ကင္ဆာေရာဂါလကၡဏာခံစားရျပီဆုိတာနဲ႔ ဇီ၀ ပစၥည္းေလးက မွည့္အတုအျဖစ္ ျပေပးမည္

0
2058

Zawgyi version

လူတစ္ေယာက္မွာ ကင္ဆာေရာဂါရွိျပီဆိုတာနဲ႔ ကုသရတာက ေတာ္ေတာ္ကို မလြယ္ပါဘူး။ အျမစ္တြယ္ေနျပီဆိုရင္ေတာ့ ပိုဆိုး၀ါးသြားပါျပီ။ အဲ့ဒါေၾကာင့္ ပညာရွင္ေတြက ဇီ၀ မ်ိဳးေစ့ေလးကို ဖန္တီးခဲ့ၾကတာျဖစ္ပါတယ္။ အဲ့ဒီ ဇီ၀ ပစၥည္းေလးက ကင္ဆာအမ်ိဳးအစား 4 မ်ိဳးထဲက တစ္ခုခု ခံစားေနရျပီဆိုတာနဲ႔ မွည့္အတုပံုစံနဲ႔ အခ်က္ျပေပးမွာ ျဖစ္ပါတယ္။ ဘယ္လိုအလုပ္လုပ္တာလဲဆိုရင္ေတာ့ သူက ေသြးထဲမွာရွိတဲ့ calcium levels ကို စစ္ေဆးပါတယ္။ အဲ့ဒါက တျဖည္းျဖည္းမ်ားမ်ားလာျပီဆိုရင္ေတာ့ ခႏၶာကိုယ္ထဲမွာ ကင္ဆာဆဲလ္ေတြဟာ တျဖည္းျဖည္း ပ်ံ႕လာမွာပဲ ျဖစ္ပါတယ္။

တစ္ခ်ိဳ႕ ကင္ဆာအမ်ိဳးအစားေတြျဖစ္တဲ့ အေရာျပားကင္ဆာလိုမ်ိဳးကိုေတာ့ လြယ္လြယ္ကူကူ အာရံုခံနုိင္ပါတယ္။ တစ္ျခား ကင္ဆာအမ်ိဳးအစားေတြ ကေတာ့ ခံစားေနရျပီးေရာဂါလကၡဏာေတြျပျပီးမွ အာရံုခံနိုင္ၾကတာ ျဖစ္ပါတယ္။

ပညာရွင္ေတြေျပာတာကေတာ့ အူမၾကီးကင္ဆာက ေပ်ာက္ကင္းဖို႔ 11% ပဲရွိပါတယ္တဲ့။ သုတ္ရည္ဂလင္းကင္ဆာကေတာ့ 32% ပါတဲ့။

ကင္ဆာအမ်ိဳးအစား 4 မ်ိဳးကေတာ့ အူမၾကီးကင္ဆာ၊ ရင္သားကင္ဆာ၊ အဆုတ္ကင္ဆာနဲ႔ သုတ္ရည္ဂလင္းကင္ဆာ တို႔ပဲျဖစ္ပါတယ္။ ဒီမ်ိဳးေစ႔ေလးက အဲ့ဒီ ကင္ဆာေတြထဲက တစ္ခုခု ခံစားေနရျပီဆိုတာနဲ႔ ခႏၶာကိုယ္ေပၚမွာ အခ်က္ျပေပးမွာျဖစ္ပါတယ္။

ဒီမ်ိဳးေစ့ေလးကို လူနာရဲ့ အေရျပားထဲကို ထည့္လိုက္တာနဲ႔ သူက calcium level ကိုေစာင့္ၾကည့္ေပးမွာ ျဖစ္ပါတယ္။ ျပီးရင္ေတာ့ အညိဳေရာင္ မွည့္ပံုစံနဲ႔ အခ်က္ျပေပးမွာ ျဖစ္ပါတယ္။

 

Unicode version

လူတစ်ယောက်မှာ ကင်ဆာရောဂါရှိပြီဆိုတာနဲ့ ကုသရတာက တော်တော်ကို မလွယ်ပါဘူး။ အမြစ်တွယ်နေပြီဆိုရင်တော့ ပိုဆိုးဝါးသွားပါပြီ။ အဲ့ဒါကြောင့် ပညာရှင်တွေက ဇီ၀ မျိုးစေ့လေးကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ ဇီ၀ မျိုးစေ့လေးက ကင်ဆာအမျိုးအစား 4 မျိုးထဲက တစ်ခုခု ခံစားနေရပြီဆိုတာနဲ့ မှည့်အတုပုံစံနဲ့ အချက်ပြပေးမှာ ဖြစ်ပါတယ်။ ဘယ်လိုအလုပ်လုပ်တာလဲဆိုရင်တော့ သူက သွေးထဲမှာရှိတဲ့ calcium levels ကို စစ်ဆေးပါတယ်။ အဲ့ဒါက တဖြည်းဖြည်းများများလာပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေဟာ တဖြည်းဖြည်း ပျံ့လာမှာပဲ ဖြစ်ပါတယ်။

တစ်ချို့ ကင်ဆာအမျိုးအစားတွေဖြစ်တဲ့ အရောပြားကင်ဆာလိုမျိုးကိုတော့ လွယ်လွယ်ကူကူ အာရုံခံနိုင်ပါတယ်။ တစ်ခြား ကင်ဆာအမျိုးအစားတွေ ကတော့ ခံစားနေရပြီးရောဂါလက္ခဏာတွေပြပြီးမှ အာရုံခံနိုင်ကြတာ ဖြစ်ပါတယ်။

ပညာရှင်တွေပြောတာကတော့ အူမကြီးကင်ဆာက ပျောက်ကင်းဖို့ 11% ပဲရှိပါတယ်တဲ့။ သုတ်ရည်ဂလင်းကင်ဆာကတော့ 32% ပါတဲ့။

ကင်ဆာအမျိုးအစား 4 မျိုးကတော့ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ သုတ်ရည်ဂလင်းကင်ဆာ တို့ပဲဖြစ်ပါတယ်။ ဒီမျိုးစေ့လေးက အဲ့ဒီ ကင်ဆာတွေထဲက တစ်ခုခု ခံစားနေရပြီဆိုတာနဲ့ ခန္ဓာကိုယ်ပေါ်မှာ အချက်ပြပေးမှာဖြစ်ပါတယ်။

ဒီမျိုးစေ့လေးကို လူနာရဲ့ အရေပြားထဲကို ထည့်လိုက်တာနဲ့ သူက calcium level ကိုစောင့်ကြည့်ပေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အညိုရောင် မှည့်ပုံစံနဲ့ အချက်ပြပေးမှာ ဖြစ်ပါတယ်။

Leave a Reply