Facebook က ကိုယ်ပိုင် chipsets ဒီဇိုင်းလုပ်ဖို့ရှိ

0
2136

Zawgyi Version





Unicode Version

Facebook က ကိုယ်ပိုင် smart speaker လုပ်ဖို့ ကြိုးစားနေကြပါတယ်။ product က နဲနဲ နှောင့်နှေးနေတာက Facebook ရဲ့ privacy ပြဿနာလေးတွေကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ထွက်မဲ့ version ကိုတော့ facebook က ကိုယ်ပိုင် chip ကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်တဲ့။

Facebook က ခုလတ်တလောမှာတော့ “end-to-end SoC/ASIC, firmware and driver development organization” အတွက် မန်နေဂျာတစ်ယောက်ကို ရှာနေတာဖြစ်ပါတယ်။ ‘Soc’ ဆိုတာကတော့ ‘system-on-a-chip’ ဖြစ်ပြီးတော့ ‘ASAIC’ ကတော့ ‘Application-specific integrated circuit’ ရဲ့ အတိုကောက်ပဲ ဖြစ်ပါတယ်။ Facebook ကဘာလို့ ကိုယ်ပိုင် chips လုပ်ချင်တာလဲဆိုတာကလဲ ရည်ရွယ်ချက်အများကြီး ရှိလို့ပါတဲ့။

Amazon က Alexa device တွေကို custom processor ပေါ်မှာ အလုပ်တာဖြစ်ပါတယ်။ Alexa device ဆိုတာက အင်တာနက် ချိတ်ဆက်မှုမရှိဘဲနဲ့ command တွေကို ဖြေကြားပေးတာ ဖြစ်ပါတယ်။

Facebook ကလဲ သူ့ရဲ့ ကိုယ်ပိုင် smart speakers ကို Alexa လိုလုပ်ချင်တာဖြစ်ပါတယ်တဲ့ ။ ထို့အပြင် Facebook က Google လိုမျိုး ကိုယ်ပိုင် server hardware လဲ လုပ်ချင်ပါသေးတယ်တဲ့။

Leave a Reply