iOS မှာ headset မလိုဘဲ ‘Star Wars’ holochess ကစားရအောင်

0
1899

Zawgyi Version



Unicode Version

Disney နဲ့ Lenovo တို့ပေါင်းစပ်ပြီးတော့ Star Wars: Jedi Challenges ကို ဖန်တီးလိုက်ချိန်မှာ augmented reality (AR) ဂိမ်းအတွက် ခြေလှမ်းကြီးကြီး လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ headset က ဈေးလည်းရှိပါတယ်။ ဂိမ်းကတော့ Star Wars-themed version chess ဖြစ်ပြီးတော့ လူတိုင်းကစားနိုင်ပါတယ်။ အခုအချိန်မှာတော့ နည်းပညာရဲ့တွန်းအားကြောင့် iOS 11 ရဲ့ ARKit ကို အသုံးပြုဖို့အတွက် Disney က ဆုံးဖြတ်လိုက်ပါတယ်။
မျက်နှာပြင်ပြားပြားလေးပေါ်မှာ iconic holochess ကို ကစားနိုင်တော့မှာပါ။ ဖုန်း၊ တက်ဘလက် အဆင်ပြေပါတယ်။ holographic visual trickery လေးတွေကို ကစားရမှာဆိုတော့ ၁၉၇၇ခုနှစ်က မူရင်းဇာတ်ကားဖန်တွေတော့ကျေနပ်နေမိမှာ အမှန်ပါပဲ။ Star Wars: Jedi Challenges app ကတော့ version 1.3 ဖြစ်ပြီး level ၁၈ခုရှိပါတယ်။ planet ခြောက်ခုအပြင် unlockable creature ရှစ်ကောင်တိုးလာပါတယ်။ အခု app store ပေါ်မှာရနေပြီနော်။

Leave a Reply