အကောင်းဆုံး ဘောင်ပျောက်(နီးပါး)ဒီဇိုင်းဖုန်းတွေထဲက ဘယ်ဖုန်းဝယ်သင့်သလဲ

0
2766
OLYMPUS DIGITAL CAMERA

ဘောင်ပျောက်ဖုန်းဒီဇိုင်းကတော့ မနှစ်ကတည်းက ဟော့ဖြစ်ခဲ့တာလို့ဆိုရမယ်။ လက်ရှိအချိန်မှာတော့ အမြင့်စားဖုန်းတွေအတွက် အဓိကရေစီးကြောင်းတစ်ခုတောင် ဖြစ်လို့နေပေါ့။ တချို့ထုတ်လုပ်သူတွေဆိုရင် notch လေးတွေတပ်ပြီးတော့ ကင်မရာ၊ စပီကာနဲ့၊ sensor တွေထည့်ပြီး မျက်နှာပြင်ကျယ်လာအောင် လုပ်ဆောင်နေကြပြီလေ။

Andy Rubin ရဲ့ Essential Phone PH-1 နဲ့ Xiaomi Mi MIX တို့က ဘောင်နည်းဒီဇိုင်းရဲ့ စိတ်ဝင်စားမှုကို စတင်အကောင်အထည်ဖော်ခဲ့ကြတယ်။ အခုဆိုရင် Apple ၊ Samsung ၊ Huawei နဲ့ LG တို့တောင် မျက်နှာပြင်ကိုယ်ထည်အချိုးကို တိုးသထက်တိုးအောင် လုပ်လာကြပြီ။ notch နဲ့ မထုတ်လုပ်ဘူးဆိုရင်တောင် ဘောင်နည်းဒီဇိုင်း ဖြစ်ကိုဖြစ်ရတော့မယ်။

အခုအချိန်မှာ ဈေးကွက်ထဲကိုကြည့်လိုက်ရင် အကောင်းဆုံး ဘောင်ပျောက်ဒီဇိုင်းတွေ အများကြီးကို တွေ့ရပါလိမ့်မယ်။ ဈေးသက်သာတာရှာနေလား။ ကျွန်တော်တို့ရွေးချယ်ပေးထားတဲ့ အကောင်းဆုံးဖုန်းတွေကို လေ့လာကြည့်လိုက်ပါဦး။

Samsung Galaxy S9 နဲ့ S9 Plus

စွမ်းဆောင်ရည်မြင့်ပြီးတော့ feature စုံလင်တဲ့ ဘောင်ပျောက်ဖုန်းကို ဈေးကွက်မှာလိုချင်လား။ Samsung Galaxy S9 ကလွဲပြီး ဘယ်သူရှိမလဲ။ သူ့မှာ Galaxy S8 ရဲ့ အကောင်းဆုံးတွေဖြစ်တဲ့ ဒီဇိုင်း၊ display ၊ ဓါတ်ပုံပိုင်း၊ performance တွေ အားလုံးတွေ့မြင်နိုင်တယ်။

Galaxy S9 မှာအကြီးမားဆုံးတိုးတက်လာမှုကတော့ သူ့ရဲ့ကင်မရာပါပဲ။ သူ့မှာ single Dual Pixel 12MP autofocus sensor ၊ OIS ၊ f/1.5 နဲ့ f/2.4 တို့ ပါဝင်တယ်။ mechanical iris lens က aperture တွေကို အလင်းရောင်ပေါ်မူတည်ပြီးတော့ ပြောင်းလဲပေးနိုင်တယ်။ ဒီထက်ပိုလိုချင်ရင်တော့ dual-camera ကို အနောက်ဘက်မှာ မြင်နိုင်သေးတယ်။

Samsung ဟာ Apple ရဲ့ Animoji ကို ကိုယ်ပိုင်အဖြစ်ပြောင်းထားတဲ့ AR Emoji ရှိတာမို့ GIFs တွေနဲ့ ကာတွန်းဗွီဒီယိုလေးတွေကို သင့်သူငယ်ချင်းတွေထံ ပို့ပေးလို့ရပြီပေါ့။

အဲဒီဖုန်းတွေမှာ လက်ရှိရနိုင်တဲ့ အချက်အလက်ကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်။ ၅.၈ နဲ့ ၆.၂လက်မ Quad HD+ Super AMOLED display များ၊ RAM က 4 နဲ့ 6GB ၊ storage 64GB ၊ 3.5mm headphone jack ၊ နှစ်ခုစလုံးကို အားဖြည့်ပေးထားတဲ့ Exynos 9810 / Snapdragon 845 SoCတွေက စွဲမက်လောက်စရာပါပဲ။

Huawei P20 Pro

ကျွန်တော်တို့ review ထဲမှာတော့ သူ့ကို Galaxy S9 killer လို့ အမည်ပေးထားခဲ့တယ်။ သူဟာကြည့်ကောင်းရုံသာမက ကင်မရာသုံးလုံးတောင် တပ်ဆင်ထားတယ်။ စွမ်းဆောင်ရည်မြင့် AI processing capabilities နဲ့ အရမ်းမိုက်တဲ့ ဘတ်ထရီသက်တမ်းတွေ ပိုင်ဆိုင်ထားတယ်။ ယူအက်စ်မှာ မရနိုင်ပေမယ့်လည်း ကျွန်တော်တို့ဆီမှာ ရနိုင်တာမို့ စဉ်းစားလို့ရသေးတယ်။

Huawei P20 Pro ကတော့ ၆.၁လက်မ FHD+ notched AMOLED display ပါဝင်ပါတယ်။ ဒါဟာ ယှဉ်လိုက်မယ်ဆိုရင်တော့ ပြတ်သားမှုမရှိပေမယ့်လည်း brightness နဲ့ ကာလာတွေက ကျွန်တော်တို့ကို စိတ်ကျေနပ်မှု ပေးနိုင်ပါတယ်။ Kirin 970 processing package ကတော့ သူတို့ရဲ့ပထမဆုံး NPU ကို အသုံးပြုထားပါတယ်။ အဲဒီ NPU မှာ အဆင့်မြင့် AI feature တွေပါဝင်သလို 6GB RAM ၊ 128GB storage တွေက ကူညီပေးထားပါသေးတယ်။

အဓိကရောင်းကောင်းတဲ့အချက်ကတော့ အရောင်အနေနဲ့ကတော့ P20 Pro ရဲ့ ကင်မရာသုံးလုံးပါပဲ။ 40MP main sensor ၊ 20MP black and white sensor ၊ 8MP 3x telephoto sensor တို့နဲ့အတူ 24MP selfie ကင်မရာတွေလည်း ပါဝင်ပါတယ်။ ရိုက်ကူးမှု option တွေ အများကြီးပါဝင်ပြီးတော့ 5x hybrid zoom ကို ရနိုင်မှာပါ။ ဒါကြောင့် ဓါတ်ပုံပညာစိတ်ဝင်စားသူတွေအတွက်ကတော့ ရွေးချယ်လို့ကောင်းတဲ့ ဖုန်းတစ်လုံးပါပဲ။

ကျွန်တော်သိတာပေါ့။ လူတိုင်းက notch မကြိုက်သလို 3.5mm audio jack ကိုလည်း မဖြုတ်စေချင်ကြဘူးလေ။ ဒါကြောင့် Huawei P20 Pro က အကောင်းဆုံး စမတ်ဖုန်းဖြစ်နေတာပေါ့။

LG V30

V30 ကတော့ LG ရဲ့ နောက်ဆုံးထွက် flagship တစ်ခုဖြစ်ပါတယ်။ ပထမဆုံး ဘောင်မဲ့ဒီဇိုင်းဖြစ်တဲ့ G6 နောက်မှာ ဘောင်တွေကို ထပ်ပါးထားတာလည်း ဖြစ်ပါတယ်။ V30 ကတော့ ၆လက်မမျက်နှာပြင် Plastic OLED (pOLED) panel ကို အသုံးပြုထားပါတယ်။ V30 မှာ Floating Bar လေးပါဝင်ခြင်းကလည်း ၀ယ်ယူသူတွေအကြိုက်တွေ့စေမယ့်အချက်တစ်ခုဖြစ်ပါတယ်။

LG V30 ရဲ့အချက်အလက်တွေကိုကြည့်လိုက်မယ်ဆိုရင် ၂၀၁၈အစောပိုင်းက flagship တစ်လုံးလို့ မြင်ရမှာပါ။ သူ့ဟာ Qualcomm Snapdragon 835 ၊ 4GB RAM ၊ 64GB storage ၊ 3,300mAh ဘတ်ထရီ ၊ IP68 တို့နဲ့ ပွဲထွက်လာတာဖြစ်ပါတယ်။

LG ကတော့ V30 ရဲ့ ကင်မရာပိုင်းကို အလွန်ကြေညာခဲ့ပါတယ်။ သူ့ရဲ့အနောက်ကင်မရာနှစ်လုံးမှာ 16MP sensor နဲ့ f/1.6 aperture ၊ 13MP sensor နဲ့ f/1.9 aperture တို့ကို အသုံးပြုထားပါတယ်။ အနောက်ကင်မရာမှာ Crystal Clear Lens ကို ပလတ်စတစ်အစားသုံးထားပါတယ်။ ဒါကြောင့် ဓါတ်ပုံတွေဟာ တကယ့်လက်တွေ့ဆန်တဲ့ပုံရိပ်တွေ ဖြစ်မှာပါ။ ဗွီဒီယိုဖန်တီးသူတွေကတော့ သူ့ရဲ့ software feature တွေနဲ့ အကြိုက်တွေ့ခဲ့ကြတယ်။ Cine Video က သုံးစွဲသူတွေကို  video effect တွေ အလွယ်တကူ မြန်ဆန်စွာထည့်နိုင်အောင် ခွင့်ပြုပေးထားပါတယ်။ Point Zoom ကတော့ ဗွီဒီယိုရဲ့ ကြိုက်တဲ့နေရာကို zoom လုပ်ခွင့်ပေးထားပါတယ်။

Audiophiles အရ Hi-Fi Quad DAC ကို ထောက်ပံ့ပေးထားပါတယ်။ MQA ကို ထောက်ပံ့ပေးထားတဲ့ ပထမဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါကြောင့် ဖိုင်ဆိုဒ်နည်းနည်းနဲ့ အရည်အသွေးမကျသွားစေဘဲ hi-res audio တွေကို ခံစားနိုင်မှာပါ။

Samsung Galaxy Note 8

၂၀၁၆ ရဲ့ ကြမ်းတမ်းမှုတွေကို ဖြတ်သန်းအပြီးမှာတော့ Galaxy Note လိုင်းက ပြန်လည်ဦးမော့လာခဲ့တယ်။ ထိပ်တန်းအချက်အလက်တွေ၊ ခပ်မိုက်မိုက်ဒီဇိုင်း၊ ကင်မရာနှစ်လုံး၊ software feature အသစ်တွေနဲ့အတူ Galaxy Note 8 ဟာ ဘောင်မဲ့ဒီဇိုင်းထဲမှာ အကောင်းဆုံးဖုန်းတစ်လုံး ဖြစ်နေဆဲပါပဲ။

Note 8 ရဲ့ ၆.၃လက်မ Quad HD+ Infinity Display ၊ 18.5:9 aspect ratio ကတော့ ကျွန်တော်အကြိုက်ဆုံးအချက်ပါပဲ။ ကြီးလွန်းလို့ တချို့လူတွေအတွက် အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သုံးလို့ကောင်းအောင် လုပ်ပေးထားပါတယ်။ App Pairing feature ပါဝင်လို့ တစ်ပြိုင်နက်တည်းမှာ app နှစ်ခုကို အသုံးပြုနိုင်မှာပါ။ S Pen feature အသစ်တွေက stylus သုံးချင်သူတွေကို ကျေနပ်စေနိုင်ပါတယ်။

Note 8 ရဲ့ ကင်မရာနှစ်လုံးကတော့ ကျေနပ်ဖွယ်ပါပဲ။ Galaxy S8 ၊ S8 Plus တို့လောက် ပုံအရည်အသွေးမမီပေမယ့်လည်း 12MP sensor အပို၊ OIS တွေက ရှင်းလင်းပြီးတော့ bokeh shot တွေ ရိုက်ကူးစေနိုင်ခြင်းကလည်း စဉ်းစားရမယ့်အချက်တစ်ခုဖြစ်ပါတယ်။

ပြီးပြည့်စုံမနေပါဘူး။ ဘယ်ဖုန်းကတော့ ပြည့်စုံနေလို့လဲ။ Note 8 ရဲ့ fingerprint sensor ကတော့ ဆိုးရွားပါတယ်။ ဖုန်းက ဈေးကြီးပါတယ်။ ဒီအချက်တွေက သင့်အတွက်ကိစ္စမရှိဘူးဆိုရင်တော့ Note 8 က သင့်အတွက်ရွေးချယ်လို့ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်မှာပါ။

Xiaomi Mi Mix 2S

Mi Mix စီးရီးကိုမပြောဘဲ ဒီဆောင်းပါးကို အဆုံးသတ်လို့မရပါဘူး။ ကြွေထည်ဒီဇိုင်းနဲ့ ဘောင်မဲ့ဒီဇိုင်းကို ပထမဆုံးထိတွေ့ခွင့်ပေးလိုက်တဲ့ ပထဆုံးဖုန်းတစ်လုံးဖြစ်နေလို့ပါပဲ။

2S ကတော့ နောက်ဆုံးထွက်ဖြစ်ပြီးတော့ Snapdragon 845 processor ကို အသုံးပြုထားပါတယ်။ 6 / 8GB RAM ၊ 256GB storageတို့ကို အသုံးပြုထားတာဆိုတော့ စိတ်ပူစရာလိုသေးလို့လား။ အဲဒီဟန်းဆက်လေးကတော့ ၆လက်မ 18:9 FHD+ LCD display ဖြစ်ပြီးတော့ notch မပါဝင်ပါဘူး။ စိတ်ကြိုက် full panel ပါပဲ။

ဒါပေမယ့် notch မပါတော့ 5MP အရှေ့ကင်မရာက အောက်ခြေကိုရောက်သွားပါတယ်။ သုံးရတာပုံမှန်မဟုတ်တော့ တမျိုးပါပဲ။ အနောက်ပိုင်းမှာတော့ dual 12 megapixel ပေါင်းစပ်မှု၊ 2x optical zoom capability တွေက ကျေနပ်စရာပါပဲ။ အနောက်ကင်မရာတွေက Mi Mix 2 ထက် ပိုဆွဲဆောင်ပါတယ်။

စိတ်မကောင်းစရာကတော့ Mi Mix 2S ကို တရုတ်မှာသာ launch လုပ်ထားပါသေးတယ်။ network band ကြောင့် အခြားနိုင်ငံတွေကို မဖြန့်သေးပါဘူး။

Essential Phone

နောက်တစ်ခုထပ်ထည့်ချင်တာကတော့ ဂုဏ်ပြုသောအားဖြင့်ပေါ့။ ဒေါ်လာ၂၀၀ ကျသွားပြီဆိုတော့ Essential Phone က စိတ်ဝင်စားစရာပဲလေ။ ဈေးသက်သာပြီးတော့ မျက်နှာပြင်ကျယ်ကျယ်သုံးနိုင်မယ်။

Snapdragon 835 ၊ 4GB RAM ၊ 128GB storage ၊ ၅.၇လက်မ QHD 19:10 aspect ratio display နဲ့အတူ flagship hardware တွေကို လျှော့ဈေးနဲ့ရနိုင်နေပြီ။ Essential Phone ကတော့ magnetic connector pin နဲ့လာပြီးတော့ modular accessories တွေကို အသုံးပြုခွင့်ပေးထားပါတယ်။ ဒါပေမယ့်လည်း original 360 camera module ကလွဲပြီး ထွက်မလာသေးပါဘူး။

အဲဒီဖုန်းဟာအခုဆိုရင် Android 8.1 Oreo ရနေပြီဆိုတော့ မိုက်ပါတယ်။ ဒါပေမယ့် stock Android experience ကတော့ လူတိုင်းမကြိုက်ပါဘူး။ သူ့ရဲ့ 13MP အနောက်ကင်မရာနှစ်လုံး ကတော့ အားနည်းချက်ဖြစ်နေပါတယ်။ original notch ဖုန်းဖြစ်နေလို့ စဉ်းစားပေးစေချင်ပါတယ်။

တကယ်တော့ ဘောင်မဲ့ဖုန်းတွေအကြောင်း ပြောရမယ်ဆိုရင် မိုးချုပ်သွားနိုင်ပါတယ်။ ဒီဆောင်းပါးလေးက သင့်အတွက် ရွေးချယ်မှုဘောင်ကျဉ်းသွားစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီဆောင်းပါးမှာ တခြားထပ်ထည့်ချင်တာများ ရှိနေဦးမလား။ လက်ရှိအသုံးပြုနေတဲ့ ဘောင်မဲ့ဖုန်းလေးက ဘာဖြစ်မလဲ။ ကွန်မန့်မှာ ဆွေးနွေးရအောင်။

Leave a Reply