စွမ်းအားပြည့်ဘက်ထရီအကြီးစားနဲ့ ထွက်ရှိလာမယ့် Asus Zenfone Max Pro M1

0
805

Zawgyi version




unicode version

ဒီနေ့မှာတော့ Asus နဲ့ Flipkart တို့တွဲထုတ်တဲ့ ပထမဆုံးဖုန်းတစ်လုံးဖြစ်တဲ့ Asus Zenfone Max Pro M1 ရဲ့အသေးစိတ်အချက်အလက်တွေထပ်မံထွက်ပေါ်လာပါတယ်။Max Pro M1 ကတော့ 6-inch display ကိုသုံးထားပြီး 18:9 aspect ratio ပါပဲ။ “Pure Android Oreo” လို့ဆိုထားပေမယ့်လည်း Android One ဟုတ်မလားဆိုတာကတော့ ရာနှုန်းပြည့်မသေချာသေးပါဘူး။ RAM ကိုတော့ 6GB ပေးထားပြီး storage ကတော့ 64GB ပါ။ 4GB/ 32GB ဗားရှင်းလည်းထွက်ရှိလာနိုင်ပါတယ်။

Chipset ကတော့ Qualcomm ရဲ့ 14nm Snapdragon 636 ကိုသုံးထားပြီး NXP amp  “5 magnet” စပီကာတစ်ခုတပ်ဆင်ထားပါတယ်။ Max ဖုန်းတွေဟာ ဘက်ထရီိပိုင်းကိုဦးစားပေးတဲ့ ဖုန်းအမျိုးအစားဖြစ်ပြီး Pro M1 မှာဘက်ထရီကို 5000 mAh တောင်သုံးထားတဲ့အတွက် တော်တော်များတယ်လို့ပြောရမှာပါ။

ကင်မရာတွေကတော့ နောက်ကျောဘက်မှာ dual ကင်မရာ ကို 16MP ကင်မရာ၂လုံးသုံးထားပြီး ရှေ့ဘက်မှာတော့ Selfie ကင်မရာကို 16MP ရိုက်ကူးနိုင်မှုနဲ့အတူ face unlock စနစ်ပါ ထည့်သွင်းထားပါတယ်။ နောက်ကင်မရာရဲ့ဘေးဘက်အောက်နားမှာတော့ ၀.၃ စက္ကန့်အတွင်းပွင့်နိုင်တဲ့ fingerprint reader ကိုတပ်ဆင်ထားပါတယ်။ ဒီ Zenfone Max Pro M1 လေးကို ဧပြီလ ၂၃ရက်နေ့ မှာ မိတ်ဆက်တော့မှာဖြစ်ပါတယ်။

Leave a Reply