dual-SIM dual standby (DSDS) နဲ့ပွဲထွက်လာမယ့် ၂၀၁၈ iPhone အသစ်

0
7278

Zawgyi version





Unicode version

Apple က 6.1-inch iPhone Model ၂မျိုးကို ဈေးလျှော့ပေးမယ်လို့ ပြောလာပါတယ်။ တစ်ခုကတော့ single SIM ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ SIM card 2 ခုထည့်လို့ရတဲ့ dual-SIM dual standby (DSDS) ဖြစ်ပါတယ်။
KGI Securities analyst ဖြစ်တဲ့ Ming-Chi Kuo ကတော့ 6.1-inch dual-SIM iPhone ရဲ့ ဈေးနှုန်းကို $650 နဲ့ $750 ကြားခန့်မှန်းထားပါတယ်။ Single SIM model ကတော့ ဈေးပိုနည်းပြီး $550 နဲ့ $650 ကြားဖြစ်နိုင်ပါတယ်။ Apple ရဲ့ OLED iPhone 2 လုံးကို 2018 ထဲမှာ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
6.1″ LCD iPhone model က DSDS ကို ထောက်ပံ့ပေးထားပါတယ်။ တစ်ကယ်လို့ 6.1″ LCD iPhone တွေကို DSDS ရော single-SIM model တွေနဲ့ရောလာတာဆိုရင်တော့ အကျိုးကျေးဇူး 2 ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ single-SIM model ထက်စာရင် ဈေးပိုများမှာ ဖြစ်ပါတယ်။ ဥပမာ DSDS model က US$650-750 ကြားဆိုရင် single-SIM model က US$550-650 ပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ DSDS model က တရုတ်နဲ့ တစ်ခြား ဈေးကွက်တွေမှာ ပိုပြီး ရောင်းအားကောင်းလာမှာပဲဖြစ်ပါတယ်။
Kuo ပြောထားတာကတော့ 6.1-inch နဲ့ 6.5-inch 2 ခုလုံးက DSDS ကို ထောက်ပံ့ပေးပြီး 5.8-inch iPhone ကတော့ မထောက်ပံ့နိုင်ဘူးလို့ ပြောထားပါတယ်။ DSDS device တွေက LTE+LTE connections ကိုလဲ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
Apple က iPhones 3 မျိုးလုံးကို 2018 မှာ မိတ်ဆက်မယ်ဆိုပြီး ကောလဟာလတွေ ထွက်နေပါတယ်။ 6.1-inch LCD model ကတော့ ခုပြောပြထားတာဖြစ်ပြီး 5.8-inch OLED model ကတော့ iPhone X ရဲ့ second-generation ပုံစံပဲ ဖြစ်ပါတယ်။ 6.5-inch OLED model ကတော့
iPhone X Plus ပုံစံမျိုးပဲ ဖြစ်ပါတယ်။
Kuo က 6.1-inch LCD iPhone နဲ့ 6.5-inch OLED iPhone တွေက လာမဲ့နှစ်မှာ Apple ရဲ့ ပေါ်ပြူလာအဖြစ်ဆုံးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေက 5.8-inch model ကို စိတ်ဝင်စားမှုနည်းတာက ဖုန်းမျက်နှာပြင်ကသေးပြီး ဈေးနဲနဲ မြင့်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Leave a Reply