အသစ်ထွက်မည့် iPhone ဟာလက်ရှိ iPhone X ဈေးရဲ့ တစ်ဝက်လောက်သာရှိမည်

0
7836

တန်ဖိုးသက်သာတဲ့ iPhone ကို ကိုင်နိုင်တော့မှာပါ။ Apple က ၅၅၀ ဒေါ်လာလောက်သာရှိတဲ့ ၆.၁ လက်မ အရွယ် iPhone ကို ဒီနှစ်မှာ ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ ဒီသတင်းကို KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ ဖြစ်ပြီး Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သူက ၆.၁ လက်မ iPhone ကို မော်ဒယ်နှစ်မျိုးထုတ်လုပ်ပေးထားပြီး တစ်မျိုးမှာ Dual SIM နဲ့ နောက်တစ်မျိုးမှာ Single SIM ဖြစ်တယ်လို့ ပြောပါတယ်။ Single SIM Version ဟာ ၅၅၀ ဒေါ်လာနဲ့ ၆ ၅၀  ဒေါ်လာ အကြားသာ ကျသင့်မှာပါ။ Dual SIM Version ကတော့ ၆၅၀ နဲ့ ၇၅၀ ဒေါ်လာ အကြားမှာ ရောင်းချနိုင်ပါတယ်။

Apple ရဲ့ လက်ရှိ စွမ်းဆောင်ရည်မြင့် iPhone X ဟာ ၉၉၉ ဒေါ်လာ တန်ကြေးရှိပြီး Storage ပိုမိုများပြား တဲ့ မော်ဒယ်ဟာ ၁၁၄၉ ဒေါ်လာတောင် ရှိပါတယ်။ တန်ဖိုးနည်း အိုင်ဖုန်းဟာ တန်ဖိုးသင့်နဲ့ တန်ဖိုးနည်း အန်းဒရွိုက်ဖုန်းများကို ယှဉ်ပြိုင်နိုင်မှာပါ။

Kuo က ၆.၁ လက်မ အိုင်ဖုန်းကို အခြား မော်ဒယ်နှစ်ခုနဲ့ အတူ ရောင်းချမှာပါ။ တစ်မျိုးမှာ ၅.၈ လက်မ OLED iPhone နဲ့ နောက်တစ်မျိုးမှာ ၆.၅ လက်မ OLED iPhone ဖြစ်ပါတယ်။ UBS မှ ပညာရှင်များက OLED iPhone ဟာ ဒေါ်လာ ၁၁၀၀ ၀န်းကျင် ကျသင့်မယ်လို့ ပြောပါတယ်။ ယခုနှစ်အကုန်မှာ Apple က iPhone SE မျိုးဆက်သစ်ကိုလည်း မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

Leave a Reply