Posted on Leave a comment

Android ဖုန္းတစ္လံုးက ပါ၀ါဖြင့္လို႔မရေတာ့ဘူးဆုိရင္ ဘာေတြစစ္ေဆးၾကည့္ရမလဲ

Zawgyi version

မင္းခနခနေတြ႕ၾကံဳရမွာပါ “ဟာ ငါ့ဖုန္းၾကီးက ဖြင့္လို႔လဲမရေတာ့ဘူး ဘာျဖစ္တာလဲမသိဘူး” ဆိုျပီးေတာ့ေပါ့။ အဲ့ဒါက မင္းတစ္ေယာက္ထဲမဟုတ္ပါဘူး။ ဒီျပႆနာေတြကို ေျဖရွင္းလို႔ရေအာင္လို႔ ေအာက္က အခ်က္ေလးေတြကို ေလ့လာၾကည့္ရေအာင္။

  1. ဖုန္းကအားရွိရဲ႕လား

ဒါေနာက္ေနတာမဟုတ္ပါဘူး။ ဘယ္ခ်ိန္ေနာက္ဆံုးအားသြင္းခဲ့တာလဲ။ ကၽြန္ေတာ္တို႕ ဗြီဒီယိုၾကည့္ရင္း အရွိန္လြန္ျပီးေတာ့ ဖုန္းကဖြင့္လို႕မရေတာ့တာမ်ိဳး ျဖစ္တတ္တယ္။ အားကုန္သြားျပီေလ။ ပလတ္ထိုးျပီးေတာ့ အားသြင္းလိုက္ပါဦး။ ဖုန္းကိုျပန္ဖြင့္ဖို႕အတြက္ သူ႕မွာ အားရွိေနဖို႕လိုအပ္တယ္ေလ။ ျပီးေတာ့မွ ပါ၀ါဖြင့္ၾကည့္ပါ။ မပြင့္ဘူးဆိုရင္ေတာ့ ေအာက္ကနည္းလမ္းေလးေတြကို ဆက္ဖတ္ၾကည့္ပါ။

androidpit battery low 1

2. ဖုန္းကပြင့္ျပီး display မွာ မေပၚတာလား

ဖုန္းကိုေတာ့ ဖြင့္ထားေပမဲ့ display ကအလုပ္မလုပ္တာေတြလဲ ျဖစ္နိုင္ပါတယ္။ အဲ့ဒါကို စစ္ေဆးဖို႔ အလြယ္ဆံုးနည္းလမ္းကေတာ့ power ခလုတ္ကို အၾကာၾကီးနွိပ္လိုက္ပါ။ျပီးရင္ ျပန္ပြင့္လာပါလိမ့္မယ္။ အဲ့လိုလုပ္လိုက္တဲ့အခ်ိန္မွာ ဖုန္းက တုန္သြားပါလိမ့္မယ္။ အဲ့လိုတုန္သြားတာက ဖုန္းက အလုပ္လုပ္ျပီး screen မွာ ျပႆနာတစ္ခုခုရွိေနလို႔ပါပဲ။

AndroidPIT Murder scene 3

  1. ဖုန္းကို ျပဳတ္က်မိသလား ဒါမွမဟုတ္ ေရစိုသြားတာလား

ဖုန္းျပန္ပြင့္မလာဘူူးဆုိတာေတြက ဒီအခ်က္ခ်က္ကို ေတာ္ေတာ္မ်ားမ်ားျဖစ္ၾကလို႔ပါပဲ။ မင္းရဲ့ ဖုန္းက ျပဳတ္က်တာတို႔ ေရစိုသြားတာတုိ႔ ျဖစ္နုိင္ပါတယ္။ ဖုန္းက ေရနဲ႔ထိတာ ၾကာသြားရင္ အတြင္းထဲက circuit ေတြက ေလာင္သြားတတ္ပါတယ္။ ဒါမွမဟုတ္ျပဳတ္က်ျပီး ျပန္ပြင့္မလာေတာ့ဘူးဆိုရင္ေတာ့ hardware ဒါမွမဟုတ္ display ပ်က္စီးသြားလို႔ပဲျဖစ္ပါတယ္။

AndroidPIT samsung galaxy s7 water active

  1. ဖုန္းက bug မိျပီး အလုပ္မလုပ္ေတာ့တာလား

မင္းရဲ့ဖုန္းက restart ျဖစ္သြားတာတို႔ ဖုန္းထဲကဟာေတြ ေပ်ာက္သြားတာဆိုရင္ေတာ့ software ဘက္ ျပႆနာျဖစ္နိုင္တဲ့အတြက္ firmware ျပန္တင္ရမွာျဖစ္ပါတယ္။

  1. ဖုန္းဘတၳရီက ေဖာင္းေနျပီလား

ေနာက္ထပ္ ဖုန္းပါ၀ါမပြင့္တာကေတာ့ ဘတၳရီေၾကာင့္လဲ ျဖစ္နုိင္ပါတယ္။  ဖုန္းကာဗာကိုဖြင့္ျပီး ဘတၳရီကို ၾကည့္လုိက္ပါ။ ဘတၳရီက ေဖာင္းေနတာတို႔ အမွုန္ေတြထြက္ေနတာတို႔ဆိုရင္ေတာ့ ဘတၳရီကို လဲရေတာ့မွာ ျဖစ္ပါတယ္။

AndroidPIT Smartphone Overheating 2609

  1. မင္းဖုန္းရဲ့ အားသြင္းၾကိဳး ပ်က္စီးေနတာလား

တစ္ခါတစ္ေလက် သင့္ဖုန္းကမဟုတ္ဘဲ အားသြင္းၾကိဳးေတြ အားသြင္းေခါင္းေတြေၾကာင့္လဲ ျဖစ္တတ္ပါတယ္။ အားသြင္းၾကိဳး ဒါမွမဟုတ္ အားသြင္းေခါင္းေတြက ၾကာရင္ ပ်က္စီးလာတတ္ပါတယ္။ ေသခ်ာေအာင္လို႔ ဖုန္းကို အားသြင္းၾကိဳးအမ်ိဳးမ်ိဳး၊ အားသြင္းေခါင္းအမ်ိဳးမ်ိဳးနဲ႔ စမ္းၾကည့္ပါ။ ဒါ့အျပင္ socket ေတြေရာ မေကာင္းတာလားဆိုတာ စစ္ေဆးၾကည့္ပါ။

  1. လိုဂိုမွာ ရပ္ေနျပီလား

boot  ကေန မတက္ေတာ့ဘူး လည္ေနတယ္ဆိုုရင္ေတာ့ ကၽြန္ေတာ္တို႕အေခၚ bootloop ျဖစ္ေနပါျပီ။ ဖုန္းက ပံုမွန္အတုိင္းအလုပ္လုပ္ဖို႕ စတင္ေနေပမယ့္လည္း လိုဂိုမွာတင္ရပ္ေနတဲ့အေနအထားပါ။

Android ေနာက္ဆံုးဗားရွင္းတင္ျခင္း၊ custom ROM တင္ျခင္းကေတာ့ အရိုးရွင္းဆံုးပဲ ျဖစ္ပါတယ္။Recovery ထဲ၀င္ျပီးေတာ့ cache partition ကို ရွင္း္လိုက္ပါ။ data wipe/factory reset လုပ္လိုက္တာမ်ိဳးလုပ္လိုက္ပါ။ ဒါကေတာ့ ဆိုးရြားပါတယ္။ ရွိသမွ်ေဒတာအကုန္ပ်က္သြားမွာပါ။

Unicode version

မင်းခနခနတွေ့ကြုံရမှာပါ “ဟာ ငါ့ဖုန်းကြီးက ဖွင့်လို့လဲမရတော့ဘူး ဘာဖြစ်တာလဲမသိဘူး” ဆိုပြီးတော့ပေါ့။ အဲ့ဒါက မင်းတစ်ယောက်ထဲမဟုတ်ပါဘူး။ ဒီပြဿနာတွေကို ဖြေရှင်းလို့ရအောင်လို့ အောက်က အချက်လေးတွေကို လေ့လာကြည့်ရအောင်။

ဖုန်းကအားရှိရဲ့လား
ဒါနောက်နေတာမဟုတ်ပါဘူး။ ဘယ်ချိန်နောက်ဆုံးအားသွင်းခဲ့တာလဲ။ ကျွန်တော်တို့ ဗွီဒီယိုကြည့်ရင်း အရှိန်လွန်ပြီးတော့ ဖုန်းကဖွင့်လို့မရတော့တာမျိုး ဖြစ်တတ်တယ်။ အားကုန်သွားပြီလေ။ ပလတ်ထိုးပြီးတော့ အားသွင်းလိုက်ပါဦး။ ဖုန်းကိုပြန်ဖွင့်ဖို့အတွက် သူ့မှာ အားရှိနေဖို့လိုအပ်တယ်လေ။ ပြီးတော့မှ ပါဝါဖွင့်ကြည့်ပါ။ မပွင့်ဘူးဆိုရင်တော့ အောက်ကနည်းလမ်းလေးတွေကို ဆက်ဖတ်ကြည့်ပါ။

ဖုန်းကပွင့်ပြီး display မှာ မပေါ်တာလား

ဖုန်းကိုတော့ ဖွင့်ထားပေမဲ့ display ကအလုပ်မလုပ်တာတွေလဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒါကို စစ်ဆေးဖို့ အလွယ်ဆုံးနည်းလမ်းကတော့ power ခလုတ်ကို အကြာကြီးနှိပ်လိုက်ပါ။ပြီးရင် ပြန်ပွင့်လာပါလိမ့်မယ်။ အဲ့လိုလုပ်လိုက်တဲ့အချိန်မှာ ဖုန်းက တုန်သွားပါလိမ့်မယ်။ အဲ့လိုတုန်သွားတာက ဖုန်းက အလုပ်လုပ်ပြီး screen မှာ ပြဿနာတစ်ခုခုရှိနေလို့ပါပဲ။

ဖုန်းကို ပြုတ်ကျမိသလား ဒါမှမဟုတ် ရေစိုသွားတာလား
ဖုန်းပြန်ပွင့်မလာဘူူးဆိုတာတွေက ဒီအချက်ချက်ကို တော်တော်များများဖြစ်ကြလို့ပါပဲ။ မင်းရဲ့ ဖုန်းက ပြုတ်ကျတာတို့ ရေစိုသွားတာတို့ ဖြစ်နိုင်ပါတယ်။ ဖုန်းက ရေနဲ့ထိတာ ကြာသွားရင် အတွင်းထဲက circuit တွေက လောင်သွားတတ်ပါတယ်။ ဒါမှမဟုတ်ပြုတ်ကျပြီး ပြန်ပွင့်မလာတော့ဘူးဆိုရင်တော့ hardware ဒါမှမဟုတ် display ပျက်စီးသွားလို့ပဲဖြစ်ပါတယ်။

ဖုန်းက bug မိပြီး အလုပ်မလုပ်တော့တာလား
မင်းရဲ့ဖုန်းက restart ဖြစ်သွားတာတို့ ဖုန်းထဲကဟာတွေ ပျောက်သွားတာဆိုရင်တော့ software ဘက် ပြဿနာဖြစ်နိုင်တဲ့အတွက် firmware ပြန်တင်ရမှာဖြစ်ပါတယ်။

ဖုန်းဘတ္ထရီက ဖောင်းနေပြီလား
နောက်ထပ် ဖုန်းပါဝါမပွင့်တာကတော့ ဘတ္ထရီကြောင့်လဲ ဖြစ်နိုင်ပါတယ်။  ဖုန်းကာဗာကိုဖွင့်ပြီး ဘတ္ထရီကို ကြည့်လိုက်ပါ။ ဘတ္ထရီက ဖောင်းနေတာတို့ အမှုန်တွေထွက်နေတာတို့ဆိုရင်တော့ ဘတ္ထရီကို လဲရတော့မှာ ဖြစ်ပါတယ်။

မင်းဖုန်းရဲ့ အားသွင်းကြိုး ပျက်စီးနေတာလား
တစ်ခါတစ်လေကျ သင့်ဖုန်းကမဟုတ်ဘဲ အားသွင်းကြိုးတွေ အားသွင်းခေါင်းတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။ အားသွင်းကြိုး ဒါမှမဟုတ် အားသွင်းခေါင်းတွေက ကြာရင် ပျက်စီးလာတတ်ပါတယ်။ သေချာအောင်လို့ ဖုန်းကို အားသွင်းကြိုးအမျိုးမျိုး၊ အားသွင်းခေါင်းအမျိုးမျိုးနဲ့ စမ်းကြည့်ပါ။ ဒါ့အပြင် socket တွေရော မကောင်းတာလားဆိုတာ စစ်ဆေးကြည့်ပါ။

လိုဂိုမှာ ရပ်နေပြီလား
boot  ကနေ မတက်တော့ဘူး လည်နေတယ်ဆိုုရင်တော့ ကျွန်တော်တို့အခေါ် bootloop ဖြစ်နေပါပြီ။ ဖုန်းက ပုံမှန်အတိုင်းအလုပ်လုပ်ဖို့ စတင်နေပေမယ့်လည်း လိုဂိုမှာတင်ရပ်နေတဲ့အနေအထားပါ။

Android နောက်ဆုံးဗားရှင်းတင်ခြင်း၊ custom ROM တင်ခြင်းကတော့ အရိုးရှင်းဆုံးပဲ ဖြစ်ပါတယ်။Recovery ထဲဝင်ပြီးတော့ cache partition ကို ရှင်းလိုက်ပါ။ data wipe/factory reset လုပ်လိုက်တာမျိုးလုပ်လိုက်ပါ။ ဒါကတော့ ဆိုးရွားပါတယ်။ ရှိသမျှဒေတာအကုန်ပျက်သွားမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.