင်းအားနည်းရိုက်ချက်တွေကို ကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ scene အတော်များများကို အလိုလိုသိရှိနိုင်ပြီးတော့ ဘယ်လိုဖရိန်ချမလဲဆိုတာမျိုးကို စဉ်းစားနိုင်အောင်လုပ်ဆောင်ပေးပါတယ်။ ဒါပေမယ့် ပြောထားသလောက်တော့ ကျွန်တော့အတွက် မကောင်းပါဘူး။

video mode မှာတော့ Samsung ၊ Google လောက် မကောင်းပါဘူး

AI Master feature ကတော့ greenery နဲ့ blue sky mode ကိုပေါင်းစပ်ထားတာပါ။ ရိုက်ချက်အတော်များများမှာတော့ မကောင်းသွားဘဲ ပိုဆိုးလာစေပါတယ်။ မကြိုက်လည်း မသုံးလို့မရပါဘူး။ default ဖြစ်နေပါတယ်။ AI ကိုပိတ်ထားပေမယ့်လည်း outdoor ရိုက်ချက်တွေက ပြတ်သားလွန်းနေပြီးတော့ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ မကြာခဏဖြစ်နေတယ်လို့မပြောချင်ပေမယ့် ဖြစ်တော့ဖြစ်ပါတယ်။ Galaxy S9 ရိုက်ချက်ကတော့ ပိုကောင်းတယ်လို့ မြင်မိပါတယ်။

အရှေ့ကင်မရာကတော့ 24-megapixel ၊ f/2 lens ကိုအသုံးပြုထားပါတယ်။ မကောင်းဘူးလို့ ပြောလို့မရပါဘူး။ iPhone ရဲ့ studio lighting feature တွေကိုတုပထားတာမျိုးတော့ မကြိုက်ပါဘူး။ လုံးဝကိုမကြိုက်မိပါဘူး။

P20မှာ 4K resolution ကို 30 frames per second နဲ့ရိုက်ကူးနိုင်ပါတယ်။ Galaxy S9 မှာကတော့ 4k60 ဖြစ်တာမို့ နည်းနေပါတယ်။ iPhone X နဲ့ အခြားဖုန်းတွေမှာလည်း ဒီလိုပါပဲ။ video stabilization က 1080p ပဲ ထောက်ပံ့တယ်ဆိုတော့ ပိုဆိုးတာပေါ့။

Galaxy S9 မှာ ကြော်ငြာထားတဲ့ slow motion capture ကို မြင်ဖူးမှာပေါ့။ Huawei မှာလည်းဒီလိုလေးတွေရှိပါတယ်။ 720p resolution ပဲရပါတယ်။ အသုံးပြုမှုမှာလည်း Samsung ကပိုလွယ်ကူတယ်လို့မြင်မိတယ်။

ခြုံပြောပေးရမယ်ဆိုရင် သာမန်သုံးအတွက်ကတော့ အတော်လေးကောင်းမွန်တဲ့ရိုက်ချက်တွေကို ပိုင်ဆိုင်နိုင်မှာပါ။ AI Master feature ကလည်း သုံးတတ်ရင်ဆေးပါပဲ။ slow-mo video feature ကတော့ အသစ်အဆန်းမဟုတ်တော့ပါဘူး။

ဘတ်ထရီသက်တမ်း

P20 Pro မှာ 4,000mAh ဖြစ်ပြီးတော့ P20 မှာ 3,400mAh ကို အသုံးပြုထားပါတယ်။ screen-on time သုံးလေးနာရီထားချိန်မှာ P20 ကတော့ တစ်ရက်လောက်ခံပါတယ်။ ဒါပေမယ့် network နဲ့ ကင်မရာသုံးမယ်ဆိုရင်တော့ ဘတ်ထရီကြီးမားပေမယ့် သံးရတာခဏပါပဲ။

Pro ရဲ့ ဘတ်ထရီကတော့ ဆိုးရွားတယ် သတ်မှတ်လို့မရနိုင်ပါဘူး။ နှစ်ပတ်အကြာသုံးစွဲအပြီးမှာတော့ Mate 10 Pro ထက် အားနည်းပါတယ်။ ကြိုးမဲ့အားသွင်းစနစ်မပါဝင်ပါဘူး။ Huawei SuperCharge တော့ရှိပါတယ်။ မိနစ်သုံးဆယ်လောက်အားသွင်းလိုက်တာနဲ့ အားပြည့်စေနိုင်ပါတယ်။

Huawei P20 ၊ P20 Pro ဘယ်ဟာကို ဝယ်သင့်သလဲ

Telephoto နဲ့ ပါးစပ်အဟောင်းသားဖြစ်စေမယ့် အလင်းအားနည်းဓါတ်ပုံတွေကို ကြိုက်မယ်၊ ဒီဇိုင်းကြိုက်မယ်ဆိုရင်တော့ ဝယ်လိုက်ပါ။ performance ကောင်းကောင်း ဘတ်ထရီသက်တမ်း ပျမ်းမျှအလွန်၊ software ကောင်းကောင်းတွေက ဖမ်းစားနိုင်လောက်ပါတယ်။ နှစ်လုံးကြားက အချက်အလက်ကွာဟနေပေမယ့်လည်း ငွေကြေးနဲ့ ချိန်ဆကြည့်လိုက်ပါ။ အရွယ်အစားကြောင့်ဆိုရင်တော့ Pro ပဲကိုင်လိုက်ပါ။ သိပ်မကွာပါဘူး။ ငွေသက်သာချင်တယ်ဆိုရင်တော့ telephoto zoom နဲ့ low-light လုပ်ဆောင်ချက်တွေကို လက်လွှတ်ရမှာပါ။

အားသာချက်

ခံ့ညားသောဒီဇိုင်း၊ ဘတ်ထရီသက်တမ်း၊ telephoto zoom (P20 Pro) ၊ low-light ကင်မရာများ ၊ Software သိသိသာသာကောင်းမွန်လာခြင်း

အားနည်းချက်

iOS ကို ကော်ပီထားတဲ့ Software အချို့၊ P20 မှာ ရေစိုမခံခြင်း၊ AI camera mode တွေက အလွဲလွဲဖြစ်နိုင်ခြင်း၊ Video feature သိပ်မကောင်းခြင်း

Leave a Reply