Gadget Trending

Intel က သူ့ရဲ့ smart glasses ကို စွန့်လွှတ်

Zawgyi version





Unicode version

Intel က New Devices Group (NDG) တွေထဲက တစ်ခုဖြစ်တဲ့ Vaunt smart glasses project ကို ပယ်ဖျက်ဖို့ သေချာသွားပါပြီလို့ ပြောကြားထားပါတယ်။
Intel က နည်းပညာ အသစ်တွေကို အမြဲတမ်း လေ့လာနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲကို ရောက်နေတဲ့ products တွေအကုန်လုံးကို develop ဖြစ်အောင်လုပ်ဖို့ကတော့ မလွယ်လှပါဘူး။
Intel က Vaunt glasses ကို ဈေးကွက်ထဲကို ဘယ်လိုဝင်ရောက် ရမယ်ဆိုတာ ရေရေရာရာ မသိရသေးပါဘူး။ ဒါ့ကြောင့် Intel က သူနဲ့ retail expertise လုပ်မဲ့ partner ကို ရှာခဲ့ပါတယ်။
Intel က ထုတ်ကုန်တွေကို သုံးစွဲသူတွေဆီ တိုက်ရိုက်အရောက်ပို့ဖို့ကျတော့ အခက်အခဲတွေ ရှိနေခဲ့ပါတယ်။ သူ့ရဲ့ partnerships တွေဖြစ်တဲ့ Oakley နဲ့ Tag Heuer company တွေကလဲ သူတို့လိုချင်တဲ့ ဈေးကွက်ကို ရှာမတွေ့ခဲ့ပါဘူး။ တစ်ကယ်လို့ company ကသာ Vaunt ကို handle လုပ်နိုင်မဲ့ ပါတနာမျိုးကို ရှာမတွေ့ဘူးဆိုရင်တော့ ဈေးကွက်ထဲကို ဝင်ရောက်ဖို့က ဘယ်လိုမှကို ဖြစ်မလာနိုင်တော့ပါဘူး။
အဲ့ဒါကြောင့် Vaunt က သူ့ရဲ့ ကြိုးစားမှုအတွက် အခွင့်ရေးမရခဲ့ပါဘူး။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.