Google က iMessage ကို အမှီလိုက်ဖို့ chat app ဖြစ်တဲ့ Google Allo ကို ပြန်ကြိုးစားနေ
0
797
Zawgyi version
Unicode version
Google က messaging အတွက် ကြိုးစားနေတယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားဖြစ်ပါတယ်။ Android Messages ဆိုတာကတော့ Allo app ထက် အရင်ပေါ်တဲ့ app ဖြစ်ပါတယ်။ Allo က လွန်ခဲ့တဲ့ 2 နှစ်ကတော့ သိပ်မအောင်မြင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကုမ္ပဏီက Android Messages ကပိုကောင်းတယ်လို့ ယုံကြည်ခဲ့လို့ပဲ ဖြစ်ပါတယ်။ အခုတော့ Allo app ကို artificial intelligence လို့ ခေါ်တဲ့ မှတ်ဉာဏ်တုတွေ အပေါ်အခြေခံပြီး ပြန်အဆင့်မြင့်အောင်လုပ်မှာပဲ ဖြစ်ပါတယ်။
Feature တွေအနေနဲ့ကတော့ a real-time typing indicator, full-resolution files, နဲ့ grouping တွေပါမှာ ဖြစ်ပါတယ်။ Google က အစထဲက ထောက်ခံသူ တော်တော်များများရှိပြီးသားဖြစ်တဲ့ အတွက်ကြောင့် ဒီအသစ်ထွက်ရှိမဲ့ဟာကိုလဲ ပါတနာ 60 ကျော်လောက်က လက်ခံပြီးသားဖြစ်ပါတယ်။
Google project တွေဖြစ်တဲ့ Android Messages နဲ့ Chat တွေကို ဖုန်းတော်တော်များများပေါ်မှာ လုပ်ဆောင်ဖို့ အစီစဉ်ရှိပါတယ်။ Google က message တွေကို ပို့တာပဲဖြစ်ဖြစ် လက်ခံတာပဲဖြစ်ဖြစ် ဖုန်းနဲ့ရော ကွန်ပျူတာနဲ့ရော လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Android Messages က Apple ရဲ့ iMessage နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။
Leave a Reply